Thursday, June 25, 2026

AI ခေတ်နှင့် ကိုက်ညီစေရန် တရုတ်တက္ကသိုလ်များက...

တရုတ်နိုင်ငံသည် ဉာဏ်ရည်တု (AI) နှင့် အနာဂတ်နည်းပညာကဏ္ဍများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အဆင့်မြင့်ပညာရေးစနစ်ကို အရှိန်အဟုန်ဖြင့် ပြုပြင်ပြောင်းလဲလျက်ရှိပြီး ခေတ်မမီတော့သည့် ဘွဲ့ဒီဂရီအစီအစဉ်များကို လျှော့ချကာ...

ကမ္ဘာ့ရာသီဥတုရန်ပုံငွေ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀...

ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရာသီဥတုရန်ပုံငွေ ပိုမိုရရှိစေရေးနှင့် ထောက်ပံ့ငွေများ အချိန်မီပေးအပ်နိုင်ရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဇွန် ၂၄ ရက်တွင် တိုက်တွန်းခဲ့ပြီး...

မြန်မာအစိုးရသစ်၏ သဘောထားမှာ ယခင်ကထက် ပိုမိုပွင့်လင်းလာဟု...

မြန်မာနိုင်ငံ၏ လက်ရှိအစိုးရသည် အကြံပြုချက်များကို ပိုမိုလက်ခံဆောင်ရွက်လိုသည့် သဘောထားရှိလာကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံ ပါလီမန်တွင်...

အပူလှိုင်းကြောင့် လျှပ်စစ်လိုအပ်ချက် စံချိန်တင်မြင့်တက်၊ လျှပ်စစ်ချွေတာသုံးစွဲရန်...

အပူချိန်မြင့်တက်မှုကြောင့် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု စံချိန်တင်မြင့်မားလာသဖြင့် နိုင်ငံ၏ ဓာတ်အားလိုင်းအပေါ် ဝန်ထုပ်ဝန်ပိုး လျော့ပါးစေရန် လျှပ်စစ်ဓာတ်အားကို ထိရောက်စွာ ချွေတာသုံးစွဲကြရန် ဗီယက်နမ်နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားကုမ္ပဏီ...
HomeMusicThe X Factor...

The X Factor Myanmar ရဲ့ အကဲဖြတ်ဒိုင် ဇမ်နူးရဲ့ ပြိုင်ပွဲအပေါ် သုံးသပ်စကားများ

ဒုတိယအကြိမ်မြောက် ကျင်းပ မယ့် The X Factor Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေထဲမှာ အဆိုတော် ဇမ်နူးလည်း ပါဝင်ပါ တယ်။ အနယ်နယ် အရပ်ရပ်က ဝါသနာရှင် ရွက်ပုန်းသီးတွေကို ရွေး ချယ်ပေးရတဲ့အခါမှာ တချို့တော်တဲ့ ကလေးတွေကို  ဖြုတ်ချခဲ့ရတဲ့အတွက် မျက်ရည်တောင်ကျခဲ့ရကြောင်း ဇမ်နူးကပြောပါတယ်။ အဆိုပြိုင်ပွဲ တွေနဲ့ ပတ်သက်ပြီး ဒိုင်လူကြီး တစ် ယောက်အနေနဲ့ အတွေ့အကြုံရှိ ပြီးသား ဇမ်နူးတို့လို အနုပညာရှင် တွေတောင် ရွေးရတာ အခက်အခဲတွေရှိခဲ့တယ်ဆို တော့The X Factor Myanmar  ပြိုင်ပွဲကလည်းတကယ့်ကို စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ ပြိုင်ပွဲ တစ်ခု အနေနဲ့ ပရိသတ်တွေ ကြည့်ရှုခံစားရဦးမှာပါ။

” ပြိုင်ပွဲဝင်တွေက အများအပြား ဖြစ် ပါတယ်။ အဲဒီအထဲမှာမှဇမ်နူးတို့က ရွေးချယ် ရတာဆိုတော့ ကိုယ်ကိုယ် တိုင်ကလည်း ဒိုင်လူကြီးဆိုတဲ့ရပ် တည်မှုကနေ ရပ်တည်ရတာဖြစ်တဲ့ အတွက် အရမ်းခက်ခဲတယ်။ သီချင်း ဆိုတဲ့ ဘက်ကနေဆိုရင်တော့ သူတို့ ကို စာနာမှုအများကြီး ရှိတာပေါ့ နော်။ ဖြစ်နိုင် ရင် သူတို့ကို အကုန်လုံး ရစေချင်တယ်။ တကယ့်ကို ဘေးကြပ် နံကြပ် တွေ့ခဲ့ရပါတယ်။ ဒီ၁၂ယောက် ထွက်ဖို့အတွက်ကို စိန်ခေါ်မှုတွေ အပေါ်မှာ ကောင်းကောင်းဖြတ်ကျော် နိုင်မယ့်သူမျိုးကို ဇမ်နူးတို့က စိစစ်ပြီး တော့ ရွေးချယ်တာဖြစ်တဲ့အတွက် ကြောင့်လည်း ကျေနပ်ပါတယ်” လို့ ဇမ်နူးက သူနောက်ဆုံး Finalist အ ရွေးချယ်ခဲ့ရ တဲ့အပေါ်ကို ပြန်လည် ပြောပြပါတယ်။

ဂီတနဲ့ ပတ်သက်လို့ အနုပညာ လှုပ်ရှားမှုတွေ မမြင်တွေ့ ရလောက် အောင်နည်းနည်း ပျောက်နေတယ် နော်လို့ ဇမ်နူးကိုမေး တော့…

“နောက်ပိုင်းမှာ Over Sea  တွေ သွားဖျော်ဖြေရတာတွေရှိတော့ ပြည်တွင်းမှာ လှုပ်ရှားမှုလေးတွေ နည်းနည်းလေး ပါးသွားတာပါ။ ဒါ ပေမဲ့ ကိုယ့်ဘာသာနဲ့ ကိုယ်ကတော့ သီချင်းလေးတွေ လှုပ်ရှားတာလေး တွေ ရှိထားပါတယ်။ နောက်ပိုင်းကျ လို့ ရှိရင်လည်း ပရိသတ်တွေအတွက် သီချင်းကောင်းလေးတွေ ဇမ်နူး ဖန်တီးထားပါတယ်”လို့ပြောပြခဲ့ပါ တယ်။

                                                                                              မျိုးမောင်

Photo : Internet

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071