Thursday, August 6, 2026

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...

ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တပ်မတော်၊မီးသတ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ...

ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ မြစ်ကျိုးအင်း သဲကြောမှ ရေအောက်လှိုင်ခင်းသည့် ထူးပေါက်မှု (Sand Boil/Piping) ကြောင့် တာတမံ နိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံး...

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ...

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen...

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်...

ဗန်ကောက်၊ ဩဂုတ် ၆ သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomeNewsLocal Newsကော်သူးလေးနယ်မြေရှိ ခရိုင်ငါးခုမှ စစ်ဘေးရှောင်...

ကော်သူးလေးနယ်မြေရှိ ခရိုင်ငါးခုမှ စစ်ဘေးရှောင် ငါးသောင်းကျော်ရှိ

(Unicode)

ကော်သူးလေးနယ်မြေရှိ ခရိုင်ငါးခုမှ စစ်ဘေးရှောင် ငါးသောင်းကျော်ရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကော်သူးလေးနယ်မြေရှိ ခရိုင်ငါးခုအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်တိုက်ပွဲဖြစ်နိုင်သည့် အခြေအနေများကြောင့် စစ်ဘေးရှောင်နေရသူဦးရေ ၅၀၀၀၀ ကျော်ရှိပြီဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီသူများနှင့် KNU မှထုတ်ပြန်ထားချက်အရ သိရသည်။

ဒူးသထူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်ထား ဝယ်ခရိုင်၊ မူတြော်ခရိုင်နှင့်ဒူးပလာယာခရိုင်တို့အတွင်း နေ့စဥ်နီးပါးဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယင်းခရိုင်များအတွင်းနေထိုင်သူများမှာ စစ်ဘေးရှောင်များအဖြစ်လွတ်ကင်းရာသို့ တိမ်း ရှောင်လျက်ရှိသည်။

“အဲဒီခရိုင် ငါးခုကဒေသခံတွေအများဆုံးစစ်ဘေးရှောင်အဖြစ်သွားတဲ့နေရာက အနီးစပ်ဆုံးထိုင်းနိုင် ငံဖက်ခြမ်းပါ တောထဲကိုလည်းသွားနေကြတဲ့လူတွေ သောင်ရင်းမြစ်တစ်လျှောက်မှာသွားနေကြတဲ့လူတွေလည်းရှိတယ်”ဟုစစ်ဘေးရှောင်ကူညီ သူတစ်ဦးကပြောသည်။

စစ်ဘေးရှောင်နေသူများတွင် ကလေးငယ်များနှင့်အသက်အရွယ်ကြီးသူများပါရှိသဖြင့် ကျန်းမာ ရေးအတွက် ဆေးဝါးပစ္စည်းများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

ထို့အတူ စောင်၊ခြင်ထောင်၊အနွေးထည်၊တာလ ပတ်စများ၊အဝတ်အထည်များမလုံလောက်သဖြင့် ရာသီဥတုအေးသည့်အချိန်တွင် မီးဖိုများပြု လုပ်၍ မီးလှုံနေရခြင်းများလည်းရှိကာ ရေအိမ်များအားစနစ်တကျဆောက်လုပ်ထားနိုင်ခြင်းမရှိသဖြင့် အခက်အခဲများလည်းဖြစ်ပေါ်လျက်ရှိသည်။

“ထိုင်းဖက်ကိုရောက်သွားတဲ့ စစ်ဘေးရှောင်တွေအတွက်ကတော့ သိပ်ပြဿနာမရှိပေမယ့် တောထဲမှာရှိတဲ့ စစ်ဘေးရှောင်တွေအတွက်ကတော့ အ ခက်အခဲတွေအများကြီးပေါ့”ဟုစစ်ဘေးရှောင်ကူ ညီသူတစ်ဦးကပြောသည်။

စစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်ရန် KNU လက်အောက်ခံ ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများကော်မတီ(CIDKP)မှလိုအပ်သည့်အကူ အညီများအား စီစဥ်ပေးလျက်ရှိသည်ဟု KNU မှထုတ်ပြန်ရေးသားထားသည်။

(Zawgyi)

ေကာ္သူးေလးနယ္ေျမရွိ ခ႐ိုင္ငါးခုမွ စစ္ေဘးေရွာင္ ငါးေသာင္းေက်ာ္ရွိ

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)၏ ေကာ္သူးေလးနယ္ေျမရွိ ခ႐ိုင္ငါးခုအတြင္း ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားႏွင့္တိုက္ပြဲျဖစ္ႏိုင္သည့္ အေျခအေနမ်ားေၾကာင့္ စစ္ေဘးေရွာင္ေနရသူဦးေရ ၅၀၀၀၀ ေက်ာ္ရွိၿပီျဖစ္သည္ဟု စစ္ေဘးေရွာင္ကူညီသူမ်ားႏွင့္ KNU မွထုတ္ျပန္ထားခ်က္အရ သိရသည္။

ဒူးသထူခ႐ိုင္၊ ေညာင္ေလးပင္ခ႐ိုင္၊ ဘိတ္ထား ဝယ္ခ႐ိုင္၊ မူေၾတာ္ခ႐ိုင္ႏွင့္ဒူးပလာယာခ႐ိုင္တို႔အတြင္း ေန႔စဥ္နီးပါးျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ ယင္းခ႐ိုင္မ်ားအတြင္းေနထိုင္သူမ်ားမွာ စစ္ေဘးေရွာင္မ်ားအျဖစ္လြတ္ကင္းရာသို႔ တိမ္း ေရွာင္လ်က္ရွိသည္။

“အဲဒီခ႐ိုင္ ငါးခုကေဒသခံေတြအမ်ားဆုံးစစ္ေဘးေရွာင္အျဖစ္သြားတဲ့ေနရာက အနီးစပ္ဆုံးထိုင္းႏိုင္ ငံဖက္ျခမ္းပါ ေတာထဲကိုလည္းသြားေနၾကတဲ့လူေတြ ေသာင္ရင္းျမစ္တစ္ေလွ်ာက္မွာသြားေနၾကတဲ့လူေတြလည္းရွိတယ္”ဟုစစ္ေဘးေရွာင္ကူညီ သူတစ္ဦးကေျပာသည္။

စစ္ေဘးေရွာင္ေနသူမ်ားတြင္ ကေလးငယ္မ်ားႏွင့္အသက္အ႐ြယ္ႀကီးသူမ်ားပါရွိသျဖင့္ က်န္းမာ ေရးအတြက္ ေဆးဝါးပစၥည္းမ်ားလည္း လိုအပ္လ်က္ရွိေၾကာင္း သိရသည္။

ထို႔အတူ ေစာင္၊ျခင္ေထာင္၊အေႏြးထည္၊တာလ ပတ္စမ်ား၊အဝတ္အထည္မ်ားမလုံေလာက္သျဖင့္ ရာသီဥတုေအးသည့္အခ်ိန္တြင္ မီးဖိုမ်ားျပဳ လုပ္၍ မီးလႈံေနရျခင္းမ်ားလည္းရွိကာ ေရအိမ္မ်ားအားစနစ္တက်ေဆာက္လုပ္ထားႏိုင္ျခင္းမရွိသျဖင့္ အခက္အခဲမ်ားလည္းျဖစ္ေပၚလ်က္ရွိသည္။

“ထိုင္းဖက္ကိုေရာက္သြားတဲ့ စစ္ေဘးေရွာင္ေတြအတြက္ကေတာ့ သိပ္ျပႆနာမရွိေပမယ့္ ေတာထဲမွာရွိတဲ့ စစ္ေဘးေရွာင္ေတြအတြက္ကေတာ့ အ ခက္အခဲေတြအမ်ားႀကီးေပါ့”ဟုစစ္ေဘးေရွာင္ကူ ညီသူတစ္ဦးကေျပာသည္။

စစ္ေဘးေရွာင္မ်ားအား ကူညီေစာင့္ေရွာက္ရန္ KNU လက္ေအာက္ခံ ကရင္ျပည္တြင္းေနရပ္စြန္႔ခြာသူမ်ားေကာ္မတီ(CIDKP)မွလိုအပ္သည့္အကူ အညီမ်ားအား စီစဥ္ေပးလ်က္ရွိသည္ဟု KNU မွထုတ္ျပန္ေရးသားထားသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071