Home News Local News Naypyitaw State Academy ကို သုတေသနရှေ့ပြေးတက္ကသိုလ်အဖြစ် ထူထောင်ရေး ပြင်ဆင်

Naypyitaw State Academy ကို သုတေသနရှေ့ပြေးတက္ကသိုလ်အဖြစ် ထူထောင်ရေး ပြင်ဆင်

0
102

Naypyitaw State Academy ကို သုတေသနရှေ့ပြေးတက္ကသိုလ်အဖြစ် ထူထောင်ရေး ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်က လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကြည့်ရှူစစ်ဆေးရာ၌ ပြည်ထောင်စုဝန်ကြီးက အကောင်အထည်ဖော်ရမည့် ကိစ္စရပ်များကို လာရောက်
လေ့လာခြင်းဖြစ်ကာ Naypyitaw State Academy သည် နိုင်ငံ့ဦးဆောင်တက္ကသိုလ်တစ်ခုဖြစ်သည့် အားလျော်စွာ ရှေ့ပြေး Pilot Project များကို အမြဲတမ်းပါဝင်ဆောင်ရွက်ရမည် ဖြစ်သည်ဟုလည်း ဆိုသည်။

ထို့အတူ Naypyitaw State Academy၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် Centre for Research and Innovation (CRI) ကို စတင်ထူထောင်အကောင် အထည်ဖော်သွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။

ထို့အပြင် Naypyitaw State Academy တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူသားအရင်းအမြစ်များ၊ နိုင်ငံတကာအဆင့်မီ သုတေသနစက်ပစ္စည်းများ သင့်တင့်စွာ ဖြည့်ဆည်းထားပြီးဖြစ်သဖြင့် နိုင်ငံတော်အတွက် အကျိုးရှိပြီး ထိရောက်သော သုတေသနများ ထွက်ပေါ်လာစေရန် ရက် ၁၀၀ အတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here