Wednesday, July 29, 2026

ASEAN Hyundai Cup 2026...

ASEAN Hyundai Cup 2026 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားလျက်ရှိသော ဖိလစ်ပိုင်အမျိုးသားဘောလုံးအသင်းနှင့် မြန်မာအမျိုးသားဘောလုံးအသင်းတို့၏ ပွဲစဉ်တွင် ပထမပိုင်း (HT) ပြီးဆုံးချိန်၌...

နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်မယ်လို့...

ချဒ်နိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်ဖို့ စီစဉ်နေကြောင်း တနင်္လာနေ့မှာ ကြေညာခဲ့ပြီး နောက်ဆုံး နှုတ်ထွက်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။ ခုံရုံးရဲ့...

ရထားစီးခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉...

နေပြည်တော်၊ ဇူလိုင် ၂၈ ရထားခရီးစဉ်များ ချောမွေ့လုံခြုံစေရေးအတွက် စီးနင်းသူခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက်ကို ORTP က ထုတ်ပြန်ခဲ့ပြီး ဖောက်ဖျက်ပါက...

မြန်မာဘက်က လုပ်သားအင်အား၊ ဂျပန်ဘက်က နည်းပညာနဲ့...

"ကျွန်မတို့နိုင်ငံမှာ လူငယ်လုပ်သားအင်အားပေါများတာ အားသာချက်ဖြစ်ပြီး ဂျပန်နိုင်ငံမှာက နည်းပညာနဲ့ အရင်းအနှီးတွေရှိတာအားသာချက်ပါ။ ဒီအားသာချက်‌ေတွကို ပူးပေါင်းဆောင်ရွက်လိုက်ရင် နှစ်နိုင်ငံလုံးအတွက် Win-Win Situation ဖန်တီးနိုင်မှာပါ။ ဒါဟာ...
HomeNewsLocal Newsထိုင်းသံရုံးမှ ကြီးမှူးကာ ဒုတိယအကြိမ်မြောက်...

ထိုင်းသံရုံးမှ ကြီးမှူးကာ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ၏အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့

ဂျွန်လ ၂၂ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2 ၏ Grand Final နှင့် ထိုင်းရိုးရာအစားအစာနှင့် ထိုင်းရိုးရာပစ္စည်းများ ခင်းကျင်းပြသရောင်းချခြင်းတို့ကို ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mr. Mongkol Visitstump နှင့် ဖိတ်ကြားထားသော ထိုင်းနိုင်ငံမှ နာမည်ကြီး အနုပညာရှင်များဖြစ်သည့် Aou-Boom တို့မှတက်ရောက်ခဲ့ကာ ဂျွန်လ ၂၁ ရက် (ပထမနေ့) တွင် Film Thanapat ၊ Perth TanponTanpon ၊ Santa Pongsapak တို့ တက်ရောက်ခဲ့သည်။

T-Pop Star Challenge Myanmar Season 2 တွင် ဒိုင်အဖြစ် ထိုင်းနိုင်ငံမှ Dome Jaruwat, Gam Wichayanee, Num Kala တို့မှ Finalists (၃) ဦးဖြစ်သော T3 Naw Sydney, T4 Zea, T8 Chris တို့ကို အကဲဖြတ်အမှတ်‌ပေးပြီး‌နောက် T4 – ZEA သည် Winner ဆုကို ထိုက်တန်စွာရရှိခဲ့ကာ 1st Runner Up မှာ T8 – CHRIS နှင့် 2nd Runner Up မှာ T3 – NAW SYDNEY LARYUPHAW တို့မှအသီးသီးရရှိခဲ့သည်။

Winner ဆုရရှိသူအား ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၃,၂၀၀ ၊ 1st Runner Up အား အမေရိကန်ဒေါ်လာ ၁,၆၀၀ နှင့် 2nd Runner Up အား အမေရိကန်ဒေါ်လာ ၁,၀၀၀ ကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mr. Mongkol Visitstump မှ ပေးအပ်ခဲ့သည်။

Thai Festival 2025 in Yangon ပွဲတော်ကြီး၌ ထိုင်းအစားအစာများနှင့် အဖျော်ရည်များ၊ အလှကုန်ပစ္စည်းများနှင့် ဖက်ရှင်များ၊ ခရီးသွားဝန်ဆောင်မှုများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများ၊ ကျန်းမာရေးဆိုင်ရာ ရရှိနိုင်မည့် Package များနှင့် ထိုင်းအနုပညာဆိုင်ရာပစ္စည်းများကို ဆိုင်ခန်းပေါင်း (၆၀) ဝန်းကျင်ဖြင့် ခင်းကျင်းပြသထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ASEAN Hyundai Cup 2026 ပထမပိုင်းအပြီးတွင် မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ၀-၂ ဂိုးဖြင့် ဦးဆောင်ထား

ASEAN Hyundai Cup 2026 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားလျက်ရှိသော ဖိလစ်ပိုင်အမျိုးသားဘောလုံးအသင်းနှင့် မြန်မာအမျိုးသားဘောလုံးအသင်းတို့၏ ပွဲစဉ်တွင် ပထမပိုင်း (HT) ပြီးဆုံးချိန်၌ မြန်မာအသင်းက ၀-၂ ဂိုးဖြင့် ဦးဆောင်ထားသည်။ ပွဲစတင်သည်မှစ၍ နှစ်ဖက်စလုံး အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြသော်လည်း မြန်မာအသင်းက ရရှိသော အခွင့်အရေးများကို ထိရောက်စွာ အသုံးချကာ ပထမပိုင်းအတွင်းမှာပင် ဦးဆောင်ဂိုး ၂ ဂိုး စတင်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်အသင်းသည် ပထမပိုင်း ချေပဂိုးပြန်လည်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာအသင်း၏ ခံစစ်နှင့် ဂိုးသမားတို့၏ ကာကွယ်မှုကြောင့် ဂိုးမရရှိဘဲ ပထမပိုင်းကို...

နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်မယ်လို့ ချဒ်နိုင်ငံ ကြေညာ

ချဒ်နိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်ဖို့ စီစဉ်နေကြောင်း တနင်္လာနေ့မှာ ကြေညာခဲ့ပြီး နောက်ဆုံး နှုတ်ထွက်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။ ခုံရုံးရဲ့ ထိရောက်မှုဟာ "ကန့်သတ်ချက်ရှိပြီး ညီမျှမှုမရှိဘူး" လို့ တိုင်ကြားခဲ့သလို ခုံရုံးရဲ့ လုပ်ဆောင်ချက်တွေဟာ အာဖရိကအပေါ်မှာပဲ ဗဟိုပြုနေတယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ ဒီလို‌ကြေညာတာဟာ အမေရိကန်ရဲ့ လှုပ်ရှားမှုအပြီးမှာ ထွက်ပေါ်လာတာပါ။ အမေရိကန်ဟာ ဒီလအစောပိုင်းတုန်းက ICC ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ် ကြေညာခဲ့ပြီး အရေးယူပိတ်ဆို့မှုတွေ ပိုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့သလို ICC ဟာ "အမေရိကန်ရဲ့...

ရထားစီးခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက် ORTP ထုတ်ပြန်

နေပြည်တော်၊ ဇူလိုင် ၂၈ ရထားခရီးစဉ်များ ချောမွေ့လုံခြုံစေရေးအတွက် စီးနင်းသူခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက်ကို ORTP က ထုတ်ပြန်ခဲ့ပြီး ဖောက်ဖျက်ပါက ထောင်ဒဏ် (၃) လအထိ သို့မဟုတ် ငွေဒဏ် ကျပ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။ ရထားပေါ်ရှိ အရေးပေါ်ကိရိယာများကို အကြောင်းမဲ့ အသုံးမပြုရ။ ဆက်သွယ်ရေးစနစ်နှင့် စက်ပစ္စည်းများကို မဖျက်ဆီး၊ မနှောင့်ယှက်ရ။ ရထား ထွက်ခွာချိန် သို့မဟုတ် မရပ်မီ ခုန်တက်၊ ခုန်ဆင်း မပြုရ။ ရထားအမိုး၊ ခြေနင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071