Saturday, September 19, 2026

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊...

မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း...

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ထရမ့်က လေဆိပ်အထိ...

ဝါရှင်တန်၊ စက်တင်ဘာ ၁၉ အမေရိကန်ပြည်ထောင်စုသို့ လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဝါရှင်တန်ဒီစီအနီးရှိ Joint Base Andrews စစ်အခြေစိုက်စခန်းလေဆိပ်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က...

ရုရှားနှင့် အီရန်အပေါ် ပိတ်ဆို့အရေးယူမှု တိုးချဲ့သည့်...

ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ တိုးချဲ့ရန်နှင့် အီရန်နိုင်ငံအပေါ် လက်ရှိပိတ်ဆို့အရေးယူမှုများကို သက်တမ်းတိုးရန် ပြဋ္ဌာန်းထားသည့် ဥပဒေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ...

ကမ္ဘာ့ဖလားဝင် နယူးဇီလန် U-17 အသင်းကို...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ဂျပန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၂၈) ကြိမ်မြောက် International Youth Soccer in Niigata ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင်...
HomeNewsLocal NewsUFC ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်အတွက်...

UFC ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ဂျိုရှုဝါဗန်နှင့် ပန်တိုဂျာ မနက်ဖြန် မကျေပွဲထိုးသ-တ်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၉

ယူအက်ဖ်စီ (UFC) ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ မြန်မာဖိုက်တာ ဂျိုရှုဝါဗန် (Joshua Van) နှင့် ချန်ပီယံဟောင်း အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) တို့၏ မကျေပွဲ (Rematch) ကို မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။

အဆိုပါ ချန်ပီယံလုပွဲကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ ကျင်းပမည့် UFC 331 ပြိုင်ပွဲ၏ ခေါင်းတွဲဆိုင်း (Main Event) အဖြစ် ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

ဂျိုရှုဝါဗန်နှင့် ပန်တိုဂျာတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ UFC 323 ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး ပွဲစတင်ပြီး ၂၆ စက္ကန့်အကြာ၌ ပန်တိုဂျာ တံတောင်ဆစ်ဒဏ်ရာရရှိခဲ့သဖြင့် ဂျိုရှုဝါဗန်က TKO ဖြင့် အနိုင်ရကာ UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့သည်။

ယင်းနောက် အသက် ၂၄ နှစ်အရွယ် ဂျိုရှုဝါဗန်သည် ဂျပန်ဖိုက်တာ တတ်ဆူရို တိုင်ရာ (Tatsuro Taira) နှင့် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပြီး ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ ကာကွယ်ထားနိုင်ခဲ့သည်။

ယခုမကျေပွဲတွင် ပန်တိုဂျာက ဆုံးရှုံးထားသည့် ချန်ပီယံခါးပတ်ကို ပြန်လည်ရယူရန် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဂျိုရှုဝါဗန်ကလည်း လက်ရှိချန်ပီယံခါးပတ်ကို ထပ်မံကာကွယ်ရန် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပြိုင်ပွဲမတိုင်မီ တရားဝင်ကိုယ်အလေးချိန်ချိန်တွယ်ရာတွင် ဂျိုရှုဝါဗန်နှင့် ပန်တိုဂျာတို့ နှစ်ဦးစလုံး ၁၂၅ ပေါင်စီဖြင့် သတ်မှတ်ကိုယ်အလေးချိန် ပြည့်မီခဲ့ကြောင်း UFC က ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊ အောင်ဇမ္ဗူတို့ ပါဝင်ဖျော်ဖြေမည်

မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ဖိုးချစ်၊ စမ်းရေမိုး၊ အောင်ဇမ္ဗူတို့အပါအဝင် နာမည်ကြီးဇာတ်အဖွဲ့များ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။ ပွဲတော်တွင် ဘာသာရေးဆိုင်ရာ အစီအစဉ်များနှင့်အတူ ရိုးရာယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးအစီအစဉ်များကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။ ဖျော်ဖြေရေးအစီအစဉ်များအဖြစ် ချစ်ချမ်းသာဇာတ်ပွဲက အောက်တိုဘာ ၂၄ ရက်မှ ၂၇ ရက်အထိ၊ အောင်စန်းပွင့်ဇာတ်ပွဲက အောက်တိုဘာ ၂၈ ရက်မှ ၃၁ ရက်အထိ၊ စမ်းရေမိုးဇာတ်ပွဲက နိုဝင်ဘာ ၁...

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ထရမ့်က လေဆိပ်အထိ ကိုယ်တိုင်သွားရောက်ကြိုဆိုမည်

ဝါရှင်တန်၊ စက်တင်ဘာ ၁၉ အမေရိကန်ပြည်ထောင်စုသို့ လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဝါရှင်တန်ဒီစီအနီးရှိ Joint Base Andrews စစ်အခြေစိုက်စခန်းလေဆိပ်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုယ်တိုင်သွားရောက်ကြိုဆိုရန် စီစဉ်ထားကြောင်း အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လာမည့်သီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စုသို့ လာရောက်မည်ဖြစ်ပြီး ရှီကျင့်ဖျင်နှင့် ထရမ့်တို့သည် စက်တင်ဘာ ၂၄ ရက်တွင် ဝါရှင်တန်၌ တွေ့ဆုံရန် စီစဉ်ထားသည်။ အမေရိကန်သမ္မတတစ်ဦးက အလည်အပတ်ရောက်ရှိလာသည့် နိုင်ငံခြားခေါင်းဆောင်တစ်ဦးကို လေဆိပ်အထိ ကိုယ်တိုင်သွားရောက်ကြိုဆိုခြင်းမှာ ရှားပါးသည့် သံတမန်ရေးအစီအစဉ်တစ်ရပ်ဖြစ်သည်။ ရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း အိမ်ဖြူတော်၌ တရားဝင်ကြိုဆိုပွဲ၊ Rose...

ရုရှားနှင့် အီရန်အပေါ် ပိတ်ဆို့အရေးယူမှု တိုးချဲ့သည့် ဥပဒေကို သမ္မတထရမ့် လက်မှတ်ရေးထိုး

ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ တိုးချဲ့ရန်နှင့် အီရန်နိုင်ငံအပေါ် လက်ရှိပိတ်ဆို့အရေးယူမှုများကို သက်တမ်းတိုးရန် ပြဋ္ဌာန်းထားသည့် ဥပဒေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၁၈ ရက်တွင် လက်မှတ်ရေးထိုးအတည်ပြုခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။ အဆိုပါဥပဒေမှာ H.R. 5334 “Lindsey O. Graham Sanctioning Russia and Iran Act of 2026” ဖြစ်ပြီး ကွယ်လွန်သူ အမေရိကန်အထက်လွှတ်တော်အမတ် Lindsey O. Graham ကို ဂုဏ်ပြုသည့်အနေဖြင့် အမည်ပေးထားခြင်းဖြစ်သည်။ ဥပဒေကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071