Saturday, June 6, 2026

မန္တလေးစီးတီးဟိုတယ်နှင့် ဆက်စပ်အဆောက်အဦများအတွက် EOI ခေါ်ယူ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ယခင်မန္တလေးစီးတီးဟိုတယ်နှင့် ဆက်စပ်အဆောက်အဦများအား သင့်လျော်သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest...

တတိယအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် အစိုးရမဟုတ်သော...

ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီဖွဲ့စည်းရန်လည်း လွှတ်တော်သို့တင်ပြခဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အ စည်းအဝေး တတိယနေ့ကို ဇွန် ၅ ရက်နံနက် ၁၀ နာရီကကျင်းပပြီး ဦးသက်ပုံ ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့်...

နတ်မောက်မြို့နယ်၌ ဇွန် ၅ ရက်ညပိုင်းက...

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၌ ယမန်နေ့ ဇွန် ၅ ရက်ညပိုင်းက မိနစ်ပိုင်းသာခြား၍ ကား (၂) စီး ရေထဲမျောပါခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ နတ်မောက်မြို့နယ်၊...

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အရှိန်မြှင့်မည့် ဓာတ်အားပေးစက်ရုံ MoU...

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လိုအပ်သည့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ရုရှားနှင့် မြန်မာကုမ္ပဏီများအကြား ဇွန်လ ၅ ရက်က...
HomeNewsLocal NewsSPIEF 2026 ကာလအတွင်း...

SPIEF 2026 ကာလအတွင်း ဒုတိယသမ္မတ ဦးညိုစော ရုရှားသမ္မတ အကြံပေးနှင့် ရော့စ်ကွန်ဂရက်စ် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ တာဝန်ရှိသူများအား သီးခြားစီတွေ့ဆုံ

ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်ကဏ္ဍများအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် (၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (29th St. Petersburg International Economic Forum – SPIEF 2026) သို့ တက်ရောက်နေစဉ် ရုရှားသမ္မတ၏ အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး H.E. Mr. Anton Kobyakov နှင့် ရော့စ်ကွန်ဂရက်စ် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (Fund RC-Investments) ညွှန်ကြားရေးမှူး Mr. Alexander Sergeevich Shatirov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အား ယမန်နေ့က သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ရော့စ်ကွန်ဂရက်စ် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (Fund RC-Investments) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၊ ရော့စ်ကွန်ဂရက်စ် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ သတ္တု၊ ကုန်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ စီမံကိန်းများ၏ တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် အဆိုပါကဏ္ဍများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းများ၏ လက်ရှိအခြေအနေများနှင့် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးစီးတီးဟိုတယ်နှင့် ဆက်စပ်အဆောက်အဦများအတွက် EOI ခေါ်ယူ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ယခင်မန္တလေးစီးတီးဟိုတယ်နှင့် ဆက်စပ်အဆောက်အဦများအား သင့်လျော်သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) များ ခေါ်ယူထားကြောင်း သိရသည်။ အဆိုပါ အဆောက်အဦများမှာ (၂၆ x ၂၇) လမ်းကြားနှင့် (၈၂ x ၈၃) လမ်းကြားရှိ မြေဧက (၁.၃၂၇၀) ဧကပေါ်တွင် တည်ရှိသည့် ယခင်မန္တလေးစီးတီးဟိုတယ် (RC-၄ ထပ်) နှင့် ဆက်စပ်အဆောက်အဦများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့်...

တတိယအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီဖွဲ့စည်း

ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီဖွဲ့စည်းရန်လည်း လွှတ်တော်သို့တင်ပြခဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အ စည်းအဝေး တတိယနေ့ကို ဇွန် ၅ ရက်နံနက် ၁၀ နာရီကကျင်းပပြီး ဦးသက်ပုံ ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီကိုဖွဲ့ စည်းခဲ့ပြီးနောက် ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီဖွဲ့စည်းရန်လည်း လွှတ်တော်သို့တင်ပြခဲ့ကြောင်း သိရသည်။ အဆိုပါ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီကို ဥက္ကဋ္ဌအဖြစ် စစ်ကိုင်းမဲ ဆန္ဒနယ်မှ ဦးသက်ပုံ၊ အတွင်းရေးမှူးအဖြစ် ချောင်းဦးမဲဆန္ဒနယ်မှ ဦးထွန်းလွင်တို့အပါအဝင် အဖွဲ့ဝင် (၁၅) ဦး ဖြင့်တာဝန်ပေးအပ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးတို့ကိုလည်း လွှတ်တော်က...

နတ်မောက်မြို့နယ်၌ ဇွန် ၅ ရက်ညပိုင်းက မိနစ်ပိုင်းသာခြား၍ ကား (၂) စီး ရေထဲမျောပါ အမျိုးသား (၁) ဦး ပျေ-ာက်ဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၌ ယမန်နေ့ ဇွန် ၅ ရက်ညပိုင်းက မိနစ်ပိုင်းသာခြား၍ ကား (၂) စီး ရေထဲမျောပါခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာရှိ ချောင်းအတွင်းအား ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ကား (၁) စီးဖြတ်ကူးမောင်းနှင်ရာမှ ရေစီးနှင့်အတူမျောပါသွားသဖြင့် ယနေ့ ဇွန် ၆ ရက်နံနက်ပိုင်း၌ နတ်မောက်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများက ချောင်းအတွင်းမှကားကို ဆယ်ယူပေးခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်၌ ကားမောင်းသူအမျိုးသားမှာ ပျေ-ာက်ဆုံးနေသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသူ/သားများက ဆက်လက်ရှာဖွေလျက်ရှိကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071