ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ ဇူ လိုင် ၁၁ ရက်နံနက် ၅ နာရီခွဲကျော်ခန့်က “မြစန္ဒာ”အဝေးပြေးခရီးသည်တင်ကား၏ ကားမောင်းသူအိပ်ငိုက်၍ လမ်းလယ်မှအကာအရံများကိုဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
အမြန်လမ်းမကြီးအတိုင်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော “မြစန္ဒာ”အဝေးပြေးခရီးသည်တင်ကား၏ ကားမောင်းသူသည် မိုင်တိုင်အ မှတ် ၁၆၄/၇ နှင့် ၁၆၅/၀ ကားအရောက်အိပ်ငိုက်ကာ လမ်းလယ်ရှိလမ်းအကာအရံများကိုဝင်တို-က်မိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် ကားမောင်းသူနှင့် အမျိုးသမီး(၁)ဦးတို့တွင် ထိခိုက်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
အမြန်လမ်း၌ဖြစ်ပွားသော ယာဉ်မတော်တဆမှုများအားလုံး၏အများစုသည် ယာဉ်မောင်းသူများအိပ်ငိုက်ခြင်းကြောင့်ဖြစ်၍ ယာဉ်မောင်းများအနေဖြင့် ၂ နာရီဆက်တိုက်မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများတွင် ခေတ္တနားနေကြရန်နှင့် ယာဉ်အမျိုးအစားအလိုက်သတ်မှတ်အမြန်နှုန်းထက်ပိုမိုမောင်းနှင်ခြင်းမပြုကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။
