Home News Local News YRTC က City Taxi ယာဥ်များစည်းကမ်းတကျရှိစေရေး Campaign တွင် စီးရေ(၂,၀၀၀)ခန့်ကိုအသိပညာပေးမှုများပြုလုပ်ခဲ့

YRTC က City Taxi ယာဥ်များစည်းကမ်းတကျရှိစေရေး Campaign တွင် စီးရေ(၂,၀၀၀)ခန့်ကိုအသိပညာပေးမှုများပြုလုပ်ခဲ့

0
102

ရန်ကုန်တိုင်းအတွင်းပြေးဆွဲလျက်ရှိသော City Taxi ယာဉ်များစည်းကမ်းတကျရှိစေရေး၊ သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာစေရေးနှင့် YBS ယာဉ်ရပ်မှတ်တိုင်များ၊ မျဉ်းဝါကွက်၊ ဖြူနီကြားများတွင်ရပ်တန့်မှုရှိစေရေးအသိပညာပေးခြင်းကို ယနေ့ ဇူလိုင် ၁၇ ရက်နံနက်ပိုင်းကသင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြစျေးကားမှတ်တိုင်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏လမ်းညွှန်ချက်အရ ရန်ကုန် တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၊ စင်းလုံးငှားဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ “City Taxi ယာဉ်များ လိုက်နာရန် စည်းကမ်းချက်များပါဝင်သည့် Pamphlet ‌ဝေငှခြင်း”City Taxi Campaign ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Campaign အတွင်း City Taxi (၂,၀၀၀)စီးခန့်အား ယာဉ်စည်းကမ်းလမ်းစည်းကမ်း စနစ်တကျလိုက်နာစေရေး အသိပညာပေးခြင်း၊ လိုက်နာရန်စည်းကမ်းချက်များပါဝင်သော Pamphlet ‌ဝေငှခြင်း၊ သတ်မှတ်ချက်နှင့်မကိုက်ညီသည့်ကြော်ငြာများကပ်ထားသည့် City Taxi ယာဉ်များအား ချက်ချင်းခွာစေခြင်း၊ City Taxi ဆိုင်းဘုတ် မှိန်/ပျက်/မပါ နေခြင်းများ၊ ဘေးစတစ်ကာအဝါများ မှေးမှိန်/မပါနေခြင်းများကို ပြုပြင်ရန်မှာကြားခြင်းများကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here