Home Movies လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီ ဇယ်ဆီတစ်ဂါလံလျင်(၁)သောင်းကျပ်နှုန်းဖြင့် တောင် သူများထံတိုက်ရိုက်ရောင်းချပေး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီ ဇယ်ဆီတစ်ဂါလံလျင်(၁)သောင်းကျပ်နှုန်းဖြင့် တောင် သူများထံတိုက်ရိုက်ရောင်းချပေး

0
94

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ်ဒီဇယ်ဆီများကို နေပြည်တော်ရှိ တောင်သူများထံအထူးသက် သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့ ဧပြီ ၁၈ ရက်တွင် လယ်ဝေးမြို့နယ်ရှိ ကျေးရွာများအတွက် စုရပ်(၃)နေ ရာ၊ ပျဥ်းမနားမြို့နယ်ရှိ ကျေးရွာများအတွက် စုရပ်(၂) နေရာ၊ ဇေယျာသီရိမြို့နယ်ရှိ ကျေးရွာများအတွက် စု ရပ်(၂)နေရာတို့ရှိ လယ်ယာစိုက်ပျိုးရေးကဏ္ဍသုံး စက် ပစ္စည်းများ၌အသုံးပြုရန် ပြည်တွင်းထုတ်ဒီဇယ်ဆီ (၄,၅၂၄)ဂါလံကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

ထို့ပြင် တပ်ကုန်းမြို့နယ်ရှိ နွေစပါးနှင့် ဆီထွက်သီးနှံထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော ကျေးရွာများသို့လည်း ပြည်တွင်းထုတ်ဒီဇယ်ဆီများကို ဆက်လက်ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကာ ကျန် တိုင်းနှင့် ပြည် နယ်များမှ တောင်သူများအတွက်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ထောက်ခံချက်ဖြင့် ပြည်တွင်းထုတ်ဒီဇယ်ဆီများကို သက်သာသောစျေးနှုန်းဖြင့်ဖြန့်ဖြူးရောင်းချပေးရန်စီစဥ်လျက်ရှိသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ နေပြည်တော်ရှိ တောင်သူများကို စက်သုံးဆီအခက်အခဲလျော့နည်းသက်သာစေရေးနှင့် စျေးနှုန်းသက်သာစွာဖြင့် အလွယ် တကူဝယ်ယူရရှိနိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသည့်ကျေးရွာများသို့ ပြည်တွင်းထုတ်ဒီဇယ်ဆီ တစ်ဂါလံလျင် (၁၀,၀၀၀)ကျပ်နှုန်း လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here