ဇွန် ၅
တရုတ်နိုင်ငံ၏ နိုင်ငံပိုင်ရုပ်သံလိုင်း CCTV သည် နိုင်ငံ၏နျူကလီးယားလက်နက်များအနက်မှ အချို့သော လက်နက်များ၏ အဓိကအသေးစိတ်အချက်အလက်အချို့ကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ၏နျူကလီးယားလက်နက်များသည် ယခင်အစဉ်အလာအားဖြင့် အထူးလျှို့ဝှက်ထားခဲ့သည်။ အထူးသဖြင့် အတိအကျပစ်နိုင်သောဒုံးကျည်စွမ်းရည်များနှင့် ဖြန့်ကျက်တပ်ဆင်မှုများနှင့် ပတ်သက်၍ လျှို့ဝှက်ထားသည်။ ယခုအခါတွင် DF-5၊ တို-က်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) နှင့်ပတ်သက်သည့် အချက်အလက်များကို မည်သည့်အတွက်ကြောင့် လူသိရှင်ကြားထုတ်ပြန်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းသတင်း ထုတ်ပြန်ထားသည်။
တရားဝင် သတင်းထုတ်ပြန်ချက်များသည် ပုံမှန်အားဖြင့် လက်နက်များနှင့်ပတ်သက်သည့် သိပ္ပံနည်းကျ တိကျသောအသေးစိတ်အချက်အလက်များကို ရှောင်လွှဲကာ မရေရာသောဘာသာစကားကို အသုံးပြုထားသော်လည်း တနင်္လာနေ့ထုတ်လွင့်မှုတွင် တရုတ်နိုင်ငံ၏ “ပထမမျိုးဆက် မဟာဗျူဟာမြောက် ICBM” ဟုဖော်ပြထားသော အဆင့်နှစ်ဆင့်ရှိသော DF-5 ဒုံးကျည်သည် မက်ဂါတန် ၃ မှ ၄ တန်အထိ (TNT 3 မှ 4 megatons) ပေါက်ကွဲထွက်နိုင်သော နျူကလီးယားထိပ်ဖူးတစ်လုံးကို သယ်ဆောင်ပေးနိုင်သည်ဟု ထုတ်ဖော်ပြသခဲ့သည်။
အဆိုပါ ဒုံးကျည်သည် အမြင့်ဆုံး အကွာအဝေး ၁၂,၀၀၀ ကီလိုမီတာ (၇,၄၆၀ မိုင်) ရှိပြီး ယင်းအကွာအဝေးသည် အမေရိကန်ပြည်ထောင်စုနှင့် အနောက်ဥရောပတို့ကို ထိမှန်ဖျ-က်ဆီးရန် လုံလောက်ပြီး မီတာ ၅၀၀ (ပေ ၁,၆၀၀) အတွင်း တိကျမှုရှိသည်ဟုဖော်ပြထားပြီး ခေတ်မီစစ်ရေးဆိုင်ရာ အယူဝါဒအရ အရေးကြီးသော အချက်တစ်ချက်ဖြစ်ကြောင်း ၎င်းက ထပ်လေ-ာင်း ပြောကြားခဲ့သည်။
အဆိုပါ ဒုံးကျည်သည် အချင်း ၃.၃၅ မီတာနှင့် အလျား ၃၂.၆ မီတာ ရှိပြီး အလေးချိန် ၁၈၃ တန်ရှိကြောင်း ၎င်းက ထပ်လေ-ာင်း ပြောကြားခဲ့သည်။
ဒုံးကျည်၏ထိပ်ဖူးအထွက်နှုန်း – ၄ မီဂါတန် အထိရှိပြီး – ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်က ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့တို့၌ ပစ်ချခဲ့သော အဏုမြူဗုံးများထက် အဆ ၂၀၀ ပိုများသည်။
ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် နည်းပြဟောင်း ဆုန်ဂ်ဇွန်ပင်း က အဆိုပါဒုံးကျည်ကို ၁၉၇၀ ပြည့်လွန်အစောပိုင်း နှစ်များတွင် တီထွင်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဒုံးကျည်သည် တရုတ်နိုင်ငံ၏ နျူကလီးယားတားဆီးရေး မဟာဗျူဟာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်ဟု ပြောကြားခဲ့သည်။
“DF-5 မရှိရင် တရုတ်နိုင်ငံဟာ ယုံကြည်လောက်တဲ့ အပြည်ပြည်ဆိုင်ရာတို-က်ခ-တ်မှု စွမ်းရည်ရှိတဲ့ နိုင်ငံအဖြစ် မှတ်ယူမှာ မဟုတ်ပါဘူး။ ဒါဟာ တရုတ်နိုင်ငံရဲ့ နျူကလီးယား အင်အားကြီးပါဝါနိုင်ငံ ဖြစ်လာရေးမှာ အရေးပါတဲ့ အချက်ဖြစ်ပြီး တရုတ်နိုင်ငံကို အလေးအနက်ထားရမယ်လို့ ကမ္ဘာကို ပြသနေပါတယ်” ဟု ဆိုန်ဂ်က ပြောကြားခဲ့သည်။
ထိုကဲ့သို့ ထုတ်ဖော် ပြောကြားမှုသည် မကြာမီကာလအတွင်း ပိုမိုအဆင့်မြင့်သော ဆီလိုအခြေခံ စနစ်မိုဒယ်အသစ်များကို မိတ်ဆက်နိုင်ဖွယ်ရှိကြောင်း အသိပေးချပြခဲ့ပြီး “ယခုကျွန်ုပ်တို့မြင်နေရသည်မှာ ယခင်စနစ်ဟောင်းများကို ဖယ်ရှားပြီ စနစ်သစ်ကိုသွားနေခြင်းပင်ဖြစ်သည်။
“ပေးခြင်တဲ့ သတင်းစကားက ရှင်းပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာကို မပြသသေးတဲ့ ပိုအားကောင်းတဲ့ စွမ်းဆောင်ရည်တွေ ရှိပါတယ်”ဟုဆိုထားသည်။
အမေရိက၏ မြေပြင်အခြေစိုက် ဒုံးကျည် Minuteman III မှာ ၁၉၇၀ ပြည့်နှစ်တွင် စတင်အသုံးပြုခဲ့ပြီး အဆိုပါ ဒုံးကျည်တွင် ထိပ်ဖူးတစ်ခုသာ တပ်ဆင်ထားသည်။
တရုတ်နိုင်ငံသည် ယခုအခါ ၎င်းတို့တွင် နျူကလီယားထိပ်ဖူးများစွာကို သယ်ဆောင်နိုင်သော DF-5 မူကွဲအသစ်များ နှင့် DF-31 နှင့် DF-41 ကဲ့သို့သော နည်းပညာအသစ် ခေတ်မီမိုဘိုင်းစနစ်များကိုလည်း တိုးချဲ့အသုံးပြုလာနိုင်ပြီဖြစ်သည်။
ပြီးခဲ့သောနှစ်တွင် တရုတ်နိုင်ငံသည် ဆယ်စုနှစ်လေးစုအတွင်း ၎င်း၏ပထမဆုံးသော ICBM စမ်းသပ်မှုကို ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပြီး ပစ်မှတ်မဟုတ်သော ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ အဆိုပါ ထိပ်ဖူးကို ပစ်လွှတ်စမ်းသပ်ခဲ့သည်။ ဒုံးကျည်သည် DF-31 ၏ ခေတ်မီသော အမျိုးအစားမူကွဲဖြစ်နိုင်သည်ဟု လေ့လာသူများက ဆိုသည်။
တရုတ်နိုင်ငံတွင် စစ်ဆင်ရေး နျူကလီးယားထိပ်ဖူးပေါင်း ၆၀၀ ကျော် ရှိသည်ဟု ပင်တဂွန် စစ်ဌာနချုပ်က မနှစ်က ပြောကြားခဲ့ပြီး အရေအတွက်မှာ ၂၀၃၀ တွင် အလုံး ၁,၀၀၀ ကျော်သွားဖွယ်ရှိကြောင်း သိရသည်။
တပ်ဆင်မှုအသစ်များတည်ဆောက်ပြီး ၎င်း၏အဟောင်းများကို ပြန်လည်မွမ်းမံပြီးနောက် အဓိကနေရာသုံးခုတွင် ဒုံးကျည်အစင်းရေ ၃၂၀ ရှိသည်ဟုလည်း ခန့်မှန်းထားသည်။
ပေကျင်းသည် နျူကလီး ယားလက်နက်ကို ပထမဆုံးအသုံးပြုမည်ဟုဆိုထားသော်လည်း မိမိက စတင်အသုံးမပြု ရေး မူဝါဒကိုလိုက်နာထားသည်။ ထို့ပြင် နျူကလီးယားမရှိသော နိုင်ငံများအပေါ်တွင် အဆိုပါလက်နက်များ အသုံးပြုမည်မဟုတ်ကြောင်း ပြောကြားထားသည်။
Ref: မိုင်နျူးစ်