Monday, September 21, 2026

ဒူးမားလွှတ်တော်ရွေးကောက်ပွဲ မော်စကိုမြို့ရှိ မဲရုံများကို ပြည်သူ့လွှတ်တော်...

မော်စကို၊ စက်တင်ဘာ ၂၀ ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် စက်တင်ဘာ ၂၀ ရက်က ရုရှားနိုင်ငံ၏ ဒူးမားလွှတ်တော်ရွေးကောက်ပွဲ ကျင်းပလျက်ရှိသည့်...

ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်...

အန္တိမအဂ္ဂိဈာပနပူဇာသဘင်အတွက် အလှူငွေကျပ်သိန်း(၅၀၀)လှူဒါန်း ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က ဘဝနတ်ထံပျံလွန်တော်မူခဲ့သော ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၏ ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ဆရာတော်ကြီး၏...

ပြည်တွင်း/ပြည်ပသာသနာပြု မြန်မာဘာသာကျမ်းစာ (၃၄)အုပ်နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ(၁၀)အုပ်တို့ကိုရေးသားပြုစုတော်မူခဲ့သည့်...

ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအလောင်းလျာကို မြန် မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း(၈)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းမကျေးရွာ၌ ခမည်းတော် ဦးဖြူမင်း၊ မယ်တော်...

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင်...

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂...
HomeNewsLocal Newsကုန်သည်များအနေဖြင့် QR မျိုးစုံထားရှိရန်...

ကုန်သည်များအနေဖြင့် QR မျိုးစုံထားရှိရန် မလိုအပ်ဘဲ MMQR တစ်ခုတည်းကိုသာ အသုံးပြုနိုင်မည်

ကုန်သည်များအနေဖြင့် QR မျိုးစုံထားရှိရန် မလိုအပ်ဘဲ MMQR တစ်ခုတည်းဖြင့် Wallet အမျိုးမျိုးပေးခြင်းအား လက်ခံနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကောင်အထည်ဖော်လျက်ရှိသော National level Standard ဖြစ်သည့် MMQR ( Myanmar Quick Response) အသုံးပြုပြီး မတူညီသည့် ဒစ်ဂျစ်တယ် ငွေပေးချေမှုများကို အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်သည့် Digital Payment Switch ၏ ဆောင်ရွက်နိုင်ခြင်းဆိုင်ရာ အသိပညာပေးခြင်း အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

MMQR အသုံးပြုခြင်းဖြင့်မည်သည့် Mobile Wallet (မိုဘိုင်းပိုက်ဆံအိတ်) ကိုမဆို အပြန်အလှန် ချိတ်ဆက်ပေးချေနိုင်သည့် လုံခြုံ၍ စွမ်းရည် ပြည့်ဝသောငွေပေးချေမှုစနစ် တစ်ရပ်ပေါ်ပေါက်လာမည်ဖြစ်ပြီး ငွေသားကိုင်တွယ်သုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အသုံးပြုသူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ Wallet တစ်ခုတည်းကိုသာအသုံးပြု၍ ကုန်သည်များအား ပေးချေနိုင်ခြင်း၊ ကုန်သည်များအနေဖြင့်လည်း QR မျိုးစုံထားရှိရန် မလိုအပ်ဘဲ MMQR တစ်ခုတည်းဖြင့် Wallet အမျိုးမျိုးပေးခြင်းအား လက်ခံနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်ပခရီးသွားများအတွက် ငွေသယ်ယူရန်မလိုအပ်ဘဲ MMQR ဖြင့် ပြည်တွင်း၌ သုံးစွဲနိုင်ရေး အတွက် အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ချိတ်ဆက်နိုင်ရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Digital Payment Switch (MMQR) ၏ လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကိုလည်းကောင်း၊ MMQR အသုံးပြုခြင်းဖြင့် ကုန်သည်လုပ်ငန်းရှင်ကြီးများရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ သိရှိရမည့်အချက်များနှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို အစည်းအဝေးတတ်ရောက်လာသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒူးမားလွှတ်တော်ရွေးကောက်ပွဲ မော်စကိုမြို့ရှိ မဲရုံများကို ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ကြည့်ရှုလေ့လာ

မော်စကို၊ စက်တင်ဘာ ၂၀ ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် စက်တင်ဘာ ၂၀ ရက်က ရုရှားနိုင်ငံ၏ ဒူးမားလွှတ်တော်ရွေးကောက်ပွဲ ကျင်းပလျက်ရှိသည့် မော်စကိုမြို့ရှိ မဲရုံများသို့ သွားရောက်၍ မဲပေးမှုလုပ်ငန်းစဉ်များကို ကြည့်ရှုလေ့လာခဲ့သည်။ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌသည် အာဘတ်မြို့နယ်ရှိ အနုပညာရှင်များစုဝေးရာ ကဇာတ်ရုံ၌ ဖွင့်လှစ်ထားသည့် မဲရုံ၊ ဟာမောဗညီးကီးမြို့နယ်ရှိ သိပ္ပံပညာရှင်များဆုံစည်းရာအိမ်၌ ဖွင့်လှစ်ထားသည့် မဲရုံ၊ ယာကီမန်းကာမြို့နယ် အစိုးရစုပေါင်းရုံးရှိ မဲရုံ၊ အာချာကောဗာမြို့နယ် ဈေးဝယ်စင်တာနှင့် အနားယူအပန်းဖြေရာနေရာရှိ မဲရုံနှင့် ဒါရာဂါမီးလာဗာမြို့နယ် ယီဗရောပြဲစကီးယီကုန်တိုက်ရှိ အစိုးရစုပေါင်းရုံး၌ ဖွင့်လှစ်ထားသည့်...

ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဖူးမြှော်ကြည်ညို

အန္တိမအဂ္ဂိဈာပနပူဇာသဘင်အတွက် အလှူငွေကျပ်သိန်း(၅၀၀)လှူဒါန်း ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က ဘဝနတ်ထံပျံလွန်တော်မူခဲ့သော ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၏ ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ယနေ့ စက်တင်ဘာ ၂၀ ရက်နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့က ဖူးမြှော်ကြည်ညိုခဲ့ကြသည်။ ထို့ပြင် ချမ်းမြေ့ရိပ်သာများ၏ ပဓာနနာယက ဆရာ တော်ဘုရားကြီးအမှူးပြုသည့် ဆရာတော်ကြီးများအားဖူမြော်ကြည်ညိုရာ ဗဟန်းမြို့နယ်၊ တိပိဋက မဟာဝိသုဒ္ဓါရုံကျောင်း၊ တိုက်အုပ်ဆရာတော်က ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်ကျင်းပမည့် အစီအစဉ်လျာထားမှုကိုရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတက ယခုကဲ့သို့ ပြည်တွင်း/ပြည်ပသာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံသာသနာ့တာဝန်များဆောင်ရွက်လျက်ရှိသည့် သာသနာ့အာဇာနည်ဆရာတော်ကြီးတစ်ပါးဆုံးရှုံးရခြင်းကြောင့်...

ပြည်တွင်း/ပြည်ပသာသနာပြု မြန်မာဘာသာကျမ်းစာ (၃၄)အုပ်နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ(၁၀)အုပ်တို့ကိုရေးသားပြုစုတော်မူခဲ့သည့် ချမ်းမြေ့ဆရာတော်ကြီး၏ ထေရုပ္ပတ္တိတော်

ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအလောင်းလျာကို မြန် မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း(၈)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းမကျေးရွာ၌ ခမည်းတော် ဦးဖြူမင်း၊ မယ်တော် ဒေါ်ရွှေရည်တို့မှဖွားမြင်တော်မူခဲ့သည်။ ၁၃၀၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်တွင် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းဆရာတော် ဘဒ္ဒန္တမာလာဝံသကို ဥပဇ္ဈယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်ရောက်ရှိခဲ့ပြီး ၁၃၀၉ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၅ ရက်တွင် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းတိုက်၊ ခဏ္ဍသိမ်၌ ဆရာတော် ဘဒ္ဒန္တပဒုမကို ဥပဇ္ဈယ်ပြု၍ တောင်တွင်းကြီးမြို့၊ ရွှေအိုးရပ်၊ ကုန်သည်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071