ကမ္ဘောဒီးယားနိုင်ငံတွင် ယမန်နေ့ ညပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် ခွန်ခမာလက်ဝှေ့ပြိုင်ပွဲအတွင်း ONE Championship ကစားသမား ခမာနာမည်ကျော်ဖိုက်တာ Chan Roth ana ကို ရိုးရာလက်ဝှေ့ဖိုက်တာ ရဲလင်းဦးက အလဲထိုးဖြင့်အနိုင်ယူခဲ့ကြောင်း သိရသည်။
ရိုးရာဖိုက်တာ ရဲလင်းဦးနှင့် ခမာဖိုက်တာ Chan Rothana သည် (၉)မိနစ် (၁)ချီ အလဲထိုးစနစ်ဖြင့် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ရာ ပွဲချိန်(၂)မိနစ် စက္ကန့်(၃၀)အချိန်တွင် အလဲထိုးဖြင့် ပွဲသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
” Chan Rothana လို MMA ကစားသမားအလဲထိုးနိုင်တာ ပထမတော့ မဖြစ်နိုင်ဘူးလို့ ထင်ထားတာ။ သူက Stand Fight အရမ်းကောင်းတဲ့သူလေ။ သဘာလည်းရင့်ပါတယ်။ ရဲလင်းဦးက အမှောက်သိပ်ခဲ့တော့ အံ့တောင်ဩတယ်။ ရဲလင်းဦး ကစားသွားပုံက အခုရိုးရာဖိုက်တာတွေကို အမြဲပြောနေရတဲ့ သ-တ်ကိုးသ-တ် မောင်းကိုး မောင်း အစုံက စားသွားတာကြောင့်ပါ”ဟု ရိုးရာပရိတ်သတ်တစ်ဦးက ဆို သည်။
အသက် (၂၁)နှစ်အရွယ် ရဲလင်းဦးသည် စစ်ကိုင်းတိုင်း၊ ဆားတောင်နယ်သားတစ်ဦးဖြစ်ပြီး ရိုးရာလက်ဝှေ့ပြိုင်ပွဲ (၁၀)ပွဲ ထိုးသ-တ်ထားသည့်အနက် ရှုံးပွဲမရှိသေးဘဲ ခွန်ခမာလက်ဝှေ့ပွဲတွင် (၂)ပွဲထိုး (၁)ပွဲရှုံး မှတ်တမ်းရှိထားသူတစ်ဦးဖြစ်သည်။
