Saturday, April 18, 2026

အကျဥ်းသား၊ အကျဥ်းသူများကို လွတ်ငြိမ်းခွင့်ပြုခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)က အကျဥ်းသား၊ အကျဥ်းသူ များအား ပြစ်ဒ-ဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးရှုထောင့်တို့အရ ကောင်းမွန်သည့်ရလဒ်များရရှိစေသည်ဟု...

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီ ဇယ်ဆီတစ်ဂါလံလျင်(၁)သောင်းကျပ်နှုန်းဖြင့် တောင်...

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ်ဒီဇယ်ဆီများကို နေပြည်တော်ရှိ တောင်သူများထံအထူးသက် သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ ထိုသို့ ရောင်းချပေးလျက်ရှိရာ...

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ကားနှင့် Hijet ကားတိုက်...

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ယနေ့ ဧပြီ ၁၈ ရက်ညနေ ၄ နာရီခွဲခန့်က ခရီးသည်တင်ကားနှင့် Hijet ကားတိုက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ...

သီရိလင်္ကာစွမ်းအင်ဝန်ကြီး ရာထူးမှ နုတ်ထွက်

အဂတိလိုက်စားမှုနှင့် အရည်အသွေးမမီသော ကျောက်မီးသွေးဝယ်ယူမှုဆိုင်ရာ ပြင်းထန်သောစွပ်စွဲချက်များကြောင့် သီရိလင်္ကာစွမ်းအင်ဝန်ကြီး ကူမာရာ ဂျာယာကိုဒီသည် သောကြာနေ့တွင် ၎င်း၏ ရာထူးမှ နုတ်ထွက်ခဲ့သည်။ သီရိလင်္ကာသို့ ကျောက်မီးသွေးတင်သွင်းမှုများတွင် မူမမှန်သောလုပ်ရပ်များအပေါ်...
HomeNewsLocal NewsNaypyitaw State Polytechnic...

Naypyitaw State Polytechnic University ကို နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီး တစ်ခု ဖြစ်လာစေရန်ရည်ရွယ်၍ တိုးချဲ့ဖွင့်လှစ်ခဲ့သည်ဟု နစကဥက္ကဋ္ဌ ပြော

ယနေ့ နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့်ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်လိုအပ်သည့် အရည်အသွေးမြင့်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး၊ နိုင်ငံတော်အတွက်လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များပိုမိုမွေးထုတ်လေ့ကျင့်ပေးနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်မှုကိုအထောက်အကူပြုနိုင်ရေးရည်ရွယ်ချက်များဖြင့် နေပြည်တော်နည်းပညာတက္ကသိုလ်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်တွင် အစိုးရနည်းပညာကောလိပ်(နေပြည်တော်)အဖြစ်မှ တက္ကသိုလ်အဖြစ်အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သည်ဟု ပြောသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အင်ဂျင်နီယာအထူးပြုဘာသာရပ်(၆)ခုကိုသင်ကြားပေးခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စိုက်ပျိုးရေးအင်ဂျင်နီယာအထူးပြုဘာသာရပ်ကိုတိုးချဲ့ဖွင့်လှစ်ခဲ့ကာ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နေပြည်တော်နည်းပညာတက္ကသိုလ်အား Naypyitaw State Polytechnic University အဖြစ်ပြောင်းလဲတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်ဟု ပြောသည်။

Naypyitaw State Polytechnic University အဖြစ်ပြောင်းလဲတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီးနောက် အင်ဂျင်နီယာအထူးပြုဘာသာရပ်များအပြင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘာသာရပ်များကိုပါ တိုးချဲ့ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့သည်ဟု ပြောသည်။

” Naypyitaw State Polytechnic University ကို ရန်ကုန်နည်းပညာတက္ကသိုလ်နဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွေနည်းတူ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုဖြစ်လာစေဖို့ရည်ရွယ်ပြီး တိုးချဲ့ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ အင်ဂျင်နီယာအထူးပြုဘာသာရပ်ဌာန(၇)ခု၊ ကွန်ပျူတာအထူးပြုဘာသာရပ်ဌာန(၄)ခု၊ တခြားအထောက်အကူပြုဘာသာရပ်ဌာန(၅)ခု၊ သင်ကြားရေးဌာနစုစု ပေါင်း(၁၆)ခုနဲ့ ပြည့်စုံအောင်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် အင်ဂျင်နီယာအထူးပြုဘွဲ့(၇)မျိုးနှင့် ကွန်ပျူတာအထူးပြုဘွဲ့ (၂)မျိုး(စုစုပေါင်းဘွဲ့ ၉ မျိုး) ကို အပ်နှင်းသွားမည်ဖြစ်ကာ တစ်နှစ်လျှင်အင်ဂျင်နီယာအထူးပြုကျောင်းသား(၂၇၀)ဦး၊ ကွန်ပျူတာအထူးပြုကျောင်းသား(၁၂၀)ဦး(စုစုပေါင်း ၃၉၀ ဦး)ခေါ်ယူသွားမည်ဖြစ်ပြီး အင်ဂျင်နီယာအထူးပြုဘာသာရပ်အား စာသင်နှစ်(၅) နှစ်၊ ကွန်ပျူတာအထူးပြုဘာသာရပ်အား စာသင်နှစ်(၄)နှစ်စီ သင်ကြားပို့ချပေးသွားမည်ဟု ပြောသည်။

ထို့အတူ Naypyitaw State Polytechnic University အား Smart University ဖြစ်လာစေရေး၊ နိုင်ငံတကာပိုလီတက္ကနစ်တက္ကသိုလ်များ နည်းတူ အထူးပြုနယ်ပယ်ပေါင်းစုံနှင့် ဘွဲ့လွန်ဒီဂရီသင်တန်းများကိုပါ တိုးမြှင့်ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံ့အကျိုးပြုသုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် အဆင့်ဆင့်ဆက်လက်ဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အကျဥ်းသား၊ အကျဥ်းသူများကို လွတ်ငြိမ်းခွင့်ပြုခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျ-က်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးရှုထောင့်တို့အရ ကောင်းမွန်သည့်ရလဒ်များရရှိစေသည်ဟု လူ့အခွင့်အရေးကော်မရှင်ထုတ်ပြန်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)က အကျဥ်းသား၊ အကျဥ်းသူ များအား ပြစ်ဒ-ဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးရှုထောင့်တို့အရ ကောင်းမွန်သည့်ရလဒ်များရရှိစေသည်ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ချက်အမှတ်(၄/၂၀၂၆)ဖြင့် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်သမ္မတက အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင်ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဥ်းသူများကို ၎င်းတို့ကျခံနေရသော ပြစ်ဒ-ဏ်အသီးသီးမှပြစ်ဒ-ဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်း၊ အကျဉ်းသား/အကျဥ်းသူ(၄,၃၃၅)ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒ-ဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပြုခြင်းများပြုလုပ်ပေးခဲ့သည်။ ထို့ပြင် ပြစ်ဒ-ဏ်ကျခံနေသည့် နိုင်ငံခြားသား အကျဉ်းသား/အကျဥ်းသူ(၁၇၉)ဦးတို့ကိုလည်း ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒ-ဏ်များကိုလွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒ-ဏ်ပေးခြင်း၊ စည်းကမ်းသတ်မှတ်ချက်ဖြင့်ကျခံရန်ကျန်ရှိသော ပြစ်ဒ-ဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင်ပြုခြင်းတို့ကိုလည်းပြုလုပ်ပေးခဲ့သည်။ ထိုသို့ ပြုလုပ်ပေးခြင်းအား...

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီ ဇယ်ဆီတစ်ဂါလံလျင်(၁)သောင်းကျပ်နှုန်းဖြင့် တောင် သူများထံတိုက်ရိုက်ရောင်းချပေး

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ်ဒီဇယ်ဆီများကို နေပြည်တော်ရှိ တောင်သူများထံအထူးသက် သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့ ဧပြီ ၁၈ ရက်တွင် လယ်ဝေးမြို့နယ်ရှိ ကျေးရွာများအတွက် စုရပ်(၃)နေ ရာ၊ ပျဥ်းမနားမြို့နယ်ရှိ ကျေးရွာများအတွက် စုရပ်(၂) နေရာ၊ ဇေယျာသီရိမြို့နယ်ရှိ ကျေးရွာများအတွက် စု ရပ်(၂)နေရာတို့ရှိ လယ်ယာစိုက်ပျိုးရေးကဏ္ဍသုံး စက် ပစ္စည်းများ၌အသုံးပြုရန် ပြည်တွင်းထုတ်ဒီဇယ်ဆီ (၄,၅၂၄)ဂါလံကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့သည်။ ထို့ပြင် တပ်ကုန်းမြို့နယ်ရှိ နွေစပါးနှင့် ဆီထွက်သီးနှံထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော ကျေးရွာများသို့လည်း...

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ကားနှင့် Hijet ကားတိုက် ဘုန်းကြီးနှင့် ကိုရင်(၆)ပါးအပါအ ဝင် (၉)ဦးပျံလွန်/သေဆုံး (၁၀)ပါး/ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ယနေ့ ဧပြီ ၁၈ ရက်ညနေ ၄ နာရီခွဲခန့်က ခရီးသည်တင်ကားနှင့် Hijet ကားတိုက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သထုံမြို့နယ်ရှိ ရန်ကုန်- မော်လမြိုင်သွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၀၄/၅ တွင် ခရီးသည်တင်ကားနှင့် Hijet ကားတိုက်မိသဖြင့် သထုံမြို့နယ်မီးသတ်စခန်းနှင့် ကျိုက္ကော်နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် Hijet ကားပေါ်တွင်လိုက်ပါလာသူ (၁၉) ဦးအနက် ဘုန်းကြီး(၅)ပါး၊ ကိုရင်(၁)ပါး၊ အမျိုးသား (၃)ဦးတို့မှာထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ ပျံလွန်/သေဆုံးသွားခဲ့ပြီး ဘုန်းကြီး(၇)ပါးနှင့် အမျိုး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071