Saturday, September 19, 2026

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊...

မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း...

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ထရမ့်က လေဆိပ်အထိ...

ဝါရှင်တန်၊ စက်တင်ဘာ ၁၉ အမေရိကန်ပြည်ထောင်စုသို့ လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဝါရှင်တန်ဒီစီအနီးရှိ Joint Base Andrews စစ်အခြေစိုက်စခန်းလေဆိပ်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က...

ရုရှားနှင့် အီရန်အပေါ် ပိတ်ဆို့အရေးယူမှု တိုးချဲ့သည့်...

ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ တိုးချဲ့ရန်နှင့် အီရန်နိုင်ငံအပေါ် လက်ရှိပိတ်ဆို့အရေးယူမှုများကို သက်တမ်းတိုးရန် ပြဋ္ဌာန်းထားသည့် ဥပဒေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ...

ကမ္ဘာ့ဖလားဝင် နယူးဇီလန် U-17 အသင်းကို...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ဂျပန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၂၈) ကြိမ်မြောက် International Youth Soccer in Niigata ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင်...
HomeCelebrities' NewsNew Year မွာ...

New Year မှာ ဂျပန်နိုင်ငံကိုအလည်အပတ် သွားဖို့ စီစဉ်ထားတဲ့ သရုပ်ဆောင်အောင်ရဲလင်း

ပရိသတ်ရဲ့ ချစ်ခင်အားပေးမူ ရရှိထားတဲ့ သရုပ်ဆောင် အောင်ရဲလင်းကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေသလို ဗီဒီယိုဇာတ်ကားတွေ ပြန်ရိုက်လည်ရိုက်ကူးမှာဖြစ်ပါတယ်။ ဇာတ်ကားတွေ ရွေးချယ်ရိုက်ကူးဖြစ်နေပြီး အဓိပ္ပယ်ရှိတဲ့ ဇာတ်ကားတွေရိုက်ကူးသွားမယ်လို့ ပြောလာတဲ့ သရုပ်ဆောင် အောင်ရဲလင်းက ….

“ ဗီဒီယိုကား ကားတစ်ကား ရိုက်ဖို့ရှိပါတယ်။ ဗီဒီယိုပြန်ရိုက်ဖြစ်တဲ့ အကြောင်းကတော့ လာကမ်းလှမ်းတယ်။  ဗီဒီယိုဆိုရင်လည်း ဇာတ်လမ်းကြည့်ပြီး လက်ခံသွားမှာပါ။ ရုပ်ရှင်ကားတွေလည်း အများကြီးထွက်ဖို့ ကျန်နေသေးပါတယ်။  ဆယ့်ငါးကား ဆယ့်ခြောက်လောက်တော့ ကျန်မယ်ထင်ပါတယ်။ ပရိသတ်တွေကို စောင့်ကြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော် ပိုပြီးတော့လည်း ကြိုးစားထားပါတယ်။ သိပ်မကြာခင်မှာ ထွက်လာတော့မှာပါ။ အဓိပ္ပယ်ရှိတဲ့ ဇာတ်ကားတွေ အဓိပ္ပာယ်ရှိတဲ့ ဇာတ်လမ်းတွေကို ရိုက်ချင်ပါတယ်။  လက်ခံရိုက်ကူးဖြစ်တာကတော့ အဓိကဇာတ်လမ်းပါဘဲ။ ဇာတ်လမ်းကောင်းမှ ကျွန်တော်ရိုက်ချင်တယ်။ ဇာတ်လမ်းမကောင်းရင် မရိုက်ချင်ဘူး။ အဓိက အသက်သွေးကြောက ဇာတ်လမ်းဖြစ်တဲ့အတွက် ဇာတ်လမ်းကိုဘဲ အဓိက ထားပြီး ရွေးချယ်သွားမှာပါ။ နောက်ပိုင်းမှာ ပိုပြီးကောင်းတဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။” လို့ပြောပြခဲ့ပါတယ်။

နှစ်သစ်မှာလည်း ဂျပန်နိုင်ငံရဲ့ ဆောင်ရာသီကို မရောက်ဖူးသေးတဲ့အတွက် ဂျပန်နိုင်ငံကို ခရီးသွားဖို့ စီစဉ်ထားကြောင်းကိုလည် သရုပ်ဆောင် အောင်ရဲလင်းက ခုလိုပြောပြခဲ့ပါတယ်။

“ New year ကတော့ အရင်က ဒီမှာလည်နေပါတယ်။ ခရီးလည်သွားဖြစ်ပါတာယ်။ ဒီနှစ်မှာတော့ ခရီးသွားဖို့စီစဉ်ထားပါတယ်။ အဲ့တာလေးအကောင်အထည်ပေါ်ရင်တော့ New Year ကို နိုင်ငံခြားမှာ ဖြတ်သန်းဖြစ်မှာပါ။ သွားမှာကတော့ ဂျပန်ဖြစ်ဖို့များပါတယ်။ ဒီအချိန်ကတော့ ဂျပန်မှာတော်တော်အေးတယ်ပြောတယ်။ ကျွန်တော်က ဂျပန်နွေရာသီဘဲ ရောက်ဖူးတာလေ။ ဂျပန်ရဲ့ ဆောင်းရာသီကို မရောက်ဖူးသေးဘူး အဲ့တာကြောင့်လည်း သွားချင်တာပါ။” လို့ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071