Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' NewsSnare အဖွဲ့ရဲ့ ဟစ်ဟော့ပ်...

Snare အဖွဲ့ရဲ့ ဟစ်ဟော့ပ် သီချင်းပုံစံတွေကို သုံးသပ်ပြခဲ့တဲ့နေဝင်း(Snare)

Snare အဖွဲ့ရဲ့ သီချင်းအသစ်တွေ မထွက်တာကြာခဲ့ပြီ။ သူတို့ ၂ ယောက်ရဲ့ ‘ပူးတွဲချန်ပီယံ’ ထွက်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဆို Junction Squareမှာ လာရောက်အားပေးတဲ့ ပရိသတ်တွေနဲ့ အုန်းအုန်းကျွက်ကျွက်ပါပဲ။Snare အဖွဲ့က ပြောရမယ်ဆိုရင် Underground မှာ ၁ဝနှစ်လောက် ဖြတ်သန်းလာခဲ့ပြီးမှ Main Stream ပေါ် ရောက်လာတဲ့အဆိုတော်တွေ ဆိုတော့ သူတို့ ဖြတ်သန်းလာခဲ့ တဲ့နှစ်တွေက သိပ်များလာခဲ့ပြီဖြစ်သလို  အတွေ့အကြုံတွေကလည်း များလှပါပြီ။

သူတို့ ဖြတ်သန်းလာခဲ့တဲ့နှစ်တွေနဲ့ သူတို့ဖန်တီးခဲ့တဲ့ ဟစ်ဟော့ပ်သီချင်း တွေအကြောင်းကို နေဝင်းက…

“Rap Game က စပြောရပါမယ်။ ၂ဝဝ၉၊ ၂ဝ၁ဝ ပြည့်နှစ်အချိန် ကျွန်တော်တို့ဆီမှာရှိတဲ့ ဟစ်ဟော့ပ်သီချင်းတွေက ရှင်းရှင်းပြောရရင် ဖြဲတာတွေများတယ်။ ရိုင်းတာတွေများတယ်။ အဲဒီအချိန်ကတည်းက Parental Advisory ပါသင့်တယ်။ ကျွန်တော်တို့က အဲဒါတွေကို ချိန်းလိုက်တာ။ ကျွန်တော်တို့က သူများကို မကောင်းပြောတာမဟုတ်ဘူး။ ကျွန်တော်တို့က သရော်တာ။ ပုံစံကအသစ်။ Down Southဆိုတဲ့ Music နဲ့ ဝင်လာခဲ့တာ။ မင်းကို သတ်ပစ်လိုက်မယ်။ ငါတို့က အကောင်းဆုံးပဲ၊ ငါတို့ကဘယ်အပိုင်းမှာဘာ ဆိုတာတွေ ထက် တကယ့်အပြင်မှာ Realism ကျတာတွေကို သယ်လာတာ။ အဲဒီလိုအကြောင်းအရာတွေခေတ်စားသွားတယ်။ ပုံစံတစ်ခုကို ချိန်းလိုက်တာဖြစ်တဲ့ အတွက် အဲဒီအချိန်တုန်းကတော့ ကျွန်တော်တို့ပဲရှိတယ်။

အခုချိန်မှာတော့ ကျွန်တော်တို့လိုမျိုး နောက်ထပ် လူငယ်တွေထပ်ပေါ်လာပြီ။ သူတို့ကလည်း သူတို့ ဟာသူတို့ နောက်ထပ်ထပ်ယူလာတဲ့အသစ်တွေ ထပ်ရှိနေပြီ။ ကျွန်တော်တို့လို အရင်ကပုံစံမျိုး တွေလုပ်နေတဲ့သူတွေလည်း ရှိနေပြီဆိုတော့ ကျွန်တော်တို့က အသစ်မဖြစ်တော့ဘူး။ အဲဒီ တော့ ဒီအခွေက အရင်အခွေတွေနဲ့လည်း မတူ အောင်၊ အခုနောက်ပေါ်နေတဲ့ လူငယ်တွေနဲ့လည်း မတူအောင်၊ ချာတိတ်တွေဆီကနေ ယူသုံးတယ်ဆိုပြီးလည်း မဖြစ်အောင် ကျွန်တော်တို့က စကားလုံးအသစ်တွေ၊ မြူးဇစ် အသစ်တွေ၊ ဆိုတဲ့ပုံစံအသစ်တွေနဲ့ ကျွန်တော်တို့က ထပ်လာ တာပါ။ အဲဒီတော့ ကျွန်တော်တို့အသစ်တွေလုပ်ထားတဲ့ အခွေအသစ်ကို အားပေးစေချင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

                                                                                              မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071