Friday, September 11, 2026

ညပိုင်းဓာတ်အားခ သက်သာမှုကြောင့် ဆန်စက်များ ထုတ်လုပ်မှုကုန်ကျစရိတ်...

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်စက်များအနေဖြင့် ညပိုင်းတွင် သက်သာသည့်နှုန်းထားဖြင့် လျှပ်စစ်ဓာတ်အားရယူကာ စက်လည်ပတ်နိုင်ခြင်းကြောင့် ဆန်ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ကျလာပြီး ဆန်တစ်အိတ်လျှင် ကျပ် ၃၀၀...

ECHO ပံ့ပိုးသည့် အရေးပေါ်ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း...

ရန်ကုန်၊ စက်တင်ဘာ ၁၁ မြန်မာနိုင်ငံတွင် မုတ်သုန်ရာသီအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများအတွက် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့...

ရာသီဥတု အလွန်အမင်းဖောက်ပြန်မှုမရှိပါက ရန်ကုန်တိုင်းရှိ တမံများမှ...

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ ရေလှောင်တမံများ၏ လက်ရှိရေသိုလှောင်ထားရှိမှုအခြေအနေအရ ရာသီဥတု အလွန်အမင်းဖောက်ပြန်မှုမဖြစ်ပါက တမံများမှတစ်ဆင့် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရန် ထိန်းချုပ်နိုင်မည်ဖြစ်ပြီး လာမည့်နွေရာသီအတွက်လည်း ရေလုံလောက်စွာ...
HomeNewsLocal Newsကျိုက်ထီးရိုး ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို သီတင်းကျွတ်လပြည့်နေ့တွင်...

ကျိုက်ထီးရိုး ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပမည်

ကျိုက်ထို၊ စက်တင်ဘာ ၁၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၂၆ ရက် သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ကျိုက်ထီးရိုး ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ခုနစ်လတိုင် ကျင်းပလေ့ရှိပြီး ပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ သွားလာရေးအဆင်ပြေစေရန် တောင်တက်မော်တော်ယာဉ် ၁၅၂ စီးဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်သည်။

မိုးတွင်းကာလတွင် တောင်တက်မော်တော်ယာဉ်များကို အုပ်စုနှစ်စုခွဲ၍ အလှည့်ကျပြေးဆွဲပေးခဲ့သော်လည်း ပွဲတော်စတင်သည့် သီတင်းကျွတ်လပြည့်နေ့မှစ၍ မော်တော်ယာဉ် ၁၅၂ စီးစလုံး ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘုရားဖူးပြည်သူများ တည်းခိုနေထိုင်ရေးအဆင်ပြေစေရန် ဟိုတယ်နှင့် တည်းခိုဆောင်များအပြင် ဂေါပကအဖွဲ့က တည်ဆောက်ထားသည့် လေးထပ် ရင်ပြင်တော်အခမဲ့တည်းခိုဆောင်ကိုလည်း ဖွင့်လှစ်ပေးထားမည်ဖြစ်သည်။

ထို့အပြင် ဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေးအတွက် ရင်ပြင်တော် သန့်ရှင်းသာယာလှပရေး၊ စားသောက်ဆိုင်နှင့် အမှတ်တရပစ္စည်းဆိုင်များ ပုံမှန်ဖွင့်လှစ်နိုင်ရေးတို့ကို စီစဉ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ရင်ပြင်တော်ပေါ်၌ ဆေးခန်းတစ်ခုလည်း ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ညပိုင်းဓာတ်အားခ သက်သာမှုကြောင့် ဆန်စက်များ ထုတ်လုပ်မှုကုန်ကျစရိတ် လျော့ကျလာ

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်စက်များအနေဖြင့် ညပိုင်းတွင် သက်သာသည့်နှုန်းထားဖြင့် လျှပ်စစ်ဓာတ်အားရယူကာ စက်လည်ပတ်နိုင်ခြင်းကြောင့် ဆန်ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ကျလာပြီး ဆန်တစ်အိတ်လျှင် ကျပ် ၃၀၀ မှ ၅၀၀ ခန့်အထိ ကုန်ကျစရိတ်သက်သာနိုင်ကြောင်း ဆန်စက်လုပ်ငန်းရှင်များထံမှ သိရသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပထမအဆင့်အနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုများပြားသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများအား သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ည ၁၁ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအထိ လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် မူလနှုန်းထား ကျပ် ၉၀၀ မှ...

ECHO ပံ့ပိုးသည့် အရေးပေါ်ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း မက်ထရစ်တန် ၁၀၀ ခန့် မြန်မာနိုင်ငံသို့ ရောက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၁ မြန်မာနိုင်ငံတွင် မုတ်သုန်ရာသီအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများအတွက် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ (ECHO) က ပံ့ပိုးသည့် ဆေးဝါး၊ အာဟာရပစ္စည်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိရိယာပစ္စည်း မက်ထရစ်တန် ၁၀၀ ခန့် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် ဥရောပသမဂ္ဂ ကုန်တင်လေယာဉ်သည် ဘယ်လ်ဂျီယံနိုင်ငံ Liege မြို့မှ ထွက်ခွာလာပြီး...