Home News Local News မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၌ ဝါဆိုခြင်းအလှခတ်ပွဲတော် စတင် ကျင်းပ

မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၌ ဝါဆိုခြင်းအလှခတ်ပွဲတော် စတင် ကျင်းပ

0
80

မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၌ (၉၈)ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ပွဲတော်ကို ယနေ့ (ဇွန် ၁၆)၌ စတင်ကျင်းပသည်။

ဝါဆိုခြင်းအလှခတ်ပွဲတော်၌ မြန်မာနိုင်ငံဒေသအသီးသီးမှ ရိုးရာခြင်းအသင်းပေါင်း ၉၀၀ ပါဝင် ခတ်ကစားကြမည်ဖြစ်ကာ ၄၅ရက်တိုင်တိုင် ခြင်းခတ်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားကို နံနက် ၈နာရီခွဲအချိန်က မဟာမုနိဂေါပကအဖွဲ့ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ယင်းပွဲတော်ကို နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ရိုးရာခြင်းခတ်ပညာ အားကစားကို မြတ်မြတ်နိုးနိုးတန်ဖိုးထားစေရန်နှင့် မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားနည်း မတိမ်ကော မပပျောက်အောင်ထိန်းသိမ်းရန် ရည်ရွယ်၍ ကျင်းပခြင်းလည်းဖြစ်သည်။

ဓာတ်ပုံ- မန္တလေးကွန်ယက်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here