နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ပလတ်စတစ်ညစ် ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့ ဇွန် ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ရေဆင်းသစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ကျင်းပသည့် ၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် တိုက် တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းအ ပါအဝင် စွန့်ပစ်အမှိုက်များကို စနစ်တကျစီမံ ထိန်း ချုပ်နိုင်ရန် မြန်မာနိုင်ငံ အမျိုးသားအဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီ အစဉ်(၂၀၁၈-၂ဝ၃ဝ)ကိုရေးဆွဲထုတ်ပြန်၍ မြို့ပြနှင့်စက်မှုလုပ်ငန်းများတွင် ပေါင်းစပ်အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိကာ ပလတ်စတစ်ညစ်ညမ်းမှုထိန်းချုပ်နိုင်ရေးကို အဓိကဦးစားပေးကဏ္ဍတစ်ရပ်အနေဖြင့် ကဏ္ဍစုံပေါင်းစပ်အကောင် အထည်ဖော်နိုင်ရန် အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်ထုတ်ပြန်နိုင်ရေးအ တွက်လည်း ဆောင်ရွက်လျက်ရှိသည်ဟု ပြော သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ပလတ်စတစ်ညစ်ညမ်းမှုများကိုလျှော့ချနိုင်ရန်၊ ပြည်တွင်းရှိပလတ်စတစ်ကို ပြန်လည်ပြုပြင်ထုတ်လုပ်သည့်(Recycle)လုပ်ငန်းများ ပိုမိုတွင်ကျယ်အားကောင်းလာစေရန်၊ ပလတ် စတစ်စွန့်ပစ်ပစ္စည်းများကြောင့် အဏ္ဏဝါပတ်ဝန်း ကျင်ညစ်ညမ်းမှုကို တားဆီးကာကွယ်နိုင်ရန်ကြိုးပမ်းဆောင်ရွက်ရာ၌အထောက်အကူဖြစ်စေရန်တို့အတွက် ပင်လယ်ကမ်းရိုးတန်းဒေသရှိ စက်မှုနှင့်မြို့ပြလုပ်ငန်းဆိုင်ရာစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်လုပ်ငန်းစဉ်အဆင့်ဆင့် လိုက်နာရမည့်လုပ်ထုံးလုပ် နည်းများကို လိုက်နာကြရမည်ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်းသို့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို တရားမဝင်တင်သွင်းခြင်းမရှိစေရန် ကွန်ဗင်းရှင်းပါ ကတိကဝတ်များနှင့်အညီ စနစ်တ ကျထိန်းချုပ်စီမံဆောင်ရွက်ရန်လိုအပ်ပြီး အာဆီယံဒေသတွင်း အဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်းနှင့် အာဆီယံ မူဘောင်ကိုလည်း မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံနိုင်ငံများနှင့်အတူ လက်တွဲပူးပေါင်းဆောင် ရွက်လျက်ရှိသည်ဟု ပြောသည်။
” မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားအားလုံးအနေနဲ့ပလတ်စ တစ်ညစ်ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ တာဝန်သိတတ်တဲ့စိတ်နဲ့ လိုက်နာပူးပေါင်းဆောင်ရွက်သွားကြဖို့၊ ပ လတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးလုပ်ငန်းတွေမှာ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေနဲ့အ တူ နိုင်ငံအတွင်းမှာရှိတဲ့ ဌာနအဖွဲ့အစည်းတွေ၊ လုပ် ငန်းရှင်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ကျောင်းသားလူငယ်တွေအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးရဲ့ စုပေါင်းအားနဲ့ တက်ညီလက်ညီဝိုင်းဝန်းဖြေရှင်းပြီး ပိုမိုသန့်ရှင်းကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင်ကို တည်ဆောက်သွားကြပါ”ဟု နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌမှ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ဆုရရှိသည့် ရှမ်းပြည်နယ်(အ ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မှတာဝန်ရှိသူ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာဆုရရှိသည့် မန္တလလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာမှတာဝန်ရှိသူ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန် သော စက်ရုံဆုရရှိသည့် မန္တလေးတိုင်း၊ သာစည်မြို့ နယ်ရှိ Great Success Energy Co.Ltd (၃၀ မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း)မှတာဝန်ရှိသူတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့အတူ အမျိုးသားအဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း(အထက်တန်းအဆင့်)ပထမ၊ ဒု တိယနှင့် တတိယဆုရရှိသည့် ကျောင်းများ၊ စိမ်း လန်းစိုပြေသောကျောင်း(မူလတန်းအဆင့်)ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကျောင်းများ၊ သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအ မှတ် တက္ကသိုလ်၊ ကောလိပ်အဆင့်ဆောင်းပါးပြိုင် ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
