Home News Local News ကော့သောင်းမြို့တွင် ကုန်သွယ်ရေးနှင့် နယ်စပ်ဂိတ်များကို တိုင်းလုံခြုံရေးဝန်ကြီး လာရောက်စစ်ဆေး

ကော့သောင်းမြို့တွင် ကုန်သွယ်ရေးနှင့် နယ်စပ်ဂိတ်များကို တိုင်းလုံခြုံရေးဝန်ကြီး လာရောက်စစ်ဆေး

0
98

ကော့သောင်း၊ ဇူလိုင်-၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ ကုန်သွယ်ရေးလုပ်ငန်းများနှင့် နယ်စပ်အဝင်အထွက်ဂိတ်များကို တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင်က ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့သို့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့က ရောက်ရှိလာသည့် တိုင်းလုံခြုံရေးဝန်ကြီးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒေသခံ တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေးအထူးအဖွဲ့နှင့် ညှိနှိုင်းအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း အေးရိပ်ငြိမ်ရပ်ကွက်ရှိ တော်ဝင်ဆိပ်ခံတံတားသို့ သွားရောက်ကာ ကုန်တင်သင်္ဘောများဖြင့် ကုန်စည်တင်သွင်း၊ တင်ပို့နေသည့် အခြေအနေများနှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများကို စစ်ဆေးခဲ့သည်။

ထို့ပြင် ရွှေဟင်္သာရပ်ကွက်ရှိ FOB စစ်ဆေးရေးစခန်းသို့လည်းကောင်း၊ အဏ္ဏဝါရပ်ကွက်ရှိ ကော့သောင်းမြို့ နယ်စပ်အဝင်/အထွက်ဂိတ်သို့လည်းကောင်း သွားရောက်ခဲ့ပြီး ကမ်းနီးကမ်းဝေး ငါးသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ပြည်တွင်းပြည်ပ ခရီးသွားများ ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ်ပြား (TBP) ဖြင့် ထိုင်းနိုင်ငံဘက်သို့ သွားလာနေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးအတွင်း တိုင်းလုံခြုံရေးဝန်ကြီးက ကော့သောင်းခရိုင်နှင့် မြို့နယ်အဆင့် တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေးအဖွဲ့ဝင်များအနေဖြင့် ဥပဒေနှင့်အညီ စိစစ်ကြပ်မတ်ရန်နှင့် တရားမဝင်ကုန်သွယ်မှုများမှတစ်ဆင့် တရားဝင်ကုန်သွယ်မှုများ ဖြစ်လာစေရေး ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here