Friday, September 11, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်...

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ခမည်းတော်ဘုရင် Norodom...

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖနောင်ပင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်၌...

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁...

ကျိုက်ထီးရိုး ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပမည်

ကျိုက်ထို၊ စက်တင်ဘာ ၁၁ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၂၆ ရက် သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း...
HomeNewsLocal NewsECHO ပံ့ပိုးသည့် အရေးပေါ်ဆေးဝါးနှင့်...

ECHO ပံ့ပိုးသည့် အရေးပေါ်ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း မက်ထရစ်တန် ၁၀၀ ခန့် မြန်မာနိုင်ငံသို့ ရောက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၁

မြန်မာနိုင်ငံတွင် မုတ်သုန်ရာသီအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများအတွက် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ (ECHO) က ပံ့ပိုးသည့် ဆေးဝါး၊ အာဟာရပစ္စည်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိရိယာပစ္စည်း မက်ထရစ်တန် ၁၀၀ ခန့် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် ဥရောပသမဂ္ဂ ကုန်တင်လေယာဉ်သည် ဘယ်လ်ဂျီယံနိုင်ငံ Liege မြို့မှ ထွက်ခွာလာပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ခြင်းဖြစ်သည်။

ရောက်ရှိလာသည့် ပစ္စည်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ရှေ့မှောက်၌ ECHO ၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် UNICEF နှင့် UNFPA တို့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ယင်းပစ္စည်းများကို UNICEF နှင့် UNFPA တို့က သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည့် ပြည်သူများထံ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကူအညီများသည် မုတ်သုန်ရာသီအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများကို တုံ့ပြန်ရာတွင် လိုအပ်သည့် ဆေးဝါး၊ အာဟာရနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အထောက်အပံ့များ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက် တွေ့ဆုံဆွေးနွေး

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းတွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံး (Peace Palace) ၌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ တွေ့ဆုံဆွေးနွေးစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ နှစ်နိုင်ငံအစိုးရများ၊ လွှတ်တော်များနှင့် ပြည်သူများအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍများအပါအဝင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ခမည်းတော်ဘုရင် Norodom Sihanouk အထိမ်းအမှတ်ကျောက်တိုင်၌ လွမ်းသူ့ပန်းခွေချ

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းတွင် ဖနောင်ပင်မြို့ရှိ ခမည်းတော်ဘုရင် Norodom Sihanouk ၏ အထိမ်းအမှတ်ကျောက်တိုင်သို့ သွားရောက်၍ လွမ်းသူ့ပန်းခွေချခဲ့သည်။ ထိုသို့ရောက်ရှိစဉ် နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံ နန်းတွင်းရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူက ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတက ခမည်းတော်ဘုရင် Norodom Sihanouk ၏ အထိမ်းအမှတ်ကျောက်တိုင်၌ လွမ်းသူ့ပန်းခွေချ၍ ဂါရဝပြုခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖနောင်ပင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်၌ လွမ်းသူ့ပန်းခွေချ

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းတွင် ဖနောင်ပင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင် (Independence Monument) သို့ သွားရောက်၍ လွမ်းသူ့ပန်းခွေချခဲ့သည်။ နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး H.E. Mr. Tea Seiha က ကြိုဆိုခဲ့ပြီးနောက် နိုင်ငံတော်သမ္မတက လွတ်လပ်ရေးကျောက်တိုင်၌ ကမ္ဘောဒီးယားနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာအတွက် အသက်ပေးလှူခဲ့ကြသူများအား ဂုဏ်ပြုသောအားဖြင့် လွမ်းသူ့ပန်းခွေချ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071