Tuesday, June 16, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တီအန်မန်ရင်ပြင်ရှိ သူရဲကောင်းစစ်သည်ဗိမာန်၌...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၆ ရက် မွန်းလွဲပိုင်းက တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ...

မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၌ ဝါဆိုခြင်းအလှခတ်ပွဲတော် စတင်...

မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၌ (၉၈)ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ပွဲတော်ကို ယနေ့ (ဇွန် ၁၆)၌ စတင်ကျင်းပသည်။ ဝါဆိုခြင်းအလှခတ်ပွဲတော်၌ မြန်မာနိုင်ငံဒေသအသီးသီးမှ ရိုးရာခြင်းအသင်းပေါင်း ၉၀၀ ပါဝင် ခတ်ကစားကြမည်ဖြစ်ကာ...

မြန်မာ-တရုတ် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန်...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၆...

ကချင်ပြည်နယ်တွင် လျှပ်စစ်ဝန်ဆောင်မှု အရည်အသွေးမြှင့်တင်နိုင်ရန် ဆောင်ရွက်မည်

ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို ပိုမိုတည်ငြိမ်ကောင်းမွန်လာစေရေးနှင့် ပြည်သူများအတွက် ပိုမိုအဆင်ပြေသည့် လျှပ်စစ်ဝန်ဆောင်မှုများ ပေးနိုင်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဟု လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး...
HomeMoviesကချင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးဆောင်ရွက်နိုင်ရေး...

ကချင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆို လွှတ်တော်တွင် အတည်ပြု

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ ကို ယမန်နေ့ ဇွန် လ ၁၅ ရက်နေ့ က ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေး ဒုတိယနေ့တွင် မိုးကောင်းမြို့နယ်မဲဆန္ဒနယ်၊ ကိုယ် စားလှယ်အမှတ် (၁) ဦးနေလင်းစိုး တင်သွင်းခဲ့သော တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများ ရပ်စဲစေလိုခြင်းနှင့် ကချင်ပြည်နယ်တွင်လည်း အပစ်အခတ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ၅ ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ထောက်ခံကြောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။

ထိုနောက် လွှတ်တော်၏အဆုံးအဖြတ်ရယူ၍ လွှတ်တော်က ယင်းအဆိုအား အတည်ပြုကြောင်း ဆုံး ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တီအန်မန်ရင်ပြင်ရှိ သူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူ့ပန်းခွေချ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၆ ရက် မွန်းလွဲပိုင်းက တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ တီအန်မန်ရင်ပြင် (Tiananmen Square) သို့ သွားရောက်ကာ ပြည်သူ့သူရဲကောင်းများ အထိမ်းအမှတ်ဗိမာန် (Monument to the People's Heroes) ၌ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတသည် လွမ်းသူ့ပန်းခွေချပြီးနောက် တရုတ်နိုင်ငံ၏ လွတ်လပ်ရေး၊ တော်လှန်ရေးနှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များအတွင်း အသက်ပေးလှူခဲ့ကြသည့် သူရဲကောင်းများအား ဂုဏ်ပြုအလေးပြုခဲ့ကြောင်း သိရသည်။ ပြည်သူ့သူရဲကောင်းများ...

မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၌ ဝါဆိုခြင်းအလှခတ်ပွဲတော် စတင် ကျင်းပ

မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၌ (၉၈)ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ပွဲတော်ကို ယနေ့ (ဇွန် ၁၆)၌ စတင်ကျင်းပသည်။ ဝါဆိုခြင်းအလှခတ်ပွဲတော်၌ မြန်မာနိုင်ငံဒေသအသီးသီးမှ ရိုးရာခြင်းအသင်းပေါင်း ၉၀၀ ပါဝင် ခတ်ကစားကြမည်ဖြစ်ကာ ၄၅ရက်တိုင်တိုင် ခြင်းခတ်ကစားကြမည်ဖြစ်ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားကို နံနက် ၈နာရီခွဲအချိန်က မဟာမုနိဂေါပကအဖွဲ့ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ယင်းပွဲတော်ကို နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ရိုးရာခြင်းခတ်ပညာ အားကစားကို မြတ်မြတ်နိုးနိုးတန်ဖိုးထားစေရန်နှင့် မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားနည်း မတိမ်ကော မပပျောက်အောင်ထိန်းသိမ်းရန် ရည်ရွယ်၍ ကျင်းပခြင်းလည်းဖြစ်သည်။ ဓာတ်ပုံ- မန္တလေးကွန်ယက်

မြန်မာ-တရုတ် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် နိုင်ငံတော်သမ္မတနှင့် တရုတ်ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၆ ရက် ညနေပိုင်းက တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီချန်း (Li Qiang) အား လက်ခံတွေ့ဆုံကာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ပေါက်ဖော်ချစ်ကြည်ရေးနှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။ မစ္စတာ လီချန်းသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071