Sunday, May 3, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeNewsLiterature Newsကာတွန်းရေးဆွဲတဲ့အခါ မိမိချစ်တဲ့သူကို သာစေ၊...

ကာတွန်းရေးဆွဲတဲ့အခါ မိမိချစ်တဲ့သူကို သာစေ၊ မိမိမုန်းတဲ့ သူကို နာစေဆိုပြီး မရေးရဘူး ကာတွန်းရွှေမင်းသား

shwe min thar a

ကာတွန်းပုံကောင်းတစ်ပုံထွက်ဖို့ဆိုတာက ကာတွန်းဆရာရဲ့ စိတ်ကူးဥာဏ်ကွန့်မြူးမှု အနေအထားလည်း လိုအပ်သလို ကာတွန်းပုံ ရဲ့ ရေးဆွဲမှုအပိုင်းလည်း လိုအပ်တယ်လို့ ပြောလာသူကတော့ ဝါရင့် ကာတွန်းဆရာကြီး ကာတွန်းရွှေမင်းသားပဲဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ် ကျောင်းသားဘဝ အရွယ်ကတည်းက ဝါသနာပါရာ ပန်းချီအခြေခံ သင်ယူရင်းနဲ့ ဆရာဦးဖေသိန်း၊ ဆရာဦးအောင်ရှိန်တို့ဆီမှာ ကာတွန်းပညာသင်ယူရင်း ဒီနေ့အချိန်ထိ ကာတွန်းလောကမှာ အောင်မြင်စွာ ရပ်တည်နေတဲ့ ကာတွန်း ရွှေမင်းသားက …

” ကာတွန်းပုံတစ်ပုံရေးတယ်။ စိတ်ကူးတစ်ခုထုတ်တယ်ဆိုရင် အနည်းဆုံးညီမျှမှုက ၁ဝဝ ရာခိုင် နှုန်းရှိရမယ်။ အဲဒီတော့ စိတ်ကူး က ၅ဝ ရာခိုင်နှုန်း၊ ပုံက ၅ဝ ရာခိုင်နှုန်း ဆို ရင် ကြည့်ကောင်းတာပေါ့။ စိတ်ကူးက ၈ဝ ရာခိုင်နှုန်းဖြစ်နေပြီး ပုံက ၂ဝ ရာခိုင်နှုန်းလောက်ပဲ ရေးနိုင်မယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး”လို့ ပြောပါတယ်။ ဆရာရွှေမင်းသားက ကာတွန်း မရေးဆွဲမီက ပန်းချီပညာကို စတင်သင်ယူခဲ့တယ်လို့လည်း သိရပါတယ်။ ပန်းချီသင်ယူခဲ့မှုက ကာတွန်းအတွက် အထောက်အပံ့ ဖြစ်စေခဲ့မှုအပိုင်းကို မေးကြည့်ရာမှာ တော့ ဆရာရွှေမင်းသားက …

” ပူလစ်ဇာဆုရကာတွန်းများကို ကြည့်ဖြစ်တယ်။ အရမ်းသဘော ကျတယ်။ အဲဒီမှာ အဖြေဘာသွားရသလဲဆိုတော့ ပူလစ်ဇာဆုရ ကာတွန်းတွေက ကမ္ဘာကျော်ကာတွန်းတွေဖြစ်တယ်။ သူတို့ဟာ ပန်းချီ ပညာကို ပြည့်ပြည့်ဝဝတတ်ပြီးကာမှ ကာတွန်းရေးဆွဲကြတာ သွားတွေ့ တယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် ဆုံးမတယ်။ ဘာမှမင်းမတတ် သေးဘူး။ ပန်းချီကျောင်းသွားတက်ပေါ့။ ၁၉၆၇ ခုနှစ်မှာ ပန်းချီကျောင်း တက်ပြီး ၁၉၇ဝခုနှစ်မှာ ပန်းချီကျောင်းဆင်းခဲ့တယ်။ အဲဒီတော့မှ ပန်းချီနဲ့ ပတ်သက်တဲ့ တကယ့်လိုအပ်ချက်တွေ အပြည့်အစုံကို နားလည် သဘောပေါက်ပြီး ရေးတတ်သွားတာ။ တကယ့်ကမ္ဘာကျော်တဲ့ ကာတွန်း ဆရာများ ဟာလည်း ပန်းချီတတ်ပြီးမှ ကာတွန်းရေးဆွဲကြတာပါ။ ပန်းချီတတ်ပြီးမှ ကာတွန်းရေးဆွဲတာ ပိုကောင်းတယ်” လို့ ဆရာရွှေ မင်းသားက ပန်းချီက ကာတွန်းရေးဆွဲမှုအပိုင်း အထောက်အကူပြုမှုကို ပြောပြပါတယ်။ ခေတ်အခြေအနေအရပ်ရပ်ကို ဖြတ်သန်းခဲ့တဲ့ ကာတွန်း ရွှေမင်းသားက ဒီနေ့ခေတ်မှာတော့ စာပေစိစစ်ရေးမရှိတော့တဲ့အတွက် ရေးဆွဲလို့ကောင်းလာတယ်လို့လည်း ပြောပါတယ်။

သတင်းစာတွေ၊ ဂျာနယ်တွေ အခုလို လွတ်လွတ်လပ်လပ်ရေးလို့ရ တယ်။ ဒါပေမဲ့တစ်ခုရှိတာက ကိုယ်ယူဆတဲ့ အကြောင်းအရာဟာ နိုင်ငံ ရေးနဲ့ ပတ်သက်ရင်တော့ သတိထားရမယ်။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာဟာ ပြည်သူနဲ့ တစ်သားတည်းကျရဲ့လားဆိုတာ ကိုယ်က စဉ်းစားရမယ်။ ပြည်သူ့နဲ့ တစ်သားတည်း မကျရင်တော့ ဒီကာတွန်း မရေးနဲ့။ အလကားပဲ။ ကန့်လန့်တိုက်မယ်ဆိုရင်တော့ မရေးဆွဲနဲ့။ ကာတွန်းဆိုတာက သူများကို စော်ကားဖို့မှ မဟုတ်တာ။ ဘေးရန် ကင်းကင်းလေးနဲ့ အကြောင်းအရာ လေးပေါ်မှာပဲ အသိပေး၊ သတိပေး တဲ့အနေနဲ့ ရေးဆွဲသင့်တယ်။ မိမိချစ်တဲ့သူကို သာစေ၊ မိမိ မုန်းတဲ့သူကို နာစေဆိုတဲ့ စိတ်သဘောထား မထားရဘူး။ ကာတွန်း ဆရာက အဲဒီလမ်းပေါ်မှာ လျှောက်ရတာ။ မုန်းသူကို မနာစေရ။ ချစ်သူကို မသာစေရ။ ဒီဆောင်ပုဒ်လေးနဲ့သွားမှ ကာတွန်းဆရာက ရေရှည်မြဲမှာ” လို့ ဆရာရွှေမင်းသားက သူ့အမြင်ကိုပြောပြခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071