Huawei Device Myanmar က Huawei Exclusive Party ကို Novotel Hotel ရှိ Timeout Sport Bar မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီ ပွဲကို အဆိုတော် ရန်ရန်ချမ်း၊ မိစန္ဒီနဲ့ အလှမယ် ထက်ထက်ထွန်းတို့က တက်ရောက်အားပေးခဲ့ကြပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး H uawei Device Myanmarရဲ့Marketing Director ဖြစ်သူ မခင်ရတနာဝင်းက….
” ကျွန်မတို့ ဒီနေ့ပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ၂ဝ၁၇ ခုနှစ် ပထမနှစ်ဝက်မှာ Huawei ရဲ့ အောင်မြင်မှုတွေနဲ့ ရှေ့လုပ်ငန်းစဉ် တွေကို မိတ်ဆက်ပေးဖို့ပဲ ဖြစ်ပါ တယ်။ ကျွန်မတို့ Consumer Business Group ရဲ့ သိသိသာသာ တိုးတက်နေတာဖြစ်ပြီး နိုင်ငံတကာံငါ့- နညိ ဈေးကွက်မှာလည်း ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒီတိုးတက် မှုက Huawei အမှတ်တံဆိပ်ရဲ့ အားသာချက်ကို အဓိက သက်သေ ပြနိုင်ခဲ့တာဖြစ်ပြီး ဒီနေ့သုံးစွဲသူများ နဲ့ ကိုက်ညီမယ့် ထုတ်ကုန်များဖြစ် တဲ့ အဆင့်မြင့် စမတ်ဖုန်းဈေးကွက် မှာ ရပ်တည်နိုင်ခဲ့တဲ့ အရှိန်အဟုန် လဲ ဖြစ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။ ဒီပွဲကို တက်ရောက်လာကြတဲ့ ဧည့် သည်တော်များကိုယ်တိုင် သူတို့ ကြိုက်နှစ်သက်တဲ့ Hollywood ဇာတ်ကောင်းများကဲ့သို့ အဝတ် အစားများဝတ်ဆင်လာကြပါတယ်။ အခုလိုဝတ်ဆင်လာကြတဲ့အတွက် သူတို့ရဲ့ ကာရိုက်တာနဲ့ ကိုက်ညီတဲ့ ဇာတ်ကားများမှ အခြားဇာတ်ကောင် များကို ရှာဖွေခြင်းဂိမ်းများရော၊ ရုပ် ရှင်နာမည်ဖွက်သော ဂိမ်းများပါ ပျော်ပျော်ရွှင်ရွှင်နဲ့ ပါဝင်ဆော့ကစား ခဲ့ကြပါတယ်။ Huawei Consumer Business Group ရဲ့ ၂ဝ၁၇ ခုနှစ် ရဲ့ ပထမနှစ်ဝက်ဝင်ငွေက နှစ်စဉ် တိုးတက်မှုနှုန်း ၃၆.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တရုတ်ယွမ် ၁ဝ၅.၄ ဘီလီယံထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။
ဇင်မာနွယ်
ဓာတ်ပုံ – အောင်ဇော်မင်း