ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မေခမြစ်ရေ အဆမတန်မြင့်တက်မှုကြောင့် နောင်မွန်းမြို့နယ်၊ နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး (လူကူး) ကြိုးတံတား အရှည် (၃၄၀)ပေ၊ အကျယ် (၆) ပေသည် မေလ (၃၁) ရက်တွင် မြစ်အတွင်းမျေ-ာပါသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပန်နန်းဒင် မေခမြစ်ကူး(လူကူး) ကြိုးတံတား ပျ-က်စီးခဲ့မှုအား ဌာနဆိုင်ရာတာဝန် ရှိသူများက အမြန်ဆုံးပြန်လည်ဆောက်လုပ်ခဲ့ရာ ဇွန်လ (၄) ရက်တွင် ဆောက်လုပ်ပြီးစီး၍ ဒေသခံပြည်သူများ ဖြ-တ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများသည် နောင်မွန်းမြို့နယ်အတွင်းရှိ ပန်နန်းဒင်မြို့နှင့် ထလာထုကျေးရွာများရှိ ရေဘေးသင့် ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ကုန်များ တင်ဆောင်ထားသည့် မော်တော်ယာဉ် (၅) စီးအား သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ မော်တော်ယာဉ်များသည် ယနေ့နံနက်ပိုင်းတွင် ရေဘေးသင့် ပြည်သူများထံသို့ ပို့ဆောင်ရန် ပူတာအိုမြို့မှ စတင်ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။
