Friday, April 17, 2026

လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မိဘပြည်သူများအားလုံးက နိုင်ငံတော်ငြိမ်းချမ်းသာယာရေးကို အလေး...

နိုင်ငံတော်ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးမှ ယနေ့ ဧပြီ ၁၇ ရက်တွင်ကျရောက်သည့် မြန်မာနှစ်သစ်ကူး(နှစ်ဆန်းတစ်ရက်နေ့)က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာ၌ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံတော်ကြီးသည် ပြည်သူများ...

နှစ်သစ်တွင် တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ထာဝရငြိမ်းချမ်းရေး၊...

နှစ်သစ်တွင် တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ထာဝရငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့် မြတ်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မိမိတို့အားလုံး တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ အဘက်ဘက်ကမြင့်မားတိုးတက်ကြပါစေဟု နိုင်ငံတော်...

ဒု-သမ္မတနှစ်ဦးအပါအဝင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော်အ တွက် ထူးကဲစွာအမှုထမ်းသူ၊ အကျိုးဆောင်သူများဖြစ်သည့် ဒု-သမ္မတနှစ်ဦးအပါအဝင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခဲ့သည်။ ဒု-သမ္မတဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့အား နိုင်ငံ တော်သမ္မတက သုဓမ္မသင်္ဂဟဘွဲ့ဖြစ်သည့်...

သေဒဏ်ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက်သို့ လျှော့ပေါ့ ကျခံစေရန်...

မြန်မာနှစ်သစ်မင်္ဂလာအခါ သမယ အထိမ်းအမှတ်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်(၃၉) အရ သေဒဏ်ပြစ်ဒဏ်ကျခံနေရသူများ ကို ထောင်ဒဏ်တစ်သက် နှင့် ထောင်ဒဏ်တစ်သက်ကျခံနေရသူများကို ထောင်ဒဏ် နှစ်...
HomeNewsEntertainment NewsMrs. Tourism Queen...

Mrs. Tourism Queen International 2018 ပြိုင်ပွဲက မြန်မာကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် အိမ် ထောင်ရှ င် အလှမယ်ဟန်နီချို

လက်ရှိမြန်မာနိုင်ငံမှာ အလှ မယ်ပြိုင်ပွဲတွေကို ခမ်းခမ်းနားနား ကျင်းပပြီး နိုင်ငံတကာပြိုင်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်တွေ စေလွှတ် ယှဉ်ပြိုင်စေခဲ့သလို အိမ်ထောင်ရှင် အလှမယ်တွေအတွက်လည်း အခွင့်အ လမ်းတွေ များစွာပေါ်ပေါက်လာခဲ့ပါ တယ်။ အခုအခါမှာ အိမ်ထောင်ရှင်မ တစ်ဦးလည်းဖြစ်၊ အလှမယ်တစ်ဦး လည်းဖြစ်တဲ့ ဟန်နီချိုက ဇွန်လ ၂၃ ရက်မှ ၃ဝ ရက်အထိ မလေးရှားနိုင်ငံ မှာ ကျင်းပမယ့် Mrs. Tourism Queen International 2018 ပြိုင်ပွဲကို မြန်မာကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဦးမှာပါ။ အလှမယ် ဟန်နီချိုကတော့ လက်ရှိအချိန်မှာ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး သားနှစ်ဦးနဲ့ သမီးတို့ရဲ့ စံပြမိခင် တစ်ဦးဖြစ်သလို လူမှုအကျိုးပြု လုပ် ငန်းတွေမှာလည်း စွမ်းစွမ်းတမံလုပ် ဆောင်နေသူတစ်ဦးလည်း ဖြစ်ပါ တယ်။ နိုင်ငံတကာပြိုင်ပွဲအတွေ့အ ကြုံမရှိသေးတဲ့ အလှမယ်ဟန်နီချိုက ပြိုင်ပွဲအတွက် ဘာတွေပြင်ဆင် နေပြီလဲဆိုတာ မေးမြန်းတော့ …

“ကျွန်မအနေနဲ့ နိုင်ငံတကာပြိုင် ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အရေး အကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့လိုအပ်တယ်လို့ထင်ပါတယ်။ ကျွန်မရဲ့ တစ်ဦးတစ်ယောက် တည်း အရည်အချင်းနဲ့ ယှဉ်ပြိုင်တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကိုယ်စားပြု အိမ်ထောင်ရှင် မိခင်တွေကိုယ်စား သွားရောက်ယှဉ်ပြိုင်ပါမယ်။ သွား ရောက်ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲရဲ့ ခေါင်းစဉ်ကိုက Tourism နဲ့ပတ်သက် တာဆိုတော့ မြန်မာနိုင်ငံနဲ့ပတ်သက် တဲ့ အလှအပတွေ၊ လည်ပတ်စရာ နေရာတွေကို ၅ မိနစ်စာ ရိုက်ကူး ပြင်ဆင်နေပါတယ်။ တခြားအလှ အပပိုင်း၊ ဗဟုသုတပိုင်းမှာလည်း ကျွန်မတတ်နိုင်သလောက် ပြင်ဆင် သွားဦးမှာပါ။ ကျွန်မက သာမန်အိမ် ထောင်ရှင်မိခင်တစ်ယောက်ပါ။ စီး ပွားရေးကလည်း ဒီဘက်ခေတ်မှာ မျက်ခြေပြတ်လို့ မဖြစ်ပါဘူး။ ဝင်ငွေ ဘယ်လောက်ရယ် မဟုတ်ပါဘူး။ကိုယ်ရဲ့ယုံကြည်ချက်တွေလည်း ပိုပြီး မြင့်မားလာမယ်လို့ထင်တဲ့အတွက် တစ်ပိုင်တစ်နိုင်စီးပွားရေးလေး လုပ် ပါတယ်။ တစ်ဖက်မှာလည်း သား သမီးတွေကို မိခင်တစ်ယောက် အနေနဲ့ သြဇာသက်ရောက်အောင် အိမ်ထောင်ထိန်းသိမ်းမှုကောင်း အောင်လည်း ကြိုးစားပါတယ်”လို့ အလှမယ် ဟန်နီချိုက ပြောပြပါ တယ်။

အလှမယ် ဟန်နီကို Myanmar Tourism Queen International 2018အလှမယ်ဘွဲ့ ပေးအပ်ခြင်းနဲ့ ဂုဏ်ပြုပွဲကိုတော မေ လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ဆူးလေရှန်ဂရီလာဟိုတယ်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

မြတ်မိုးပွင့်၊
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071