Wednesday, April 22, 2026

Naypyitaw State Academy ကို...

Naypyitaw State Academy ကို သုတေသနရှေ့ပြေးတက္ကသိုလ်အဖြစ် ထူထောင်ရေး ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်က လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းသို့ ကြည့်ရှူစစ်ဆေးရာ၌...

ကိုရင်ငယ်အား ရို-က်နှက်ခဲ့သည့် ဦးဇင်းအား သံဃာ့နာယကဆရာတော်များ...

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည့် ကိုရင်ငယ်တစ်ပါးအား အချက်ပေါင်းများစွာရို-က်နှက်ခဲ့သည့် ဦးဇင်းအား သံဃာ့နာယက ဆရာတော်များ စစ်ဆေးနေကြောင်း သိရသည်။ အဆိုပါ ဦးဇင်းသည် မြိတ်မြို့၊ ကျောက်ဖြူတောင်၊ ပဋိပတ္တိတောရကျောင်းတွင်...

ဟုမ္မလင်း မြို့မဘုန်းကြီး‌ကျောင်းဆိပ်ကမ်းအနီး ကုန်တင်ရေယာဉ်များ မီးလေ-ာင်မှုမှ...

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်မြို့မဘုန်းကြီး‌ကျောင်း ဆိပ်ကမ်းအနီး ချင်းတွင်းမြစ်အတွ င်းဆိုက်ကပ်ထားသည့် "နိုင်ရတနာဝင်း" ဖလက်ကုန်တင်‌ မော်တော်ရေယာဥ်ပေါက်ကွဲ၍ မီးလေ-ာင်ကျွမ်းဒ-ဏ်ရာရသူများကိုဧပြီလ (၂၁) ရက် ၊...

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီက အပြည့်အဝထောက်ခံအားပေးကူညီမည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (NSPNC) ၏ NCA သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးတို့အတွက် ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီက အပြည့်အဝထောက်ခံအားပေးကူညီသွားမည်ဟု ယနေ့...
HomeNewsLocal Newsဗဟိုဘဏ်က ဘဏ်လုပ်ငန်းကဏ္ဍနှင့် ကျပ်ငွေတန်ဖိုးတည်ငြိမ်ရေးတို့ကို...

ဗဟိုဘဏ်က ဘဏ်လုပ်ငန်းကဏ္ဍနှင့် ကျပ်ငွေတန်ဖိုးတည်ငြိမ်ရေးတို့ကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး MSME ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည်

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းလမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဌာနအလိုက် ဆောင်ရွက်မည့်အစီအစဉ်များ ရှင်းလင်းခြင်းအခမ်းအနားကို ဧပြီ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော် ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးနှင့် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးဇော်မြင့်နိုင်၊ ဦးသက်ထွန်းအောင်၊ ဒေါက်တာစန္ဒာဦးတို့နှင့်အတူ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်လျှောက်လှမ်းနေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံ့စီးပွားရေး တိုးတက်စေရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားကာ ချေးငွေထောက်ပံ့မှုများကို မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ဆက်လက်ပေးအပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ငွေကြေးတည်ငြိမ်ရေး၊ ဘဏ်လုပ်ငန်းကဏ္ဍတည်ငြိမ်ရေးနှင့် ကျပ်ငွေတန်ဖိုးတည်ငြိမ်ရေးတို့ကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချနိုင်ရန် သင့်လျော်သော ငွေကြေးမူဝါဒများကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ရေးအတွက်လည်း နိုင်ငံခြားမှ လုပ်သားငွေလွှဲဝင်ငွေများကို တရားဝင်ဘဏ်လမ်းကြောင်းမှ ဝင်ရောက်လာစေရေးအားပေးခြင်းနှင့် လိုအပ်သည့်အချိန်တွင် ဗဟိုဘဏ်မှ ဈေးကွက်သို့ နိုင်ငံခြားငွေ ရောင်းချပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့အစည်းများဖြစ်သည့် အာဆီယံ၊ SEACEN နှင့် ACU အစည်းအဝေးများတွင် ဆက်လက်ပါဝင်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါရှင်းလင်းပွဲသည် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ဌာနအလိုက် ပူးပေါင်းဆောင်ရွက်ရေးကို အားဖြည့်ပေးမည့် အရေးပါသော အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Naypyitaw State Academy ကို သုတေသနရှေ့ပြေးတက္ကသိုလ်အဖြစ် ထူထောင်ရေး ပြင်ဆင်

Naypyitaw State Academy ကို သုတေသနရှေ့ပြေးတက္ကသိုလ်အဖြစ် ထူထောင်ရေး ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်က လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းသို့ ကြည့်ရှူစစ်ဆေးရာ၌ ပြည်ထောင်စုဝန်ကြီးက အကောင်အထည်ဖော်ရမည့် ကိစ္စရပ်များကို လာရောက်လေ့လာခြင်းဖြစ်ကာ Naypyitaw State Academy သည် နိုင်ငံ့ဦးဆောင်တက္ကသိုလ်တစ်ခုဖြစ်သည့် အားလျော်စွာ ရှေ့ပြေး Pilot Project များကို အမြဲတမ်းပါဝင်ဆောင်ရွက်ရမည် ဖြစ်သည်ဟုလည်း ဆိုသည်။ ထို့အတူ Naypyitaw State Academy၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် Centre for Research and...

ကိုရင်ငယ်အား ရို-က်နှက်ခဲ့သည့် ဦးဇင်းအား သံဃာ့နာယကဆရာတော်များ စစ်ဆေးနေ

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည့် ကိုရင်ငယ်တစ်ပါးအား အချက်ပေါင်းများစွာရို-က်နှက်ခဲ့သည့် ဦးဇင်းအား သံဃာ့နာယက ဆရာတော်များ စစ်ဆေးနေကြောင်း သိရသည်။ အဆိုပါ ဦးဇင်းသည် မြိတ်မြို့၊ ကျောက်ဖြူတောင်၊ ပဋိပတ္တိတောရကျောင်းတွင် သတင်းသုံးနေသည့် ဘွဲ့အမည် ဦးတေဇဟု သိရသည်။ လူမှုကွန်ရက်တွင် တွေ့ရှိခဲ့သော ရုပ်သံအရ ဦးဇင်းတစ်ပါးမှ ကိုရင်ငယ်တစ်ပါးကို ပြင်းထန်စွာ အဆက်မပြတ်ရို-က်နှက်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် သံဃာအဖွဲ့အစည်းမှ အရေးယူမှုပြုနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ "မနက်ဖြန် (၁၂) နာရီမတိုင်ခင်မှာ အားလုံးက စီစဉ်ပြီးသားဖြစ်သွားမှာပါ။ အရေးယူနိုင်အောင်လည်း စီစဉ်ဆောင်ရွက်နေပါပြီ" ဟု ပါဝင်ဆောင်ရွက်နေသည့် သံဃာတစ်ပါးကလည်း မိန့်သည်။ လက်ရှိအချိန်တွင်...

ဟုမ္မလင်း မြို့မဘုန်းကြီး‌ကျောင်းဆိပ်ကမ်းအနီး ကုန်တင်ရေယာဉ်များ မီးလေ-ာင်မှုမှ ဒ-ဏ်ရာရသူများကို ထောက်ပံ့ငွေများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်မြို့မဘုန်းကြီး‌ကျောင်း ဆိပ်ကမ်းအနီး ချင်းတွင်းမြစ်အတွ င်းဆိုက်ကပ်ထားသည့် "နိုင်ရတနာဝင်း" ဖလက်ကုန်တင်‌ မော်တော်ရေယာဥ်ပေါက်ကွဲ၍ မီးလေ-ာင်ကျွမ်းဒ-ဏ်ရာရသူများကိုဧပြီလ (၂၁) ရက် ၊ နေ့လယ် (၃) နာရီက ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ ဧပြီလ (၂၀) ရက် ၊ ညနေပိုင်းက ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီး‌ ကျောင်းဆိပ်ကမ်းအနီး ချင်းတွင်းမြစ်အတွင်း ဆိုက်ကပ်ထားသည့် "နိုင်ရတနာဝင်း" ဖလက်ကုန်တင်‌မော်တော်ရေယာဥ်‌ ပေါ-က်ကွဲပြီး မော်တော်ရေယာဉ် (၁၀) စီး မီးကူးစက်လေ-ာင်ကျွမ်းရာ‌ ဟုမ္မလင်းမြို့ ကုတင် (၁၀၀) ဆံ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071