Monday, July 13, 2026

Seafarers Support Fund သည်...

"MLC 2006 အရ သင်္ဘောသားတွေအတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ထားဖို့ SRPS ကုမ္ပဏီတွေကစုပေါင်းဆောင်ရွက်ထားရပါတယ်။ ဒါကို DMA က ကြီးကြပ်လမ်းညွှန်ပေးခဲ့ပြီး MSESF က...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို သြဂုတ်...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို သြဂုတ် ၃ ရက်နံနက် ၁၀ နာရီမှစတင်ကာ ပုသိမ်မြို့၌ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)အနေဖြင့် သြဂုတ်...

အမြန်လမ်းတွင် “မြစန္ဒာ”အဝေးပြေးခရီးသည်တင် ကားမောင်းသူအိပ်ငိုက်၍ လမ်းလယ်မှအကာအရံများကိုဝင်တိုက်...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ ဇူ လိုင် ၁၁ ရက်နံနက် ၅ နာရီခွဲကျော်ခန့်က "မြစန္ဒာ"အဝေးပြေးခရီးသည်တင်ကား၏ ကားမောင်းသူအိပ်ငိုက်၍ လမ်းလယ်မှအကာအရံများကိုဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း...

ပြည်ထောင်စုဝန်ကြီးနှင့် ICRC ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ၊...

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud De...
HomeNewsLocal News“KG+9 မသင်မနေရပညာရေး အကောင်အထည်ဖော်မည်”

“KG+9 မသင်မနေရပညာရေး အကောင်အထည်ဖော်မည်”

ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး နိုင်ငံတော်စီစဉ်ဆောင်ရွက်မည်ဟု သမ္မတပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မေ ၂၆ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။

ကျောင်းအပ်ရာသီရောက်ရှိလာပြီဖြစ်သဖြင့် KG+9 အထိ မသင်မနေရပညာရေးစနစ် အကောင်အထည်ဖော်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်ပညာသင်ကြားနိုင်ရေးတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပညာရေးကို အားပေးမှသာ ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သည်။ ကျောင်းပညာရေးကို အားမပေးပါက နောင်အနာဂတ်တွင် ကလေးငယ်များ၏ ဘဝလမ်းခရီး ခက်ခဲလာနိုင်သည်ကို သတိပြုရမည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ထို့ပြင် တစ်နိုင်ငံလုံး၏ ပညာရည်မြင့်မားလာခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုလျင်မြန်စေမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက ကျောင်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေး၊ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီစေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် အခြေခံအဆောက်အအုံများ ကောင်းမွန်စေရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်လည်း မှာကြားခဲ့သည်။

ထို့အပြင် ချင်းပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆေးရုံများ၊ စာသင်ကျောင်းများ၊ အစိုးရရုံးဌာနများနှင့် ဘာသာရေးအဆောက်အအုံများအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးအတွက် လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းအနက် ဆေးရုံများနှင့် စာသင်ကျောင်းများကို ဦးစားပေးပြုပြင်ပေးသွားမည်ဖြစ်ပြီး အများပြည်သူအသုံးပြုသည့် ဈေးများနှင့် အခြားအစိုးရအဆောက်အအုံများကိုလည်း ပြန်လည်ပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ထို့နောက် ချင်းပြည်နယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် နိုင်ငံတော်မှ ဆောင်ရွက်ပေးနေသကဲ့သို့ တိုင်းနှင့်ပြည်နယ်များအနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Seafarers Support Fund သည် သင်္ဘောသားများအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်ဟု MSESF ဥက္ကဌ ပြောကြား

"MLC 2006 အရ သင်္ဘောသားတွေအတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ထားဖို့ SRPS ကုမ္ပဏီတွေကစုပေါင်းဆောင်ရွက်ထားရပါတယ်။ ဒါကို DMA က ကြီးကြပ်လမ်းညွှန်ပေးခဲ့ပြီး MSESF က အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေတွေကို SRPS ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေ စုစည်းထားတဲ့ကော်မတီတစ်ရပ်က ထိန်းသိမ်းပြီး SRPS တွေရဲ့အများပိုင် ရန်ပုံငွေ အဖြစ်ထားရှိပြီး ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သုံးစွဲရမှာဖြစ်ပါတယ်။ DMA ကိုပေးသွင်းရတာမျိုးမဟုတ်သလို လိုင်စင်ကြေးလည်းမဟုတ်ပါဘူး။ တရားဝင်ထွက်ခွာခဲ့တဲ့ သင်္ဘောသားတွေ စွန့်ပစ်ခံရမှု၊ လစာမရရှိမှု၊ ပြန်လည်ခေါ်ဆောင်နိုင်ရေးနဲ့ မြန်မာသင်္ဘောသားများအလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုတိုးတက်ရရှိလာနိုင်စေရေးနဲ့ အခြားအရေးပေါ်အခြေအနေတွေမှာ အကာအကွယ်ပေးနိုင်ဖို့...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို သြဂုတ် ၃ ရက်တွင်စတင်ကျင်းပမည်

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို သြဂုတ် ၃ ရက်နံနက် ၁၀ နာရီမှစတင်ကာ ပုသိမ်မြို့၌ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)အနေဖြင့် သြဂုတ် ၂ ရက်တွင် လွှတ်တော်ရုံးသို့ ကြိုတင်သတင်းပို့ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးစတင်သည့်ရက်တွင် အစည်းအဝေးခန်းမသို့ မိနစ်(၃ဝ)ကြိုတင်ရောက်ရှိနေရာယူရမည်ဖြစ်ကာ အစည်းအဝေးမတက်ရောက်နိုင်ပါက ခွင့်တိုင်ကြားစာများအား တစ်ရက်ကြိုတင်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ၂၀၁၃ခုနှစ်၊ တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၈၊ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၁)တို့အရကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အမြန်လမ်းတွင် “မြစန္ဒာ”အဝေးပြေးခရီးသည်တင် ကားမောင်းသူအိပ်ငိုက်၍ လမ်းလယ်မှအကာအရံများကိုဝင်တိုက် (၂) ဦးဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ ဇူ လိုင် ၁၁ ရက်နံနက် ၅ နာရီခွဲကျော်ခန့်က "မြစန္ဒာ"အဝေးပြေးခရီးသည်တင်ကား၏ ကားမောင်းသူအိပ်ငိုက်၍ လမ်းလယ်မှအကာအရံများကိုဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော "မြစန္ဒာ"အဝေးပြေးခရီးသည်တင်ကား၏ ကားမောင်းသူသည် မိုင်တိုင်အ မှတ် ၁၆၄/၇ နှင့် ၁၆၅/၀ ကားအရောက်အိပ်ငိုက်ကာ လမ်းလယ်ရှိလမ်းအကာအရံများကိုဝင်တို-က်မိခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် ကားမောင်းသူနှင့် အမျိုးသမီး(၁)ဦးတို့တွင် ထိခိုက်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ အမြန်လမ်း၌ဖြစ်ပွားသော ယာဉ်မတော်တဆမှုများအားလုံး၏အများစုသည် ယာဉ်မောင်းသူများအိပ်ငိုက်ခြင်းကြောင့်ဖြစ်၍ ယာဉ်မောင်းများအနေဖြင့် ၂ နာရီဆက်တိုက်မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများတွင် ခေတ္တနားနေကြရန်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071