Thursday, April 23, 2026

Hillux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေ...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ Hilux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းထဲထိုးကျခဲ့မှု ယနေ့ ဧပြီ ၂၃ ရက်နံနက် ၁၀ နာရီခွဲခန့်ကဖြစ် ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီး...

ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ တံတားရေလယ်တိုင်နိမ့်ကျနေသော ရန်ပယ်ချောင်းတံတားပြုပြင်နေ

ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ တံတားရေလယ်တိုင်နိမ့်ကျနေသော တံတားအမှတ်(၃၄၃)ရန်ပယ်ချောင်းကူးရထားလမ်းတံတားအားပြန်လည်ပြုပြင်မှုများပြုလုပ်လျက်ရှိရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်မြိုင်မှ ဧပြီ ၂၂ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်-ပုဂံ ရထားလမ်းပိုင်း၏ ဆတ်သွား-ပရပ်ကြယ်ဘူတာကြားရှိ...

ဘောလုံးပညာနှင့်ငွေကြေးစီမံခန့်ခွဲမှုဗဟုသုတများ မျှဝေမည့် “AYA Game...

အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ဧရာဝတီဘဏ် (AYA Bank) တို့ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပြီး ဘောလုံးဝါသနာရှင် လူငယ်များအတွက် ဘောလုံးကစားခြင်းဆိုင်ရာနည်းပညာများ၊​အားကစားစိတ်ဓါတ်နှင့် စည်းကမ်းပိုင်းဆိုင်ရာများ၊​မြန်မာ့လက်ရွေးစင်...

ရန်ကုန်တွင် နေ့အပူချိန်များ ဆက်လက်မြင့်တက်နိုင်ဟု မိုး/ဇလ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ကြသူများအနေဖြင့် လာမည့်ရက်များတွင် ပိုမိုပူပြင်းသည့် ရာသီဥတုအခြေ အနေနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်ဟု ယနေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။ ​နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ...
HomeArticlesLive လွှင့်လို့ရတဲ့ အနုပညာကြေးအားလုံး...

Live လွှင့်လို့ရတဲ့ အနုပညာကြေးအားလုံး လှူဒါန်းခဲ့တဲ့ မေလသံစဉ်

#Zawgyi

အဆိုေတာ္ေမလသံစဥ္က ကုန္ပစၥည္းလိုက္လႊင့္လို႔ရရွိတဲ့ အႏုပညာေငြေၾကးတိုင္း ကို လိုအပ္ေနတဲ့ ျပည္သူေတြအတြက္ ျပန္လႉဒါန္းျဖစ္ေနပါတယ္။ မၾကာေသးမီက ဒဂုံဆိပ္ကမ္းမွ အိမ္ေၿခ ၂၀၀ အတြက္ ဆန္ဆီၾကက္သြန္အားလူးေဆးဝါး စုစုေပါင္း ၂၄သိန္းဖိုးလႉဒါန္းခဲ့သလို ဧရာ၀တီစင္တာမွာလည္း ေငြက်ပ္ ၂၂သိန္း ၈ေသာင္းတန္ ေအာက္စက္ဂ်င္စက္ ၃လုံး ကိုလည္း လႉဒါန္းခဲ့ပါေသးတယ္။ အႏုပညာေငြေၾကးေတြကို လႉဒါန္းဖို႔ ဆုံးျဖတ္ျဖစ္တာကိုေတာ့ ေမလသံစဥ္ က
“ေမလLiveလႊင့္ၿပီး ရတဲ့အႏုပညာေငြကို လုံး၀မယူဘဲ ျပန္လႉတာ အခုဆိုရင္ ၈ခုေလာက္ရွိပါၿပီ။ ကိုဗစ္ဒုတိယလွိုင္းကစၿပီး ဆုံးျဖတ္ျဖစ္သြားတာေပါ့။ အဲဒီေနာက္ပိုင္းမွာလိုက္လႊင့္ၿပီး ေစ်းေရာင္းျဖစ္တာလဲ ပိုလုပ္ျဖစ္တယ္။ အခုအခ်ိန္ကလည္းကိုဗစ္ေရာဂါအေျခအေနကလည္း မၿပီးေသးဘူး။ ကူးစက္ႏႈန္းေတြကလည္း အရမ္းမ်ားေတာ့ လိုအပ္တဲ့ေနရာေတြလည္း ရွိမယ္။ အစားအေသာက္နဲ႔ပတ္သက္တာပဲျဖစ္ျဖစ္ တျခားပစၥည္းပိုင္းနဲ႔ပတ္သက္တာပဲျဖစ္ျဖစ္ ရွိတဲ့အတြက္ လိုက္တိုင္းကရတဲ့အႏုပညာေၾကးတိုင္းလိုလႉမယ္လို႔ ဆုံးျဖတ္ထားတာပါ။” လို႔ေျပာပါတယ္။ ေမလသံစဥ္က အခုေနာက္ပိုင္းမွာေတာ့ ကိုဗစ္လည္း ကူးစက္မႈႏႈန္းသိပ္မေလ်ာ့ေသးတာေၾကာင့္ ေစ်းေရာင္းေပးရတာကို အမ်ားႀကီးလက္မခံျဖစ္ဘဲ တပတ္တစ္ခုေလာက္ပဲ ေရာင္းခ်ျဖစ္ေနပါတယ္။ ကိုယ္တိုင္လည္း အျပင္ထြက္ရတဲ့အခါ ဂ႐ုစိုက္ျဖစ္ေၾကာင္းကိုလည္း ေမလသံစဥ္က…..”ဒါေပမယ့္ အခုအခ်ိန္က အမွန္အတိုင္း ေျပာရရင္ ေရာဂါကူးစက္ႏႈန္းေတြကလည္းမ်ားေနေသးတယ္။ အိမ္မွာပဲ ေနေနရတဲ့အခ်ိန္ဆိုေတာ့ liveသြားလႊင့္ရင္လည္း လူတစ္ေယာက္ႏွစ္ေယာက္ပဲ ေနေပးခိုင္းတယ္။ maskေတြလည္း လူတိုင္းတပ္ၾကတယ္။ လက္သန႔္ေဆးေတြနဲ႔လဲ ေဆးျဖစ္တယ္။ ေသခ်ာေလးဂ႐ုစိုက္ၿပီးေတာ့ လုပ္ျဖစ္ပါတယ္” လို႔ေျပာပါတယ္။ေစ်းေရာင္းတဲ့အခါမွာေတာ့ ပရိသတ္ေတြနဲ႔ စကားေတြေျပာရင္း၊ သီခ်င္းေတြဆိုျပရင္း ပစၥည္းေတြျပရင္း၊ ဝယ္ယူအားေပးၾကရင္းနဲ႔ ေပ်ာ္စရာေကာင္းေၾကာင္းေျပာျပခဲ့ပါတယ္။
ခိုင္ေဝလြင္

#Unicode

အဆိုတော်မေလသံစဉ်က ကုန်ပစ္စည်းလိုက်လွှင့်လို့ရရှိတဲ့ အနုပညာငွေကြေးတိုင်း ကို လိုအပ်နေတဲ့ ပြည်သူတွေအတွက် ပြန်လှူဒါန်းဖြစ်နေပါတယ်။ မကြာသေးမီက ဒဂုံဆိပ်ကမ်းမှ အိမ်ခြေ ၂၀၀ အတွက် ဆန်ဆီကြက်သွန်အားလူးဆေးဝါး စုစုပေါင်း ၂၄သိန်းဖိုးလှူဒါန်းခဲ့သလို ဧရာ၀တီစင်တာမှာလည်း ငွေကျပ် ၂၂သိန်း ၈သောင်းတန် အောက်စက်ဂျင်စက် ၃လုံး ကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။ အနုပညာငွေကြေးတွေကို လှူဒါန်းဖို့ ဆုံးဖြတ်ဖြစ်တာကိုတော့ မေလသံစဉ် က
“မေလLiveလွှင့်ပြီး ရတဲ့အနုပညာငွေကို လုံး၀မယူဘဲ ပြန်လှူတာ အခုဆိုရင် ၈ခုလောက်ရှိပါပြီ။ ကိုဗစ်ဒုတိယလှိုင်းကစပြီး ဆုံးဖြတ်ဖြစ်သွားတာပေါ့။ အဲဒီနောက်ပိုင်းမှာလိုက်လွှင့်ပြီး စျေးရောင်းဖြစ်တာလဲ ပိုလုပ်ဖြစ်တယ်။ အခုအချိန်ကလည်းကိုဗစ်ရောဂါအခြေအနေကလည်း မပြီးသေးဘူး။ ကူးစက်နှုန်းတွေကလည်း အရမ်းများတော့ လိုအပ်တဲ့နေရာတွေလည်း ရှိမယ်။ အစားအသောက်နဲ့ပတ်သက်တာပဲဖြစ်ဖြစ် တခြားပစ္စည်းပိုင်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ် ရှိတဲ့အတွက် လိုက်တိုင်းကရတဲ့အနုပညာကြေးတိုင်းလိုလှူမယ်လို့ ဆုံးဖြတ်ထားတာပါ။” လို့ပြောပါတယ်။ မေလသံစဉ်က အခုနောက်ပိုင်းမှာတော့ ကိုဗစ်လည်း ကူးစက်မှုနှုန်းသိပ်မလျော့သေးတာကြောင့် စျေးရောင်းပေးရတာကို အများကြီးလက်မခံဖြစ်ဘဲ တပတ်တစ်ခုလောက်ပဲ ရောင်းချဖြစ်နေပါတယ်။ ကိုယ်တိုင်လည်း အပြင်ထွက်ရတဲ့အခါ ဂရုစိုက်ဖြစ်ကြောင်းကိုလည်း မေလသံစဉ်က…..”ဒါပေမယ့် အခုအချိန်က အမှန်အတိုင်း ပြောရရင် ရောဂါကူးစက်နှုန်းတွေကလည်းများနေသေးတယ်။ အိမ်မှာပဲ နေနေရတဲ့အချိန်ဆိုတော့ liveသွားလွှင့်ရင်လည်း လူတစ်ယောက်နှစ်ယောက်ပဲ နေပေးခိုင်းတယ်။ maskတွေလည်း လူတိုင်းတပ်ကြတယ်။ လက်သန့်ဆေးတွေနဲ့လဲ ဆေးဖြစ်တယ်။ သေချာလေးဂရုစိုက်ပြီးတော့ လုပ်ဖြစ်ပါတယ်” လို့ပြောပါတယ်။စျေးရောင်းတဲ့အခါမှာတော့ ပရိသတ်တွေနဲ့ စကားတွေပြောရင်း၊ သီချင်းတွေဆိုပြရင်း ပစ္စည်းတွေပြရင်း၊ ဝယ်ယူအားပေးကြရင်းနဲ့ ပျော်စရာကောင်းကြောင်းပြောပြခဲ့ပါတယ်။

ခိုင်ဝေလွင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071