Thursday, June 25, 2026

ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုကြုံတွေ့နေရဆဲ...

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်နေကာ ရေကြီးမှုသည် လေးရက်နီးပါး ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ် ရပ်ကွက် ငါးခုလုံး ဖြစ်နေတာပါ”...

မုတ်သုံလေ အားကောင်းနေ၍ ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ (Day of the Seafarer 2026) အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၅...

သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်နေသည့်မြင်ကွင်းများ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့၌ သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ယင်းဆိုင်းဘုတ်ကို သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ (ဓာတ်ပုံ-သီပေါမြို့နယ်စည်ပင်သာယာရေးဌာန)
HomeNewsLocal Newsကျိုက်ထီးရိုး ဘုရားဖူးများအတွက် တောင်တက်ယာဉ်များ...

ကျိုက်ထီးရိုး ဘုရားဖူးများအတွက် တောင်တက်ယာဉ်များ နှစ်ဖွဲ့ခွဲထား

မိုးတွင်းကာလတွင် ကျိုက်ထီးရိုးစေတီတော်မြတ်ကို လာရောက်ဖူးမြှော်သူများအတွက် တောင်တက်ယာဉ်များကို အလှည့်ကျ နှစ်ဖွဲ့ခွဲ၍ပြေးဆွဲပေးနေကြောင်း သိရသည်။

မိုးတွင်းကာလသည် ကျိုက်ထီးရိုးဘုရားပွဲတော် ကာလမဟုတ်သော်လည်း လာရောက်ဖူးမြော်သူများရှိသည့်အတွက် ထိုကဲ့သို့ တောင်တက်ယာဉ်များလည်း ပြေးဆွဲပေးလျက်ရှိနေခြင်း ဖြစ်သည်။

“ကားအစီးရေ ၁၅၀ ကျော်မှာ ၇၀ လောက်နဲ့ နှစ်ဖွဲ့စီခွဲပြီး အလှည့်ကျ ပြေးဆွဲပေးနေပါတယ်” ဟု ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်လုပ်ငန်းရှင် များထံမှ သိရသည်။

ထိုတောင်တက်ယာဉ်တစ်စီးလျှင် ခရီးသည်စုစုပေါင်း ၄၀ ကျော်တင်ဆောင်ခွင့်ပြုထားသော်လည်း မိုးတွင်းကာလတွင် ခရီးသည် ၁၀ ဦးလောက် ပြည့်ရန်ပင် အချိန်ကြာအောင်စောင့်ရခြင်းကြောင့် ဘုရားဖူးခရီးသည် အချို့ မှာ ယာဉ်စီးခငွေကို စုပေါင်းကျခံ၍ စင်းလုံးငှားပုံစံမျိုး စီးနင်းကြခြင်းများလည်းရှိကြသည်။

တောင်တက်ယာဉ်လိုင်းများမှာ ကင်မွန်းစခန်းမှ ရသေ့တောင်စခန်း၊ ရင်ပြင်တော်စခန်းဟူ၍ ခရီးစဉ်ဂိတ် နှစ်ခု သတ်မှတ်ပြေးဆွဲခြင်းမျိုးရှိသော်လည်း မိုးတွင်းကာလတွင် လာရောက်သည့်ဘုရားဖူးများမှာ ရင်ပြင်တော်ဂိတ်အထိ ခရီးစဉ်ပြေးဆွဲသောယာဉ်များကိုသာ စီးနင်းကြခြင်းကြောင့် တောင်တက်ယာဉ်အများစုမှာ ရင်ပြင်တော်ဂိတ်အထိ ပြေးဆွဲပေးကြခြင်းရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုကြုံတွေ့နေရဆဲ ဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်နေကာ ရေကြီးမှုသည် လေးရက်နီးပါး ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ် ရပ်ကွက် ငါးခုလုံး ဖြစ်နေတာပါ” ဟု မြို့ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ဥရုချောင်းရေကြီးမှုကြောင့် ရေဝင်ရောက်မှုသည် အေးမြသာယာ၊ ငှက်ပျောတော၊ မြို့မကျောက်ဝိုင်း၊ မှော်ဝမ်းနှင့် မရှီကထောင် စသည့် မြို့ပေါ်ရပ်ကွက်များအထိ ရေဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ “ညပိုင်းကနေ မိုးကထပ်ရွာပြန်တော့ ဒီကနေ့အထိ ရွာနေတုန်းပါပဲ။ ရေက အများကြီးမကျနိုင်ဘူးဖြစ်နေတယ်” ဟုလည်း မြို့ခံတစ်ဦးက ထပ်လောင်းပြောကြားခဲ့သည်။ ယင်းကဲ့သို့ရေကြီးမှုသည် ဇွန်လ ၂၁ ရက်နေ့မှ စတင်ခဲ့ပြီး ယနေ့အထိ...

မုတ်သုံလေ အားကောင်းနေ၍ ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ထုတ်ပြန်သည်။ ယမန်နေ့ နံနက် ၉ နာရီခွဲမှ ယနေ့ နံနက် ၉ နာရီခွဲအထိ ၂၄ နာရီအတွင်း မွန်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးခဲ့ပြီး နေပြည်တော်တွင်လည်း နေရာကွက်၍ မိုးကြီးခဲ့ကြောင်း သိရသည်။ မှတ်သားဖွယ် မိုးရေချိန်များအနေဖြင့် ကျိုက်မရောမြို့တွင် ၃ ဒသမ...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ အထိမ်းအမှတ် အခမ်းအနား ရန်ကုန်တွင် ကျင်းပ

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ (Day of the Seafarer 2026) အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၅ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Hotel ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သိင်္ဂီယဥ်ထွန်းတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071