Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...

S I R အနေနဲ့ သီချင်းတွေ ပြန်ပြီးသီဆိုဖို့ မဖြစ်နိုင်တော့ဘူး

အနုပညာလောကထဲကို အဆိုပိုင်း၊ အတီးပိုင်းနဲ့ စွယ်စုံဝင်ရောက် လာခဲ့တဲ့ အဆိုတော် ရင်ဂိုရဲ့သား အဆိုတော် ဟန်ထူးလွင်ဟာ လက်ရှိအချိန်မှာတော့ The Voice Myanmar မှာ ဒိုင်တစ်ဦးအဖြစ် ပါဝင်နေသူလည်းဖြစ်ပါတယ်။The Voice Myanmar မှ ဒိုင်တစ်ဦး အဖြစ်ပါဝင်နေချိန် ပရိသတ်များရဲ့ ဝေဖန်မှုများစွာ ရှိနေခဲ့ပါတယ်။ ဝေဖန်မှုများရှိနေတာနဲ့ ပတ်သက်ပြီး ဟန်ထူးလွင်က…

“ကျွန်တော်ကလှည့်ကြည့်တာစောတယ်လို့ပြောကြတယ်။ ရတယ်။ ကျွန်တော်အများကြီး နားထောင်စရာ မလိုဘူး။ ကျွန်တော့်အတွေ့အကြုံအရရော၊ ကျွန်တော်အလုပ်လုပ်နေပုံအရရော အများကြီး မလိုဘူး။ ဥပမာကျွန်တော့် စိတ်ထဲမှာ အလုပ်တစ်ခုလိုပဲ မနက်ဆိုလည်း အစောကြီးထရတာပဲ။ သူတို့ကို train ရတဲ့နေ့ဆိုသွားရတာတစ်နေကုန်တယ်။ ဖြုတ်စရာရှိတဲ့လူလည်းဖြုတ်၊ အော်စရာရှိတဲ့လူတွေလည်း အော်ပေါ့ လုပ်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်အိမ်ရောက် ရင် မစဉ်းစား တော့ဘူး။ အဲဒါကြောင့် နောက်ဆက်တွဲတွေလည်း သိပ် မသိဘူး။ ကျွန်တော့် အလုပ်လည်း မဟုတ်ဘူး။ အဲဒါကို ကျွန်တော် control လုပ်လို့လည်း မရဘူး။ အဲဒီအတွက် ဝေဖန်မှုတွေကိုလည်း ခေါင်းထဲသိပ်မထည့် တော့ ဘူး”လို့ ပြောပါတယ်။  အရင်က S.I.R အဖွဲ့နဲ့ လက်တွဲဖြုတ်ခဲ့ပြီး လက်ရှိအချိန်မှာ S.I.R အဖွဲ့နဲ့ သီချင်းတွေ ပြန်ပြီးသီဆိုချင်သေးလားလို့ မေးကြည့်တဲ့အခါ မှာတော့ ဟန်ထူးလွင်က…

“ကျွန်တော် S.I.R အဖွဲ့နဲ့ သီချင်းတွေပြန်ပြီးသီဆိုဖို့ ဘယ်တော့မှ မဖြစ်နိုင်ဘူး။ ကျွန်တော်ဘယ်တော့မှ ပါနိုင်မှာမဟုတ်ဘူး။ သူတို့ဘာသာ သူတို့ ၃ယောက် လုပ်မယ်ဆိုရင်တော့ မပြော တတ်ဘူး။ ကျွန်တော်ကတော့ ဘာမှ ဝင်ပြောမှာ မဟုတ်ဘူး။ ကြိုက်တာလုပ် ကြ။ ကျွန်တော် ကစိတ်မဝင်စားဘူး။ သူတို့နဲ့ ကွဲသွားတာကြာပြီ။ ကျွန်တော် လုပ်ပြီး ရင် ဘယ်တော့မှလှည့်မကြည့်ဘူး။ ကံပါ သလောက် လုပ်လို့ရသလောက် အစွမ်းကုန် လုပ်ကြည့်မယ်။ အဆင်မပြေ တဲ့ အတွက် မလုပ်တော့တာ ပါ။ S.I.R မှမဟုတ်ဘူး။ ဘယ်နေရာပဲ ဖြစ်ဖြစ် ကျွန်တော်အဆင် မပြေတဲ့နေရာဆို ဘယ်တော့ မှမသွား ဘူး။ ပြီးတော့ ပရိသတ်ကသိတာက အပေါ် ပိုင်းလေး ပဲ ၁ဝ ရာခိုင်နှုန်းလောက်ပဲ သိတာ။ တကယ်တမ်း ကျွန်တော်တို့ ရုန်း ကန်ခဲ့ရတဲ့struggle တွေကျတော့ သိပ် မသိကြဘူး။ သူတို့လည်း သိစရာ မလိုပါ ဘူး။ ဒါ ကျွန်တော်တို့ ကိစ္စ ဆိုတော့ အဲဒီလို မျိုးပဲအများကြီးကိစ္စတွေရှိခဲ့တယ်”လို့ ပြောပါ တယ်။

 သဲစုလှိုင်

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071