လစာတိုးလည်း ကျွန်တော်တို့ မပျော်ပါဘူး

လစာတိုးလည်း ကျွန်တော်တို့ မပျော်ပါဘူး
September 7, 2016 Asian Fame

3:55 am
လစာတိုးလည်း ကျွန်တော်တို့ မပျော်ပါဘူး
In Articles, Opinion

လစာတိုးလည်း ကျွန်တော်တို့ မပျော်ပါဘူး

untitled-1-copy

ခိုင်သဇင်ဦး တွေ့ဆုံ မေးမြန်းသည်။

သြဂုတ်လ ၂၃ ရက်နေ့က အစိုးရသစ်၏ ပထမ ရက် ၁ဝဝ ကာလအတွင်း ဆောင်ရွက်ခဲ့ မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်း လင်းပွဲတွင် အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ အခြေခံပညာတွင် တာဝန်ထမ်းဆောင်နေကြ သော ဆရာ၊ ဆရာမ များအား လစာတိုးပေးမည်ဆိုသော စကားအပေါ် အခြေခံပညာ ကျောင်းများတွင် လက်ရှိတာဝန် ထမ်းဆောင်နေကြသည့် ဆရာ၊ ဆရာမ များနှင့် တွေ့ဆုံကာ လစာတိုးသည့်အခါ ထားရှိသင့်သည့်မူများ၊ လစာတိုးပြီးပါက ဖြစ်လာနိုင်သည့် နောက်ဆက်တွဲအခြေအနေများနှင့် ပတ်သက်၍ ၄င်းတို့၏ အမြင်သဘောထားများကို မေးမြန်း ဖော်ပြပေးလိုက်ပါသည်။

ဦးအောင်ကျော်သူ
အထ က်တန်းပြအ.ထ.က  သက္ကလ

ကျွန်တော်ကတော့ အခြေခံ ပညာကို လစာတိုးမယ်ဆိုတဲ့ ကိစ္စ အပေါ် လစာနှုန်းထားကို ပြင်ဆင် တယ်လို့ပဲ ပြောချင်ပါတယ်။ ဘာ လို့လည်းဆိုရင် ဝန်ထမ်းတွေလ စာ တိုးတယ်လို့ပြောတာဟာ တစ် တိုင်းပြည်လုံးက ဝန်ထမ်းတွေတိုးမှ လစာတိုးတယ်လို့ ခေါ်နိုင် တာကိုး။ ဒါကြောင့် ဒါဟာ လစာတိုးတာ ထက် လစာကိုပြင်ဆင်တယ်လို့ပဲ ပြောချင်ပါတယ်။ တိုးတဲ့အခါမှာ တော့ မူကြမ်းနှစ်ခုအရ ဆရာ၊ ဆရာမတွေရဲ့ လုပ်သက်နဲ့ပဲသွားမယ်လို့သိရပါတယ်။ ဒီတော့ အဲဒီ လို လုပ်သက်အရ တိုးလိုက်တာဟာ ဆရာ၊ ဆရာမတွေအတွက် ရာထူး တိုးအတွက် မလုပ်တော့ဘဲ ကိုယ့် အတန်းမှာပဲ လုပ်သက်အကြာကြီး နဲ့ ပိုမိုကျွမ်းကျင်စွာ လုပ်လာနိုင် မယ်ပေါ့။ ဆိုတော့ ဒီမူက ပိုကောင်း ပါတယ်။ မူတစ်ခုပြောင်းတဲ့အခါ နစ်နာတဲ့ သူတွေတော့ ရှိကြ စမြဲပေါ့။ အဲဒီအပေါ် ကျေနပ်သူ၊ မကျေနပ်သူတွေလည်း ရှိလာမှာပေါ့ နော်။ နောက်ပြီး လစာတိုးလည်း ကျွန်တော်တို့ မပျော်ပါဘူး။ ဘာ လို့လဲဆို လစာတိုးတာနဲ့ ကုန်ဈေး နှုန်းကလိုက်ပြီး တိုးတဲ့အတွက် လစာတိုးတာထက် ဆရာ၊ဆရာမ တွေကို နေထိုင်စရိတ်တို့၊ ခရီး စရိတ်တို့ စတဲ့ဝန်ထမ်းတွေလိုအပ် ချက်ကို ပံ့ပိုးပေး တာက ပိုပြီး ကောင်း မယ်လို့ မြင်ပါတယ်။


ဦးဆန်းမျိုးအောင်
အထက်တန်းပြ
အ.ထ.က (၇) ကလေးမြို့

လစာတိုးတဲ့အခါ ရာထူးအ လိုက်ပဲ တိုးသင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ မြန်မာနိုင်ငံပညာရေးက အခြေခံမှာဆို ရာထူးအလိုက် သင် ကြားရေးကို သွားနေရလို့ပါပဲ။ လက်ရှိ ကုန်ဈေးနှုန်းပုံစံနဲ့ဆို အိမ် ထောင်စုတစ်စုအတွက် အနိမ့်ဆုံး လစာဟာ သုံးသိန်းတော့ ဖြစ်သင့် မယ်လို့ထင်ပါတယ်။ ရပ်ဝေးမှာ တာဝန်ထမ်းဆောင်သူတွေအတွက် ဥပမာ – ပြည်နယ်ခြား၊ တိုင်းခြား မှာ တာဝန်ထမ်းဆောင်သူအတွက် လစာပိုပေးတာမျိုး မဟုတ်ဘဲ ထောက်ပံ့ကြေးအနေနဲ့တော့ ပေး သင့်ပါတယ်။ ဒါမှလည်း အရမ်း ခေါင်လွန်းလှတဲ့ နေရာတွေ အ တွက် သွားပြီးတာဝန်ထမ်းဆောင် ချင်သူတွေ များလာမှာပါ။ လစာ တိုးတာနဲ့ ကုန်ဈေးနှုန်းက တန်း တက်တော့တာပါပဲ။ ဒါကို အ နောက်နိုင် ငံတွေမှာလို ထိန်းချုပ်နိုင် ဖို့ သက်ဆိုင်တဲ့ အစိုးရကနေပြီး ဆောင်ရွက်ပေးစေချင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ဝန်ထမ်းတွေ အတွက် တင် မဟုတ်ပါဘူး။ မြန်မာ တစ်ပြည်လုံးက ပြည်သူတွေ အတွက်ပါ။


ဒေါ်ချစ်ဆုဝေ
အထက်တန်းပြ
အ.ထ.က(၃) ပျဉ်းမနား

လစာတိုးတဲ့အခါ ဘယ်လိုမူနဲ့ တိုးစေချင်သလဲဆိုရင် လက်ရှိ လစာ ခံစားခွင့်က ရာထူးအလိုက် ပေါ့နော်။ မူပြ၊ လယ်ပြ၊ ထက်ပြ အလိုက် လစာခံစားခွင့်က အနည်း ငယ်ကွာတယ်လေ။ အခုတိုးမယ် ဆိုရင်လည်း ရာထူးအလိုက်အပြင် လုပ်သက်အလိုက်ပါ ထည့်တွက် ရင် ပိုကောင်းမယ်ထင်ပါတယ်။ ခု ဆို ကျွန်မက အထက်တန်းပြပေါ့။ အဲ့ဒီလိုပဲ ပင်စင်ယူခါနီးတဲ့ အထက် တန်းပြ ဆရာ၊ ဆရာမကြီးတွေ လည်းရှိနေတယ်။ သူတို့လုပ်သက် တွေက ကျွန်မတို့အသက်ထက် တောင် များနေတာတွေ့ရတယ်။ အဲ့ဒီလို ဆရာကြီး၊ ဆရာမကြီးတွေ အတွက် လုပ်သက်နဲ့ ထည့်တွက်ပြီး လစာ သတ်မှတ်ပေးရင် ပိုအဆင် ပြေမယ်ထင်ပါတယ်။ တစ်နေ့က ဖေ့စ်ဘွတ်ခ်မှာ တွေ့လိုက်ရတဲ့ ဆရာမကြီးတစ်ယောက်ဆို အိမ်က ထရံကာနဲ့ ၊ နားကလည်းလေးနေပြီ။ အသက်ကြီးမှ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရတာမျိုးတွေရှိ တယ်။ တစ်ခါတုန်းကလည်း သတင်းစာ ကြော်ငြာတစ်ခု တွေ့ရတယ်။ လုံ ခြုံရေး လိုရင်ခေါ်ပါဆိုပြီး မူပြ (အငြိမ်းစား) ဆရာကြီးတ စ်ယောက် ပြောထားတာတွေ့ရတော့ လုပ် သက်အရ ပမာဏသတ်မှတ်ရင် သူတို့တွေအတွက် ပိုအဆင်ပြေ မယ်ထင်ပါတယ်။

အနိမ့်ဆုံးလစာ ကတော့ ၃ သိန်းဝန်းကျင်လောက် ဆို အဆင်ပြေပါတယ်။ (ကုန်ဈေး နှုန်းလိုက်မတက်ဘူးဆိုရင်ပေါ့)။ ဒါပေမယ့်လည်း ဘယ်လောက် အတိုင်းအတာထိ တိုးမယ်ဆိုတာ က နိုင်ငံရဲ့ ဘတ်ဂျက်ပေါ်လည်း မူတည်သေးတယ်။ မဟုတ်ရင်မိဘ မရှိတာကို မသိဘဲ ကိုယ်လိုချင်တာ ငိုယိုပူဆာနေတဲ့ ကလေးတွေနဲ့ တူနေပါလိမ့်မယ်။ ရပ်ဝေးမှာ တာ ဝန်ထမ်းဆောင်သူတွေအတွက် လစာပိုတိုးပေးတာ ထက် နေရေး ထိုင်ရေး သွားလာရေး ဘေးကင်း လုံခြုံရေးတွေကို တာဝန်ယူစီမံပေး သင့်ပါတယ်။ ကုန်ဈေးနှုန်းကိုထိန်း ချုပ်ဖို့ကတော့ အရေးကြီးဆုံးပေါ့။ မဟုတ်ရင် လစာဘယ်လောက်ပဲ တိုးတိုး အဆင်ပြေပြေရပ်တည်နိုင် မှာ မဟုတ်ပါဘူး။ ခုလည်း လစာ တိုးမယ်အသံ ကြားကတည်းက ကုန် ဈေးနှုန်းက မသိမသာတက်ချင်နေ ပြီလေ။ ကုန်ဈေးနှုန်းထိန်းချုပ်တာ က ဝန်ထမ်းတွေအတွက်တင်မဟုတ် ဘဲ ပြည်သူအားလုံးအတွက်ပါ အဆင်ပြေစေမှာပါ။ နေ့စားအလုပ် သမားတွေရဲ့ဘဝတွေလည်း အသက် ရှူချောင်သွားပါလိမ့်မယ်။


ဒေါ်သီတာဦး
အလယ်တန်းပြ
အ.ထ.က(၃) ပျဉ်းမနားမြို့

လစာတိုးတဲ့အခါမှာ ဆရာ တစ်ယောက်ရဲ့ စွမ်းရည်ပေါ်မူတည် ပြီး တိုးပေးသင့်ပါတယ်။ ဒါပေမယ့် ဆရာတစ်ယောက်ရဲ့ စွမ်းရည်ကို အကဲဖြတ်မယ့်သူတွေ ကိုယ်တိုင် လည်း စွမ်းရည်ရှိရပါမယ်။ အိမ် ထောင်စုတစ်စုရဲ့ တစ်လစာအသုံး စရိတ်ဟာ အနိမ့်ဆုံး ၃ဝဝဝဝဝ   လောက်မှပြေလည်ပါမယ်။ ရပ်ဝေး မှာ တာဝန်ထမ်းဆောင်သူတွေကို တော့ နေထိုင်တဲ့ရပ်ရွာက ထိုက် သင့်တဲ့ ပံ့ပိုးကူညီမှုရှိရပါမယ်။ ကုန်ဈေးနှုန်းကြီးတာကို ထိန်းချုပ် တာကတစ်ပိုင်း၊ လစာတိုးသင့်တာ ကတစ်ပိုင်း ကိုယ့်အပိုင်းနဲ့ကိုယ် ဆောင်ရွက်ကြရမယ်လို့ ထင်ပါ တယ်။


ဦးကိုကိုဝင်း
အလယ်တန်းပြ   ၊   အ.မ.က (မူလွန်)
အေးမြင့်သာယာ ၊ ဗုဒ္ဗသီရိမြို့နယ် ၊
နေပြည်တော်
ပုဗ္ဗသီရိမြို့နယ် နေပြည်တော်

ရာထူးရော လုပ်သက်ပါနှစ်မျိုးစလုံး ထည့်သွင်းစဉ်းစားပြီးမှ လစာတိုး ပေးသင့်ပါတယ်။ အနိမ့်ဆုံးလစာ ၃သိန်းကျပ်ထားသင့်ပါတယ်။ ရပ်ဝေးဝန်ထမ်းကို လစာပိုမပေး ချင်လည်း အခြားစရိတ်အနေနဲ့ ထပ်ပေါင်းပေးသင့်ပါတယ်။

ကုန် ဈေးနှုန်းကို နိုင်ငံတော်ကတာဝန်ယူစီမံသင့်ပါတယ်။  လစာတိုးတာနဲ့ ကုန်ဈေးနှုန်း လိုက်မတက်သင့် ဘူးလို့မြင်ပါတယ်။ လူတန်းစား အားလုံးအတွက် သင့်တော်တဲ့ လစာနဲ့ ကုန်ဈေးနှုန်း လိုက်လျော ညီထွေဖြစ်လာစေဖို့ သက်ဆိုင်ရာ အကြီးအကဲတွေက ဆောင်ရွက်   ပေးသင့်ပါတယ်။

ခိုင်သဇင်ဦး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*