အဂတိလိုက်စားမှုနှင့် အရည်အသွေးမမီသော ကျောက်မီးသွေးဝယ်ယူမှုဆိုင်ရာ ပြင်းထန်သောစွပ်စွဲချက်များကြောင့် သီရိလင်္ကာစွမ်းအင်ဝန်ကြီး ကူမာရာ ဂျာယာကိုဒီသည် သောကြာနေ့တွင် ၎င်း၏ ရာထူးမှ နုတ်ထွက်ခဲ့သည်။
သီရိလင်္ကာသို့ ကျောက်မီးသွေးတင်သွင်းမှုများတွင် မူမမှန်သောလုပ်ရပ်များအပေါ် စုံစမ်းစစ်ဆေးရန် သမ္မတ အန်နူရာ ကူမာရာ ဒစ်ဆာနာယက်က ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးခဲ့ပြီးနောက် ၎င်း ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
သမ္မတ၏ အထူးစုံစမ်းစစ်ဆေးရးကော်မရှင်က ဆောင်ရွက်မည့် ဘက်မလိုက်သော လွတ်လပ်စွာစုံစမ်းစစ်ဆေးမှုကို လွယ်ကူချောမွေ့စေရန် ဝန်ကြီးသည် ဝန်ကြီးဌာန အတွင်းဝန်နှင့်အတူ ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အစိုးရပိုင် Lanka Coal ကုမ္ပဏီလီမီတက် သို့မဟုတ် ၎င်း၏ ဆက်ခံသူများ၏ ကျောက်မီးသွေးတင်သွင်းမှုနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများတွင် မူမမှန်မှုများ သို့မဟုတ် တရားမဝင်လုပ်ရပ်များဖြစ်ခဲ့ခြင်း ရှိမရှိကို စစ်ဆေးရန် ကော်မရှင်ကို တာဝန်ပေးအပ်ထားကြောင်း သမ္မတရုံးပြန်ကြားရေးဌာန၏ အစောပိုင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
လာဘ်ပေးလာဘ်ယူမှု သို့မဟုတ် အဂတိလိုက်စားမှုစွပ်စွဲချက်များဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်က တင်သွင်းသော အဂတိလိုက်စားမှုတွင် စွဲချက်တင်ပြီးနောက် သီရိလင်္ကာရူပီး တစ်သန်း အာမခံဖြင့် မတ်လအနှောင်းပိုင်းတွင် ကိုလံဘို အထက်တရားရုံးက အာမခံပေးခဲ့သည်။ စွဲချက်တင်ခဲ့မှုအရ မစ္စတာ ဂျာယာကိုဒီသည် Lanka Fertiliser ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်စဉ် ၂၀၂၆ ခုနှစ်က ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို ကုန်ဝယ်ယူရေးလုပ်ငန်းစဉ်အတွက် ချပေးခဲ့ရာတွင် အစိုးရကို ရူပီး ၈ ဒဿမ ၈ သန်းကျော် ဆုံးရှုံးစခဲ့သည်ဟု စွပ်စွဲထားခဲ့သည်။
Ref: တီအိပ်ချ်