Fire Dragon International Futsal Cup 2026 ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကလပ် Black Steel Papua FC အသင်းက မြန်မာကလပ် MIU FC အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည်။
ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ MIU FC က ဒုတိယ၊ YCDC Dream Team FC က တတိယနှင့် YRG FC က စတုတ္ထဆုတို့ ရရှိခဲ့ကြသည်။
အသင်းလိုက်ဆုကြေးအဖြစ် ချန်ပီယံ Black Steel Papua FC က အမေရိကန်ဒေါ်လာ ၃,၅၀၀ နှင့် ချန်ပီယံဆုဖလား၊ MIU FC က ဒုတိယဆုနှင့် ဒေါ်လာ ၂,၅၀၀၊ YCDC Dream Team FC က တတိယဆုနှင့် ဒေါ်လာ ၁,၅၀၀၊ YRG FC က စတုတ္ထဆုနှင့် ဒေါ်လာ ၁,၀၀၀ အသီးသီး ရရှိခဲ့သည်။
တစ်ဦးချင်းဆုများတွင် Black Steel Papua FC မှ Muhammad Albagir က အကောင်းဆုံးဂိုးသမားဆု၊ Adityas Prianbudi Wibowo က အကောင်းဆုံးကစားသမားဆုတို့ကို ရရှိခဲ့ပြီး တစ်ဦးလျှင် ဒေါ်လာ ၃၀၀ စီ ချီးမြှင့်ခံခဲ့ရသည်။ YRG FC မှ Nathan က ဂိုးသွင်းအများဆုံးကစားသမားဆုနှင့် ဒေါ်လာ ၃၀၀ ရရှိခဲ့သည်။
ထို့ပြင် MIU FC အသင်းက အသန့်ရှင်းဆုံးအသင်းဆုနှင့် ဆုကြေးငွေ ဒေါ်လာ ၅၀၀ ရရှိခဲ့ကြောင်း သိရသည်။
