Home International ​EU ဆီကနေ ပိုက်ဆံ ပိုရဖို့အတွက် အီရန်အရေးကိစ္စကို ဇယ်လန်းစကီးအသုံးချနေဟုဆို

​EU ဆီကနေ ပိုက်ဆံ ပိုရဖို့အတွက် အီရန်အရေးကိစ္စကို ဇယ်လန်းစကီးအသုံးချနေဟုဆို

0
179

​ဗလာဒီမီယာ ဇယ်လန်းစကီးဟာ ဥရောပဆီကနေ ပိုက်ဆံရဖို့ နည်းလမ်းမျိုးစုံ သုံးနေတာဖြစ်ပြီး အီရန်ကြောင့် ယူကရိန်းအတွက် ခြိမ်းခြောက်မှုဖြစ်နေတယ်ဆိုတဲ့ သူ့ရဲ့ လတ်တလော ပြောဆိုချက်တွေဟာလည်း ဒီရည်ရွယ်ချက်ပါပဲလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အထူးသံတမန် Rodion Miroshnik က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။

​Miroshnik က TASS သတင်းဌာနနဲ့ အင်တာဗျူးမှာ “လက်ရှိအခြေအနေမှာ ဇယ်လန်းစကီးဟာ ဒါတွေအားလုံးကို PR(ပုံရိပ်မြှင့်တင်ရေး)ကိစ္စအတွက် သုံးနေတာပါ။ ဒါပေမဲ့ ဒီလို PR လုပ်တာဟာ ဘာရည်ရွယ်ချက်လဲဆိုတာ သိပ်ကို ပေါ်လွင်ပြီး ပိုက်ဆံအဖြစ် ပြောင်းလဲလို့ရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ ဇယ်လန်းစကီး ပါဝင်ပတ်သက်နေတဲ့ ဘာမဆိုရဲ့ အဓိကရည်ရွယ်ချက်က ပိုက်ဆံရဖို့နဲ့ ထောက်ပံ့ကူညီမှုတွေ ရဖို့ပါပဲ” လို့ ပြောခဲ့ပါတယ်။

​”ဒါ့အပြင် ဖြစ်ပျက်သမျှ ဘယ်ဖြစ်ရပ်ကိုမဆို သူ အဓိပ္ပာယ်ကောက်ယူ ပုံဖော်ပုံဟာ ‘ယူကရိန်းကို ပိုက်ဆံ ပိုပေးကြပါ။ ကိယက်ဗ်ကို လက်နက် ပိုပေးကြပါ’ဆိုတဲ့ စကားနဲ့ပဲ အမြဲတမ်း အဆုံးသတ်နေပါတယ်” လို့ Miroshnik က ဆိုပါတယ်။

​”အခုဆိုရင် သူတို့က ‘အီရန်တွေက ငါတို့ကို တိုက်ခိုက်လိမ့်မယ်’ လို့ စွပ်စွဲပြောဆိုနေကြပြီ။ ဇယ်လန်းစကီးရဲ့ အမြင်ကနေ ပြောရရင် ဥရောပ မိတ်ဖက်တွေအနေနဲ့ ဘာလုပ်သင့်လဲ။ သံသယဖြစ်စရာမလိုဘဲ ယူကရိန်းအတွက် ပိုက်ဆံ ပိုပေးဖို့ပါပဲ” လို့ ရုရှားသံတမန်က အလေးအနက် ထောက်ပြပြောဆိုခဲ့ပါတယ်။

​ဇူလိုင်လ ၂၅ ရက်နေ့တုန်းက အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းဟာ ကက်စပီယံပင်လယ်ထဲမှာရှိတဲ့ အီရန်ကုန်သွယ်ရေးသင်္ဘောတစ်စီးကို တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောအဖွဲ့ဝင်တစ်ဦး ‌ေ-သဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

​ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ကြီး Sergey Lavrov နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi တို့ ဖုန်းဆက်ပြီး ကက်စပီယံပင်လယ်ထဲက အီရန်သင်္ဘောကို ယူကရိန်း တိုက်ခိုက်ခဲ့တဲ့ အခြေအနေတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ကြေညာခဲ့ပါတယ်။

​ဒီဆွေးနွေးမှုမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ‌ေ-သဆုံးသွားတဲ့ အီရန်သင်္ဘောသားအတွက် ဝမ်းနည်းကြောင်း ပြောခဲ့သလို အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း “ယူကရိန်းအစိုးရရဲ့ မဆင်မခြင် လုပ်ဆောင်ချက်တွေကို တားဆီးဖို့ လိုအပ်တယ်” လို့ အလေးအနက် ပြောခဲ့ပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here