Friday, May 16, 2025

ရှမ်းယူနိုက်တက် အသင်းခေါင်းဆောင် ထက်မြက်လွင်အား (၃)...

Yangon Royals အသင်းသည် လာမည့်မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မြန်မာယူ - ၁၉ အသင်းနှင့် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းခေါင်းဆောင်...

မိုးရာသီကာလ အဖြစ်များသည့် ရာသီတုပ်ကွေးရောဂါကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးနှိုးဆော်

မိုးရာသီကာလအဖြစ်များသည့် ရာသီတုပ်ကွေးရောဂါ ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးမှုကို ပြည်သူကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲက နှိုးဆော်ခြင်းထားသည်။ အဆိုပါ တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးသည် အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်တတ်ပြီး၊ နှာချေ...

ကသာမြို့မီးဘေးသင့်အိမ်ထောင်စုများ ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် မေလ (၁၅)ရက်နံနက်ပိုင်းက မီးဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။ ကသာမြို့၊ မြောက်ပိုင်းရပ်ကွက်၊...

ပေါ်တူဂီနည်းပြ ပေါ်လိုဆေးလ်ဗားအား ရခိုင်ယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ်...

ပေါ်တူဂီ နည်းပြပေါ်လိုဆေးလ်ဗားအား ရခိုင်ယူနိုက်တက်အသင်းက နည်းပြချုပ်အဖြစ် ပြန်လည်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင် အသိပေးထားသည်။ လက်ရှိ ယှဥ်ပြိုင်လျက်ရှိသော MNL League Cup 2025 ပြိုင်ပွဲ၀င်...
HomeNewsLocal NewsMOU လုပ်သားများ အချက်အလက်နှင့်တကွ...

MOU လုပ်သားများ အချက်အလက်နှင့်တကွ နိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်

ပြည်ပသို့ MOU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ အချက်အလက်စုံလင်စွာ ပြသနိုင်ပါက နိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်ကြောင်း သိရသည်။

“ ခုချိန်လုပ်လို့ရတာ ဗုဒ္ဓဂါယာဘုရားဖူးအတွက်(PV) နှင့် ပြည်ပအတွက်စေလွှတ်မယ့် MOU သမား (PJ) သာလုပ်လို့ရသေးတာ။ အဲဒါတွေကလည်း သူတို့ခွင့်ပြုထားတဲ့ ခရီးသွားအေဂျင်စီနဲ့ ပြည်ပအလုပ်အကိုင်လိုင်စင်ရအေဂျင်စီတွေကနေ သက်ဆိုင်ရာဌာနကို အထောက်အထားအစုံနဲ့ စာတင်ပြီးဟိုဘက်က ခွင့်ပြုမိန့်ကျမှ လုပ်လို့ရတာ။ ဒီတိုင်းလွယ်လွယ်လုပ်မရပါဘူး” ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်မည့် ကိုဇော်မင်းထွေးက ပြောသည်။

အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုပြီး အလုပ်ခေါ်စာနှင့် စေလွှတ်မည့် အလုပ်သမားများအပါအဝင် နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်မှစပြီး ယာယီရပ်ဆိုင်းထားခြင်းဖြစ်သည်။

ပြည်ပကိုသွားရောက်လုပ်ကိုင်မည့်အလုပ်သမားများ နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့် ပိတ်ထားခြင်းကြောင့် တရားမဝင်သွားရောက်မှုများ ယခင်ထက်ပိုများလာကြောင်းအလုပ်သမားအရေးဆောင်ရွက်ပေးသူတွေထံကနေ သိရသည်။

“ကျွန်မတို့ကတော့ ပုံမှန်စေလွှတ်နေပါတယ်။ အရင်စာချုပ်ချုပ်ပြီးသား သူတွေကိုပေါ့။ ပတ်စ်ပို့ရှိရင် ကျွန်မတို့ဘက်က စာချုပ်ချုပ်ပေးပါတယ်။ အခုလည်း ပတ်စ်ပို့တွေပြန်ဖွင့်ပေးနေပြီ။ လုပ်လို့ရပါတယ်”ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုဖြစ်သည့် အေးလင်းလက်ထွဋ်ဝန်ဆောင်မှုကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်တွင်းအလုပ်အကိုင်ရှားပါးလာခြင်းကြောင့် ပြည်ပထွက်ခွာအလုပ်လုပ်မည့်သူများ ပိုများလာပြီး ထိုင်းနှင့်မလေးရှားသို့ သွားရောက်သူပိုများကြောင်း၊ ယင်းအပြင် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)တွေကို ဇန်နဝါရီလကုန်တွင် ပြန်လည်ပြုလုပ်ပေးသွားမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လက်ရှိအချိန်ထိ ဖွင့်လှစ်ခြင်းမရှိသေးကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှမ်းယူနိုက်တက် အသင်းခေါင်းဆောင် ထက်မြက်လွင်အား (၃) နှစ်စာချုပ်ဖြင့် Yangon Royals အသင်းခေါ်ယူ

Yangon Royals အသင်းသည် လာမည့်မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မြန်မာယူ - ၁၉ အသင်းနှင့် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းခေါင်းဆောင် ထက်မြက်လွင်အား (၃)နှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။ အသက် (၂၁)နှစ်အရွယ် ထက်မြတ်လွင်သည် မန္တလေးအကယ်ဒမီမှ ထွက်ပေါ်ခဲ့သည့် လူငယ်လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်း ၊ ဒေးဒရဲမြို့ဇာတိဖွား တစ်ဦးဖြစ်သည်။ ၎င်းသည် ကွင်းလယ်မှ တို-က်စစ်ကို ဖော်ဆောင်ရာတွင် အကောင်းမွန်ဆုံး ပံ့ပိုးပေးနိုင်သူဖြစ်သလို ယခုနှစ် လူငယ်လိဂ်တွင် ရှမ်းယူနိုက်တက်လူငယ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြ ကစားထားကာ ပွဲစဉ် (၃)ပွဲတွင်...

မိုးရာသီကာလ အဖြစ်များသည့် ရာသီတုပ်ကွေးရောဂါကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးနှိုးဆော်

မိုးရာသီကာလအဖြစ်များသည့် ရာသီတုပ်ကွေးရောဂါ ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးမှုကို ပြည်သူကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲက နှိုးဆော်ခြင်းထားသည်။ အဆိုပါ တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးသည် အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်တတ်ပြီး၊ နှာချေ ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကို လုံအောင်ဖုံးအုပ်ရန်နှင့် လက်ကိုစနစ်တကျဆေး၍ လူစုလူဝေး ရှောင်ကြဉ်ရန်လိုအပ်ကြောင်း တိုက်တွန်းထားသည်။ ထို့ပြင် ရာသီတုပ်ကွေးရောဂါကို ပြင်းထန်စွာခံစားရနိုင်သည့် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ သက်ကြီးပုဂ္ဂိုလ်များ၊ နာတာရှည်ရောဂါ ခံစားနေရသူများနှင့် ရောဂါကူးစက်ခံရနိုင်ခြေများသည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကိုနှစ်စဉ် ခံယူကြရန်လည်း တိုက်တွန်းထားသည်။ ထို့ကြောင့် မိုးရာသီကာ ရာသီတုပ်ကွေးကူစက်ခံရပါက နီးစပ်ရာ ဆေးရုံဆေးပေးခန်းများနှင့်...

ကသာမြို့မီးဘေးသင့်အိမ်ထောင်စုများ ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် မေလ (၁၅)ရက်နံနက်ပိုင်းက မီးဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။ ကသာမြို့၊ မြောက်ပိုင်းရပ်ကွက်၊ အောင်သပြေလမ်းရှိ နံကပ်တစ်ထပ်ဂိုထောင်မှ ဆိုလာဘက်ထရီ အပူလွန်ကဲရာမှ မီးလေ-ာင်မှု မေလ (၁၂) ရက် ညနေ (၄)နာရီခွဲက ဖြစ်ပွားရာ လူနေအိမ် (၄) လုံး မီးလေ-ာင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။ ကသာမြို့ မီးဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ကယ်ဆယ်ရေး ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် ဆန်ဖိုးရိက္ခာများ စုစုပေါင်း (၇၁၀,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကသာခရိုင်ဘေးအန္တရာယ်ဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071