မကွေးတိုင်း၊ နတ်မောက်မြို့နယ်၌ ယမန်နေ့ ဇွန် ၅ ရက်ညပိုင်းက မိနစ်ပိုင်းသာခြား၍ ကား (၂) စီး ရေထဲမျောပါခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာရှိ ချောင်းအတွင်းအား ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ကား (၁) စီးဖြတ်ကူးမောင်းနှင်ရာမှ ရေစီးနှင့်အတူမျောပါသွားသဖြင့် ယနေ့ ဇွန် ၆ ရက်နံနက်ပိုင်း၌ နတ်မောက်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများက ချောင်းအတွင်းမှကားကို ဆယ်ယူပေးခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်၌ ကားမောင်းသူအမျိုးသားမှာ ပျေ-ာက်ဆုံးနေသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသူ/သားများက ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ည ၇ နာရီ ၄၅ မိနစ်ခန့်ကလည်း နတ်မောက်မြို့နယ်၊ အင်းကုန်းကျေးရွာ၊ ဇဗ္ဗူထွန်းဆီဆိုင်အနီးရှိ ချောင်းရိုးထဲတွင် ကား (၁) စီး မျောနေသဖြင့် နတ်မောက်မြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဆယ်ယူပေးခဲ့ကြကာ ဖြစ်စဉ်ကြောင့်ထိခိုက်ဒ-ဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။
