Thursday, May 7, 2026

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ်...

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ဗီယက်နမ်အသင်းတို့...

မြန်မာအသင်းဟာ အုပ်စုတွင်း ရှုံးပွဲနှစ်ပွဲ ကြုံတွေ့ထားရပေမယ့် အရှေ့တောင်အာရှပြိုင်ဘက်ဟောင်း ဗီယက်နမ်အ သင်းနဲ့  ဒီကနေ့ မေ (၇)ရက် ညနေ (၄) နာ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကော့ကရိတ်မြို့နယ် ၌...

လာမည့် ဇွန်လတွင်စတင်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အ ခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများ၊ အချိန်ကြာမြင့်စွာဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများတွင် ပျက်စီးမှုများ၊...

“အဂတိနှင့် မဆင်မခြင်စီမံမှုကြောင့် နိုင်ငံတော် ဘီလီယံချီဆုံးရှုံးခဲ့ဟု...

ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလအ တွင်း နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့်တာဝန်ရှိသူ များ၏ မဆင်မခြင်မှုများကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ(၁၃)သန်းကျော်နှင့် ငွေကျပ်(၂၂၆)ဘီလီယံကျော်ဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံတော်သမ္မတက မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း...
HomeMyanmar Theatrical Traditionကရင်ပြည်နယ်ရှိ သဘင်အနုပညာရှင်များအား ထူးချွန်ဆုများ...

ကရင်ပြည်နယ်ရှိ သဘင်အနုပညာရှင်များအား ထူးချွန်ဆုများ ချီးမြှင့်

ကရင်ပြည်နယ်အတွင်းရှိ ဇာတ်သဘင်အနုပညာရှင်များအတွက် သဘင်ထူးချွန်ဆုချီးမြှင့်ပွဲကို မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၏ အသိအမှတ်ပြုမှုဖြင့် ကရင်ပြည်နယ် သဘင်အစည်းအရုံးမှ ဦးစီးဦးဆောင်ပြုကာ မေလ ၅ ရက်နေ့က ဘားအံမြို့၊ ချစ်သူမြိုင်ပန်းခြံတွင် ကျင်းပခဲ့ပြုလုပ်ခဲ့သည်။ ထူးချွန်ဆုချီးမြှင့်ပွဲဖြစ်မြောက်ရေးအတွက် ကရင်ပြည်နယ် သဘင်နာယကကြီး ဗိုလ်မှူးစောချစ်သူက အဓိက ကူညီပံ့ပိုးပေးခြင်းဖြစ်ပြီး ကရင်ပြည်နယ်အတွင်းရှိ ဇာတ်သဘင်အဖွဲ့များသည် ကရင်ဘာသာစကားပြောဖြင့် သီဆိုကပြကြခြင်းဖြစ်ရာ ထူးချွန်ဆုချီးမြှင့်နိုင်ရန်အတွက် ဇာတ်သဘင်အဖွဲ့များ ကပြဖျော်ဖြေရာသို့ လိုက်လံ၍ ဗီဒီယိုမှတ်တမ်းရယူကာ အကဲဖြတ်အဖွဲ့ ဖွဲ့စည်းလျက် ဆုံးဖြတ် ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ၂ဝ၁၇ခုနှစ်၊ ၂ဝ၁၈ ခုနှစ် ကရင်ပြည်နယ် သဘင်ထူးချွန်ဆုရရှိသော သဘင်အနုပညာရှင်များမှာ အကောင်းဆုံး ဇာတ်သဘင်အဖွဲ့ လိုက်ထူးချွန်ဆု – ဘားအဲဖလုံ ဇာတ်အဖွဲ့၊ အကောင်းဆုံး စွယ်စုံမင်းသား ထူးချွန်ဆု – စဟိလာလျားဖောင် (ဘားအဲဖလုံ ဇာတ်အဖွဲ့)၊ အကောင်းဆုံးစွယ်စုံမင်းသမီးထူးချွန်ဆု – သာအဲချိန့် (ဘားအဲဖလုံ ဇာတ်အဖွဲ့)၊ အကောင်းဆုံး ဒါရိုက်တာ ထူးချွန်ဆု – ဦးအဂဲ (စေလောင်အဲဖောင် ဇာတ်အဖွဲ့)၊ အကောင်းဆုံး ပံ့ပိုးအတီး အဖွဲ့လိုက်ထူးချွန်ဆု – စေလောင်အဲဖောင် ဇာတ်အဖွဲ့၊ အကောင်းဆုံး ပံ့ပိုးအပို (မြန်မာဘာသာ)ထူးချွန်ဆု – အေးအေးခိုင် (ယှူးခလိန်းဖောင် ဇာတ်အဖွဲ့)၊ အကောင်းဆုံး ပံ့ပိုးအဆို (ကရင်ဘာသာ)ထူးချွန်ဆု – နန်းအေးအေးအောင် (ဖလုံစေကျန် ကျန် ဇာတ်အဖွဲ့)၊ အကောင်းဆုံး လူရွှင်တော်အဖွဲ့လိုက်ထူးချွန်ဆု – အဲသမော့ရှုးခလိန်း ဇာတ်အဖွဲက၊ အကောင်းဆုံး သဘင်လုပ်သားဆု- ခွန်Óဏ်ဝင်း (ဘားအံဖလုံ ဇာတ် အဖွဲ့)၊ အကောင်းဆုံး လူမှုစိတ်ဓာတ် ထူးချွန်ဆု – ဒေါ်နန်းသန်းသန်းရင် (အဲသမော့ရှုးခလိန်း ဇာတ်အဖွဲ့ တည်ထောင်သူ)၊ အကောင်းဆုံး စတိတ်ပိုင်းဆိုင်ရာ ထူးချွန်ဆု – တပလားဖိုးကျော် ဇာတ်အဖွဲ့၊ အကောင်းဆုံး အမျိုးသား အကထူးချွန်ဆု – ဒုံရောင်ဖိုးကျော် (ဒုံရောင်ဖိုးကျော်ဇာတ်အဖွဲ့)၊ အကောင်းဆုံး အမျိုးသမီး အကထူးချွန်ဆု – တကော်အွာ (ဒုံရောင် ဖိုးကျော် ဇာတ်အဖွဲ့)၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု – သင့်ဝင်အွာ (နအီးညွန့် – ရှားယွန့်ဝေါ်အွာ ဇာတ်အဖွဲ့)၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု – နန်းမြသင်းနွယ် (စေလောင်အဲဖောင် ဇာတ်အဖွဲ့)၊ အကောင်းဆုံး အမျိုးသားပြဇာတ်ဇာတ်ဆောင်ဆု – တိုင်ဝီရှူး (ဖလုံစေကျန်ကျန် ဇာတ်အဖွဲ့)၊ အကောင်းဆုံး အမျိုးသမီး ပြဇာတ်ဇာတ်ဆောင်ဆု – အဲရှူးဖေါ့ (ဖလုံစေကျန်ကျန် ဇာတ်အဖွဲ့)၊ အကောင်းဆုံး နောက်ပိုင်းမင်းသမီး ထူးချွန်ဆု – နန်းဖေါ့နီမု (စဟိလာလျားဖောင် ဇာတ်အဖွဲ့)၊ အကောင်းဆုံး နောက်ပိုင်းမင်းသားထူးချွန်ဆု – ကျော်ရှားအွာ (ဘားအဲဖလုံ ဇာတ်အဖွဲ့)တို့ဖြစ်ပြီး အဆိုပါ ထူးချွန်ဆုများအပြင် ကရင်ပြည်နယ် ဂုဏ်ဆောင်သဘင်အနုသုခုမပညာရှင် ဂုဏ်ပြုဆုများကို (၁) ဦးစိန်မာဒင်၊ (၂) ဦးအုန်းမှုတ်စိန်၊ (၃) ဦးကျဝ်လိတ်သိင့်၊ (၄) ဦးကျဝ်လေးတို့အား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071