တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှတစ်ဆင့် South Railway Station မှတစ်ဆင့် ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ High-Speed Railway G23 ဖြင့် ယနေ့ ဇွန် ၁၇ ရက်နံနက်ပိုင်းကထွက်ခွာလာသော နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်သည် မွန်းလွဲပိုင်း၌ ရှန်ဟိုင်းမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ရောက်ရှိလာသော နိုင်ငံတော်သမ္မတအား ရှန်ဟိုင်း ဒု-မြို့တော် ဝန်နှင့် တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ရှန်ဟိုင်းမြို့သို့ နိုင်ငံတော်သမ္မတက High-Speed Railway G23 ဖြင့်ထွက်ခွာလာစဥ် ရထားပေါ်မှတစ်ဆင့် တရုတ်နိုင်ငံ၏ ရထားပို့ဆောင်ရေးစနစ်ဖွံ့ဖြိုးတိုးတက် မှုများ၊ ရထားလမ်းနယ်များစနစ်တကျရှိမှုများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ၊ လူနေထိုင်မှုနှင့် စိုက်ပျိုးရေးလုပ် ငန်းများစနစ်တကျဆောင်ရွက်ထားရှိမှုများ၊ Green Energy အသုံးပြုထားရှိမှုများ၊ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်စေရေးတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့သည်။
ထို့ပြင် ရထားလမ်းကြောင်းတစ်လျှောက် သစ်ပင်များအား ပင်ခြား၊ တန်းခြား မှန်ကန်စွာဖြင့်စိုက်ပျိုးထားရှိမှုများ၊ High-Speed Railway G23 ပေါ်၌ စားသောက် ဖွယ်ရာများဝန်ဆောင်မှုပေးထားမှုများ၊ ခရီးသည်များသက်တောင့်သက်သာဖြင့် ခရီးသွားလာနိုင်ရေးစီမံဆောင်ရွက်ပေးထားမှုများကိုလည်းကြည့်ရှုလေ့လာပြီး မြန်မာ့မီးရထားဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်ဆောင်ရာတွင် အတွေ့အကြုံယူအသုံးပြုနိုင်ရေးအတွက် မေးမြန်းလေ့လာဆွေးနွေးခဲ့သည်။
ထို့နောက် ခရီးစဥ်တွင်လိုက်ပါလာသော ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများကိုလည်း နိုင်ငံတော်သ မ္မတက မြန်မာ့မီးရထားဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မှာကြားမှုများပြုလုပ်ခဲ့သည်။
