Saturday, June 6, 2026

မန္တလေးစီးတီးဟိုတယ်နှင့် ဆက်စပ်အဆောက်အဦများအတွက် EOI ခေါ်ယူ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ယခင်မန္တလေးစီးတီးဟိုတယ်နှင့် ဆက်စပ်အဆောက်အဦများအား သင့်လျော်သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest...

တတိယအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် အစိုးရမဟုတ်သော...

ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီဖွဲ့စည်းရန်လည်း လွှတ်တော်သို့တင်ပြခဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အ စည်းအဝေး တတိယနေ့ကို ဇွန် ၅ ရက်နံနက် ၁၀ နာရီကကျင်းပပြီး ဦးသက်ပုံ ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့်...

နတ်မောက်မြို့နယ်၌ ဇွန် ၅ ရက်ညပိုင်းက...

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၌ ယမန်နေ့ ဇွန် ၅ ရက်ညပိုင်းက မိနစ်ပိုင်းသာခြား၍ ကား (၂) စီး ရေထဲမျောပါခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ နတ်မောက်မြို့နယ်၊...

နိုင်ငံအတွင်း စက်သုံးဆီ သိုလှောင်ထားရှိမှု ရက်...

သီလဝါတွင် ဆီချရန် ရောက်ရှိနေသည့် ဆီတင် သင်္ဘော သုံးစီးရှိ နိုင်ငံတော်အတွင်း စက်သုံးဆီတင်သွင်း သိုလှောင်ထားမှုအနေဖြင့် ဓါတ်ဆီအုပ်စုတွင် ရက် (၄၀) ၊ ဒီဇယ်အုပ်စုတွင်...
HomeNewsLocal Newsထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အရှိန်မြှင့်မည့် ဓာတ်အားပေးစက်ရုံ...

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အရှိန်မြှင့်မည့် ဓာတ်အားပေးစက်ရုံ MoU ရုရှား-မြန်မာ လက်မှတ်ရေးထိုး

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လိုအပ်သည့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ရုရှားနှင့် မြန်မာကုမ္ပဏီများအကြား ဇွန်လ ၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ MoU ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ Inter RAO ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ လောင်းလုံစီးပွားဖွံ့ဖြိုးကုမ္ပဏီလိမိတက်တို့မှ တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးပြီး စာချွန်လွှာများ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ EXPOFORUM Convention and Exhibition Centre ၌ ကျင်းပသည့် (၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF 2025) ကာလအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖိုရမ်သို့ ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin)၊ ဥဇဘက်ကစ္စတန်သမ္မတ ရှက်ကတ် မာဇီယိုယက်ဗ် (Shavkat Mirziyoyev)၊ တန်ဇန်းနီးယားသမ္မတ ဆာမီယာ ဆူလူဟူ ဟာဆန် (Samia Suluhu Hassan) နှင့် တရုတ်ဒုတိယသမ္မတ ဟန်ကျန့် (Han Zheng) တို့အပါအဝင် နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ၊ အစိုးရအရာရှိများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၄ ရက်ကလည်း မြန်မာနိုင်ငံ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscongress Foundation ၏ RC-Investments အဖွဲ့တို့အကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoC) များကို လက်မှတ်ရေးထိုးကာ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးစီးတီးဟိုတယ်နှင့် ဆက်စပ်အဆောက်အဦများအတွက် EOI ခေါ်ယူ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ယခင်မန္တလေးစီးတီးဟိုတယ်နှင့် ဆက်စပ်အဆောက်အဦများအား သင့်လျော်သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) များ ခေါ်ယူထားကြောင်း သိရသည်။ အဆိုပါ အဆောက်အဦများမှာ (၂၆ x ၂၇) လမ်းကြားနှင့် (၈၂ x ၈၃) လမ်းကြားရှိ မြေဧက (၁.၃၂၇၀) ဧကပေါ်တွင် တည်ရှိသည့် ယခင်မန္တလေးစီးတီးဟိုတယ် (RC-၄ ထပ်) နှင့် ဆက်စပ်အဆောက်အဦများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့်...

တတိယအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီဖွဲ့စည်း

ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီဖွဲ့စည်းရန်လည်း လွှတ်တော်သို့တင်ပြခဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အ စည်းအဝေး တတိယနေ့ကို ဇွန် ၅ ရက်နံနက် ၁၀ နာရီကကျင်းပပြီး ဦးသက်ပုံ ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီကိုဖွဲ့ စည်းခဲ့ပြီးနောက် ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီဖွဲ့စည်းရန်လည်း လွှတ်တော်သို့တင်ပြခဲ့ကြောင်း သိရသည်။ အဆိုပါ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီကို ဥက္ကဋ္ဌအဖြစ် စစ်ကိုင်းမဲ ဆန္ဒနယ်မှ ဦးသက်ပုံ၊ အတွင်းရေးမှူးအဖြစ် ချောင်းဦးမဲဆန္ဒနယ်မှ ဦးထွန်းလွင်တို့အပါအဝင် အဖွဲ့ဝင် (၁၅) ဦး ဖြင့်တာဝန်ပေးအပ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးတို့ကိုလည်း လွှတ်တော်က...

နတ်မောက်မြို့နယ်၌ ဇွန် ၅ ရက်ညပိုင်းက မိနစ်ပိုင်းသာခြား၍ ကား (၂) စီး ရေထဲမျောပါ အမျိုးသား (၁) ဦး ပျေ-ာက်ဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၌ ယမန်နေ့ ဇွန် ၅ ရက်ညပိုင်းက မိနစ်ပိုင်းသာခြား၍ ကား (၂) စီး ရေထဲမျောပါခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာရှိ ချောင်းအတွင်းအား ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ကား (၁) စီးဖြတ်ကူးမောင်းနှင်ရာမှ ရေစီးနှင့်အတူမျောပါသွားသဖြင့် ယနေ့ ဇွန် ၆ ရက်နံနက်ပိုင်း၌ နတ်မောက်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများက ချောင်းအတွင်းမှကားကို ဆယ်ယူပေးခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်၌ ကားမောင်းသူအမျိုးသားမှာ ပျေ-ာက်ဆုံးနေသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသူ/သားများက ဆက်လက်ရှာဖွေလျက်ရှိကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071