Thursday, May 14, 2026

ကျောင်းကုန်းမြို့နယ်တွင် Football For School...

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု...

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း...

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ်...

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ...

အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း...
HomeCelebrities' NewsMusic Video ထွက်တဲ့နေ့မှာပဲ...

Music Video ထွက်တဲ့နေ့မှာပဲ Fashion Brand အသစ်တစ်ခုကို မိတ်ဆက်လိုက်သူ ချမ်းငြိမ်းကို

‘အမှားနဲ့ မကင်းတဲ့လူ’ တစ်ကိုယ်တော်အခွေ Audio CD ထွက်ရှိခဲ့တာ ၂ နှစ်နီးပါးကြာပြီးတဲ့ အခါမှာတော့ ဟစ်ဟော့ပ်အဆိုတော် ချမ်းငြိမ်းကိုက ဇန်နဝါရီ ၁၄ ရက်နေ့မှာ ‘အမှားနဲ့ မကင်းတဲ့လူ’ Music Video ထွက်ရှိပြီဖြစ်ပါတယ်။ သီချင်းရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး ချမ်းငြိမ်းကိုက –

“အခွေထဲက ‘အချစ် R စေ’ ဆိုတဲ့သီချင်းကတော့ တည်ရင်း၊ တည်ရင်းနဲ့ မရိုက်ဖြစ်လိုက်ဘူး။ အဲဒီအထဲမှာ ‘ဂျင်း’ဆိုတဲ့ သီချင်းဆိုလို့ရှိရင် ကျွန်တော်ရယ်၊ စည်သူချိုကြီးရယ်၊ ကိုဝေလရယ်၊ အွန်ဆိုင်းရယ် သရုပ်ဆောင်ထားတယ်။ ဒါရိုက် တာကတော့ ကိုဏကြီး ရိုက်ကူးထားတာပေါ့။ G Family သီချင်းကလည်း G Family ပုံစံပါပဲ။ G Familyကလူတွေနဲ့။ ဒါရိုက်တာကတော့ မီးလော့(ဖ်)ပေါ့။FG Entertainment ကရိုက် ထားတာပါ။ ၂ နှစ်ကျော်ကြာ အချိန်ယူထားတဲ့ ဒီအခွေကို သေသေ ချာချာလေးပြင်ဆင်ပြီးမှ ထွက်ရှိလာတာပါ” လို့ ပြောပါ တယ်။

အခွေ ထွက်တဲ့နေ့မှာ Fashion Brand အသစ်တစ်ခုကို မိတ်ဆက်ခဲ့တဲ့ ချမ်းငြိမ်းကိုက”BTTF ကျွန်တော်ရယ်၊ စည်သူချိုကြီး ရယ်၊ ရွှေထူးရယ်၊Lil’z ရယ် ၄ယောက်ပေါင်းပြီးတော့ အသစ်ထပ်လုပ် ထားတဲ့ Brand ပေါ့နော်။ အဲဒါကတော့ Clothing အသစ်တစ်ခု ပေါ့နော်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ ယောက်ျားလေး Street Wear ကိုပဲ ပုံစံအသစ်တစ်ခုအနေနဲ့ အရောင်တွေ၊ ကာလာတွေနဲ့ သွားထားပါတယ်”လို့ ပြောပြခဲ့ပါတယ်။ စည်သူချိုကြီးရယ်၊ ရွှေထူးရယ်၊Lil’z ရယ်နဲ့  အကြိုက်ချင်းတူသွားတဲ့အတွက်Back To the Future(BTTF) ကိုထုတ်ဖြစ်တာ ပါလို့ဆိုတဲ့ ချမ်းငြိမ်းကိုက

 “ကျွန်တော့်ကို အားပေးတဲ့သူတွေရော၊ Stable Edge နဲ့ ကို အားပေးတဲ့သူတွေရော၊ အခုအသစ်ထပ်လုပ်မယ့် BTTF ကို အားပေး မယ့်သူတွေရောကို တကယ်ပြော တာပါ။ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ အခုသွားနေတဲ့လမ်းဆိုတာက ကျွန်တော် တို့အသိုင်းအဝိုင်းက သိပ်မကြီးသေးဘူး။ ကျွန်တော်တို့ အကြိုက်ချင်းတူတဲ့ သူတွေအားလုံး အကြီးကြီးဖြစ်အောင်ဆက်သွားကြမယ်ပေါ့” လို့ ပြောပြခဲ့ပါ တယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071