Sunday, May 31, 2026

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကိုအဓိကလုပ်ဆောင်နေသည့် NETRA (NTPC...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်တွင် နယူးဒေလီမြို့ရှိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကိုအဓိကလုပ်ဆောင်နေသည့် NETRA (NTPC...

ပဲခူးခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် နှစ်ရက်အတွင်း မွေးရာပါ နှုတ်ခမ်းကွဲ၊...

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား မေ ၃၀ ရက်နှင့် မေ...

G-2 မှ G-12 အထိ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်တက်ရောက်ပညာ သင်ကြားမည့် G-2 မှ G-12 အထိ ကျောင်းသား/သူများအား ကျောပိုးအိတ်အလုံး(၅၀၀)ကို "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မေ ၃၀ ရက်(နယုန်လပြည့်နေ့)ညနေပိုင်းက...

ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြမ်းဖက်မှုများကြောင့် လူရာနှင့်ချီ၍ အဖမ်းခံရ

စနေနေ့က ပါရီစန့်ယာမန်း (ပီအက်စ်ဂျီ) အသင်း၏ ချန်ပီယံလိဂ်ဗိုလ်လုပွဲအနိုင်ကြောင့် ပါရီတွင် လူထောင်ပေါင်းများစွာ လမ်းများပေါ်ထွက် အောင်ပွဲခံချိန်တွင် ဆူပူအကြမ်းဖက်မှုများဖြစ်ခဲ့ပြီး လူ ၂၈၀ ကျော်ကို...
HomeNewsLocal NewsYBS 128 ခရီးသည်တင်ကားလိုင်းသစ်အား...

YBS 128 ခရီးသည်တင်ကားလိုင်းသစ်အား ဇွန် ၁ ရက်မှစတင်၍ ဒဂုံတက္ကသိုလ်မှသခင်မြပန်းခြံအထိ ပြေးဆွဲပေးသွားမည်

YBS 128 ခရီးသည်တင်ကားလိုင်းသစ်အား ဇွန် ၁ ရက်မှစတင်၍ ဒဂုံတက္ကသိုလ်မှသခင်မြပန်းခြံအထိ ပြေးဆွဲပေးသွားမည်

ဗန္ဓုလအများပိုင်ကုမ္ပဏီလီမိတက်မှ ဒဂုံတက္က သိုလ်တွင်တက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူများနှင့်ခရီးသွားများ သွားလာရအဆင်ပြေစေရန် ရည်ရွယ်၍ YBS 128 ခရီးသည်တင်ကားလိုင်းသစ်အား ဇွန် ၁ ရက်မှစတင်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

အဆိုပါ ခရီးသည်တင်ကားလိုင်းသစ်အား ဒဂုံတက္ကသိုလ်မှသခင်မြပန်းခြံအထိ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ယာဥ်စီးခနှုန်းထားမှာ ဂိတ်စ/ဂိတ်ဆုံး ၂၀၀ ကျပ်သာကျသင့်မည်ဖြစ်ပြီး YPS ကတ်စနစ်အသုံးပြု၍ ပေးချေနိုင်သည်ဟု သိရသည်။

YBS 128 ခရီးသည်တင်ကားလိုင်းသစ်၏ အ သွား/အပြန်လမ်းကြောင်းသည် ဒဂုံတက္ကသိုလ်မှစတင်ထွက်ခွာပြီး ဘုန်းကြီးကျောင်းကွေ့၊ ၇/၈ လမ်းဆုံ၊မဝတလမ်းဆုံ၊ဘေလီ၊စံပြစျေး၊အသင်းတိုက်၊လမ်းဆုံ(မြင်းပြိုင်ကွင်း)၊တာမွေအဝိုင်း၊ရွှေဂုံတိုင်၊အုတ်လမ်း၊လင့်လမ်း၊မြေနီကုန်း၊ဟယ်ပင်၊စိန်ဂျွန်း၊ဗဟိုရ်စည်မှ သခင်မြပန်းခြံအထိဖြစ် ကြောင်း သိရသည်။

“အများကြီးအဆင်ပြေသွားမယ်လို့ ပြောလို့ရတယ် ကားစီးရေဘယ်လောက်လောက်နဲ့စပြေးမလဲဆိုတာတော့ မသိဘူးပေါ့ လုံလုံလောက်လောက်ပြေးပေးရင်အကောင်းဆုံးပဲ အဓိက ကျောင်းသွားတဲ့အချိန်နဲ့ပြန်လာတဲ့အချိန်မှာကားတွေရှိနေဖို့လိုတယ်”ဟု ဒဂုံတက္ကသိုလ်၌တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသားတစ်ဦးကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကိုအဓိကလုပ်ဆောင်နေသည့် NETRA (NTPC Energy Technology Research Alliance)ကို နိုင်ငံတော်သမ္မတ ကြည့်ရှုလေ့လာ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်တွင် နယူးဒေလီမြို့ရှိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကိုအဓိကလုပ်ဆောင်နေသည့် NETRA (NTPC Energy Technology Research Alliance)ကိုကြည့်ရှုလေ့လာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား NETRA (NTPC Energy Technology Research Alliance)ကုမ္ပဏီတာ ဝန်ရှိသူများက ကာဗွန်ထုတ်လုပ်မှု သုညအဆင့်အထိလျှော့ချနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ စွမ်းအင်ကူး ပြောင်းမှုဆိုင်ရာစီမံချက်နှင့်ကိုက်ညီသော NETRA ၏ လုပ်ဆောင်မှုများ၊ NTPC သည် ၎င်း၏ CCUS နည်းပ ညာကို...

ပဲခူးခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် နှစ်ရက်အတွင်း မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ(၃၁)ဦးကို ခွဲစိတ်ကုသပေးခဲ့

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား မေ ၃၀ ရက်နှင့် မေ ၃၁ ရက်တို့ကခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ခွဲစိတ်ကုသပေးရာ၌ နှစ်ရက်အတွင်း မွေးရာပါနှုတ်ခမ်းကွဲလူနာ(၁၈)ဦးနှင့် မေးရာပါအာခေါင်ကွဲလူ နာ(၁၃)ဦး(စုစုပေါင်း ၃၁ ဦး)ကို အောင်မြင်စွာခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ၊ ခွဲစိတ်ကုသဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာလှမျိုးနိုင် ဦးဆောင်၍ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်ဌာနမှ ဆေးလက်တွေ့ပါရဂူ ဘွဲ့လွန်သင်တန်းသားများပါဝင်သောအဖွဲ့က ခွဲစိတ်ကုသပေးခဲ့ကြခြင်းဖြစ်ကြောင်း...

G-2 မှ G-12 အထိ ကျောင်းသား၊ ကျောင်းသူများကို ကျောပိုးအိတ်အလုံး(၅၀၀)လှူဒါန်း

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်တက်ရောက်ပညာ သင်ကြားမည့် G-2 မှ G-12 အထိ ကျောင်းသား/သူများအား ကျောပိုးအိတ်အလုံး(၅၀၀)ကို "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မေ ၃၀ ရက်(နယုန်လပြည့်နေ့)ညနေပိုင်းက လှူဒါန်းပေးခဲ့သည်။ " ဒီတစ်ကြိမ်လှူတာက (၅)ကြိမ်မြောက်ပါ။ နှစ်တိုင်းအ ခုလိုကျောင်းဖွင့်ချိန်ရောက်ခါနီးတိုင်းလှူဒါန်းပေးတာပါ"ဟု ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ ပဲ့ကိုင်ရှင်ဦးစိုးလှမြင့်က ပြောသည်။ ကျောင်းသား/သူများအား ကျောပိုးအိတ်များလှူဒါန်းပေးခဲ့သည့်အပြင် ယင်းနေ့ညပိုင်းက "ထိုက်သူပန်"ယာဥ်လိုင်းဖြင့် လိုက်ပါစီးနင်းသူများကိုလည်း ကျောပိုး အိတ်များလှူဒါန်းပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071