
ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်သလို ကျန်းမာရေးကောင်းဖို့ အတွက် အားကစားလုပ်ခြင်းဟာလည်း အဓိကကျပါတယ်။ အခု နောက်ပိုင်း အမျိုးသား၊ အမျိုးသမီးတွေဟာ အားကစားလုပ်ရတာကို စိတ်ဝင်စားလာကြပါတယ်။ ငယ်ရွယ်တဲ့ လူငယ်ပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် Gymဆိုတဲ့အရာကို တော်တော်အလေးထားလာကြပါတယ်။ Gymကစားခြင်းနဲ့ပတ်သက်ပြီး ကောင်းကျိုးတွေကို MMA လက်ဝှေ့သမား ဖိုးသော်က အခုလိုပဲ ပြောပြခဲ့ပါတယ်။
”အဓိကကတော့ Gymကတော့ လူတိုင်းနဲ့သင့်တော်တယ်။ကစားသင့်တဲ့အားကစားတစ်မျိုးပါ။ အားကစားနည်းတွေအများကြီးရှိပါ တယ်။ အဲဒီထဲမှာမှ Gymကို ရွေးချယ်တဲ့သူတွေရှိသလို တခြားလေ့ကျင့်ခန်း၊ တခြား Exercise တွေရွေးချယ်တဲ့သူတွေလည်း ရှိပါတယ်။ လေ့ကျင့် ခန်းတစ်ခုကို ကျွန်တော်တို့ သန်တဲ့အပိုင်းကပဲ ကစားလို့ရတယ်။ အဲဒီလိုမျိုး ကစားခြင်းကြောင့် လူတိုင်း မှာရှိတဲ့ ခန္ဓာကိုယ်ကြွက်သားတွေ ကြံ့ခိုင် လာမယ်။ ဒီလေ့ကျင့်ခန်းတစ်ခုကိုနည်းစနစ်ကျကျ လုပ်ကိုင်လို့ရှိရင် ကျွန်တော်တို့အတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။ နောက် တစ်ခုက ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းထဲမှာရှိတဲ့ ဇီဝကမ္မဖြစ်စဉ် တွေ၊ Function တွေရှိတဲ့အပေါ်မှာ ကျွန်တော်တို့က အပြင်ကနေ မမြင်နိုင် ဘူး။ အားကစားတစ်ခုပြုလုပ်ခြင်းအားဖြင့် ပုံမှန်ဖြစ်စဉ်တွေနဲ့ ခန္ဓာကိုယ်က သဘာဝအတိုင်း ကိုယ့်ရဲ့ ဖြစ်စဉ်တွေကို ပိုမိုကောင်းမွန်လာ အောင် လုပ်ဆောင်ပေးနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ လို့ဖိုးသော်က ပြောပါတယ်။ တချို့ယောက်ျားလေးတွေ Gymကစားပြီးမှ Gayဖြစ်သွားကြတယ်လို့ ဝေဖန်ကြတဲ့ အပေါ်မှာ ဖိုးသော်ရဲ့ အမြင်က ဘယ်လိုရှိသလဲလို့ မေးကြည့်တော့ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်ကတော့ Gymကစားတာ မကစားတာနဲ့ Gayဖြစ်တာ၊ မဖြစ်တာမဆိုင်ပါဘူး။ အခုခေတ်ယောက်ျားတွေက ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ကြွက်သား ပိုင်းကစားကြတာများတယ်။ အဲဒီတော့ ကြွက်သားကြီးတွေနဲ Gayဖြစ်နေတယ်ဆိုပြီးပြောကြတယ်။ အမှန်တော့ အဲဒါတွေနဲ့ မဆိုင်ပါဘူး။ Gay Life ကို ရွေးချယ်ချင်တဲ့သူက ခန္ဓာကိုယ်ပိန်သည် ဖြစ်စေ၊ ဝသည်ဖြစ်စေဘယ်အခြေ အနေမှာမဆိုသူတို့နဲ့ ဒီ Life ကို ရွေးချယ်မှာပဲ။ အဲဒါကတော့ ဒီလို Gymကစားရင် Gay ဖြစ်လာရတဲ့အကြောင်းတရားကတော့ ကျွန်တော် သိသလောက်ပြောရရင် ဟော်မုန်းပေါ့။ သဘာဝအတိုင်းမဟုတ်ဘဲနဲ့ ဟော်မုန်းဆေးတွေကို သုံးစွဲပြီးတော့ အလွန်အကျွံဖြစ်လာတဲ့အခါမှာ Muscle တွေကလည်း ကြီးလာတယ်။ လှလာတယ်။ အဲဒီတော့ သူ့ရဲ့ စိတ်ကြောင့် မဟုတ်ဘဲနဲ့ ခန္ဓာကိုယ် ဆေးပညာအရကိုယောက်ျားလေး စိတ်ပျောက် ပြီး မိန်းမဟော်မုန်း တွေ ထွက်လာတာများတယ်လို့ ကျွန်တော် အကြမ်းဖျင်းသိထားတယ်။ ဒီဟာကလူတစ်ယောက် ရဲ့နဂိုကတည်းက မွေးရာပါဗီဇ ဖြစ်ရင်လည်းဖြစ်မယ်။ အသက် ကြီးလာတဲ့အခါမှာပတ်ဝန်းကျင် ကြောင့်လည်း ဖြစ်ရင်ဖြစ်မယ်။ ဆေးပညာအရ ဆေးသုံးတဲ့အခါမှာလည်း တန် ဆေး၊ လွန်ဘေးဖြစ်သွားတာ တွေကြောင့်လည်းဒီလို Gayဘဝကိုရောက်သွားတာတွေရှိပါတယ်”လို့ ဖိုးသော် ကပြောပါတယ်။
