အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ဧရာဝတီဘဏ် (AYA Bank) တို့ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပြီး ဘောလုံးဝါသနာရှင် လူငယ်များအတွက် ဘောလုံးကစားခြင်းဆိုင်ရာနည်းပညာများ၊အားကစားစိတ်ဓါတ်နှင့် စည်းကမ်းပိုင်းဆိုင်ရာများ၊မြန်မာ့လက်ရွေးစင် ကစားသမားများ၏ အတွေ့ အကြုံများကို AYA Bank TikTok Page မှတစ်ဆင့် တိုက်ရိုက်သင်ကြားပေးသွားမည်ဖြစ်သည်။
ယခုအစီအစဉ်တွင် ဘောလုံးပညာရပ်များသာမက လူငယ်များ သိထားသင့်သည့် အခြေခံငွေကြေးစီမံခန့်ခွဲမှု (Finan cial Literacy)ဗဟုသုတများကိုပါ “Foo tball Tricks and Financial Tips” အပိုင်းများအဖြစ်ထည့်သွင်းတင်ဆက်သွားမည်ဖြစ်သည်။
ဘောလုံးကစားသမားများနှင့် နည်းပြများက စိတ်ဓါတ်၊ စည်းကမ်းနှင့် ပညာရပ်များကို ပေါင်းစပ်ပြီး လူငယ်များ၏ အရည်အချင်းကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ကာ ပူးပေါင်းဖန်တီးထားခြင်းဖြစ်ကြောင်း သိရသည်။
ဘောလုံးအားကစားကို ဝါသနာပါပြီး ငွေကြေးစီမံမှု အလေ့အကျင့်ကောင်းများ ရရှိလိုသည့် လူငယ်များအနေဖြင့် ဧပြီလ ၂၅ ရက်နေ့တွင် စတင်မည့်အစီအစဉ်သစ်ကို စောင့်မျှော်ကြည့်ရှုနိုင်ကြောင်း နှိုးဆော်ထားသည်။
