Toyota ကုမ္ပဏီမှ Hilux Revo ကားသစ်နှင့် Fortuner ကားသစ်တို့ကို မြန်မာနိုင်ငံတွင် တရားဝင် စတင်ဖြန့်ဖြူး ရောင်းချ နေပြီဖြစ်ကာ နောက်ဆုံးပေါ် မော် ဒယ်များအား ယခုအခါတွင် ပိုမိုအား ကောင်းပြီး ဆီစားပိုမို သက်သာသော GD ဒီဇယ် အင်ဂျင်အသစ် များဖြင့် အားဖြည့်ထားသည်။
Hilux Revo ကားသစ်နှင့် Fortuner ကားသစ်တို့အား တရား ဝင်ခွင့်ပြုထားသည့် Toyota အ ရောင်းကိုယ်စားလှယ် ဆိုင်များ အားလုံးတွင် ၂ဝ၁၇ ခုနှစ်၊ အောက် တိုဘာလ ၂၅ ရက်နေ့မှ စတင်၍ ကြိုတင်မှာယူ ဝယ်နိုင်ပြီဖြစ်ပါသည်။ Hilux Revo ကားသစ်တွင် အ မြင့်မားဆုံး ထုတ်လုပ်မှုအား 177hp / 3,400rpm အထိ ထုတ်လွှတ်ပေးပြီး အမြင့်မားဆုံး Torque 450Nm / 1600-2400rpm (2.8L အတွက် ) အထိ ပေးစွမ်းသော အတွင်းပိုင်း အ အေးပေးကိရိယာ ပါရှိသည့် ၂.၈ သို့ မဟုတ် ၂.၄လီတာ ဆလင်ဒါ ၄ လုံး၊ ဗား ၁၆ လုံး VN တာဗိုဒီဇယ် GD အင်ဂျင်များ ပါရှိသည်။ ထို့အပြင် ၄င်းတွင် GD အင်ဂျင်မူကွဲများထဲတွင် ရရှိနိုင်သည့် ချောမွေ့ပြီး ထိရောက် ကောင်းမွန်သော 6- Speed Sequential Automatic သို့မဟုတ် 6- Speed Manual Transmission လည်း တပ်ဆင်ပါရှိသည်။Fortuner ကားသစ်သည် အင်ဂျင်စွမ်း ဆောင်ရည်ကို အမြင့်ဆုံး ထုတ်လုပ်မှုအား 177hp/ 3,400rpm အထိနှင့် Torque 450Nm / 1600- 2400rpm အထိ ပေးစွမ်းနိုင်သော 6-Speed Senquential Auto-matic Transmission ဖြင့် အမြင့် မားဆုံး ဖြစ်အောင် လုပ်ဆောင် ထား သော ကြောင့် Fortuner အသစ်တွင် ဆီစားနှုန်း ပိုမိုသက်သာလာခြင်း နှင့် အတူ ပိုမိုအားကောင်းသော စွမ်း ဆောင်ရည် ပါရှိပါသည်။ ရန်ကုန် အရောင်းကိုယ်စား လှယ်အဖြစ် Toyota Aye and Sons (က)၊ ကမ္ဘာအေးဘုရား လမ်း၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်၊ စာတိုက်သေတ္တာအမှတ် ၁၁၂ဝ၁၊ ရန်ကုန်ဝ၁-၄ဝဝ၉၅ဝ၊ ဝ၁-၅ဝ၂၂ဝ၆ နှင့် Toyota Mingalar အမှတ်(၆)၊ ဘုရင့်နောင်လမ်း၊ ၂ရပ်ကွက်၊လှိုင်မြို့ နယ်၊ ရန်ကုန် ဝ၁-၅၁၄ ၉၄ဝ၊ ဝ၁-၅၁၄ ၉၄၁၊ မန္တလေးကိုယ်စားလှယ် အဖြစ် Toyota GW Lion အမှတ် ၅၄၂၊ ဦးပိုင်-၁ဝ/၃၃၉၊ မန္တလေး- ပြင်ဦးလွင်လမ်း၊ ၃၅ လမ်းနှင့်၃၇ လမ်းကြား၊ အောင်ပင်လယ်ရပ် ကွက်၊ ပုသိမ် ကြီးမြို့နယ်၊ မန္တလေး တိုင်း (ဝ၉) ၉၆၉ ၇ဝဝဝဝ၁-၃ တို့ဖြစ်သည်။