ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးအဖွဲ့သည် အထူးဒေသ(၄)၏ ကျန်းမာရေးဦးစီးဌာနှင့်ပူးပေါင်း၍ ဇူလိုင် ၁၁ ရက်နှင့် ဇူလိုင် ၁၂ ရက်တို့က မိုင်းလားခရိုင်နှင့် ဆီလူးခရိုင်တို့၌ ဒေသခံများအားအခမဲ့ကျန်းမာရေးကွင်းဆင်းစစ်ဆေးကုသပေးခဲ့ကြကြောင်း သိရသည်။
အထူးကုဌာန(၁၀)ခုမှ ဆရာဝန်ကြီးများက ဒေသခံ (၂,၀၀၀)ဦးခန့်အားကုသမှုများပြုလုပ်ပေးခဲ့ကြပြီး မိုးရာသီတွင် အဖြစ်များသောရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းများကိုလည်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အထူးဒေသ(၄)အနေဖြင့် အခမဲ့ကွင်းဆင်းကုသပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာကူညီပံ့ပိုးမှုများကို ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေခံအဆင့် ကျန်းမာ ရေးဝန်ဆောင်မှုပေးခြင်းကိုလည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
