Home News Local News ပြည်ထောင်စုဝန်ကြီးနှင့် ICRC ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ၊ IHL အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများကျင်းပရေးနှင့် ဂျီနီဗာကွန်ဗင်းရှင်း မြန်မာဘာသာပြန်ထုတ်ဝေရေးကိစ္စများ ဆွေးနွေး

ပြည်ထောင်စုဝန်ကြီးနှင့် ICRC ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ၊ IHL အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများကျင်းပရေးနှင့် ဂျီနီဗာကွန်ဗင်းရှင်း မြန်မာဘာသာပြန်ထုတ်ဝေရေးကိစ္စများ ဆွေးနွေး

0
149

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud De Baecque ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က ဥပဒေရေးရာဝန်ကြီးဌာန သံတမန်ခန်းမ၌ လက်ခံတွေ့ဆုံကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law-IHL) နှင့် သက်ဆိုင်သည့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံအတွင်း ICRC က ဆောင်ရွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (IHL) အသိပညာပေးလုပ်ငန်းများ၊ ဂျီနီဗာကွန်ဗင်းရှင်းကို မြန်မာဘာသာဖြင့် ပြန်ဆိုထုတ်ဝေနိုင်ရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (IHL) နှင့် သက်ဆိုင်သည့် အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများ ပူးပေါင်းကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်တို့အပြင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ICRC မှ ဥပဒေရေးရာညှိနှိုင်းရေးမှူး Ms. Samindika Dilani Elkaduwe တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here