လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည့် ကိုရင်ငယ်တစ်ပါးအား အချက်ပေါင်းများစွာရို-က်နှက်ခဲ့သည့် ဦးဇင်းအား သံဃာ့နာယက ဆရာတော်များ စစ်ဆေးနေကြောင်း သိရသည်။
အဆိုပါ ဦးဇင်းသည် မြိတ်မြို့၊ ကျောက်ဖြူတောင်၊ ပဋိပတ္တိတောရကျောင်းတွင် သတင်းသုံးနေသည့် ဘွဲ့အမည် ဦးတေဇဟု သိရသည်။
လူမှုကွန်ရက်တွင် တွေ့ရှိခဲ့သော ရုပ်သံအရ ဦးဇင်းတစ်ပါးမှ ကိုရင်ငယ်တစ်ပါးကို ပြင်းထန်စွာ အဆက်မပြတ်ရို-က်နှက်နေသည်ကို တွေ့ရသည်။
ထို့ကြောင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် သံဃာအဖွဲ့အစည်းမှ အရေးယူမှုပြုနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။
“မနက်ဖြန် (၁၂) နာရီမတိုင်ခင်မှာ အားလုံးက စီစဉ်ပြီးသားဖြစ်သွားမှာပါ။ အရေးယူနိုင်အောင်လည်း စီစဉ်ဆောင်ရွက်နေပါပြီ” ဟု ပါဝင်ဆောင်ရွက်နေသည့် သံဃာတစ်ပါးကလည်း မိန့်သည်။
လက်ရှိအချိန်တွင် အဆိုပါ ဆရာတော်အား သက်ဆိုင်ရာမြို့နယ် သံဃာ့နာယကအဖွဲ့က ခေါ်ယူစစ်ဆေးနေဆဲ ဖြစ်သည်။
ဓာတ်ပုံ- လူမှုကွန်ရက်
