ရန်ကုန် - နေပြည်တော်လမ်းပိုင်း၌ ပြေးဆွဲပေးလျက်ရှိသည့် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းသစ်အား ခဲဖြင့်ပေါက်သူအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်သည် (အောက်တိုဘာ ၂၈)ရက် နေ့က ဖြစ်ပွါးခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာမှ ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
DEMU ရထားတွဲသည် ဖြူးနှင့်ဇေယျဝတီဘူတာအကြားကားလမ်းကူးနေရာအရောက် ရထားသံလမ်းအနောက်ဘက်မှခဲဖြင့်ပစ်ပေါက်ခဲ့သဖြင့် ပထမတန်းတွဲအမှတ်- ၂ DEMU F-1010 တွဲ၏ ခုံအမှတ် ၃၊ ၄၊ ၅၊ ၆ နေရာရှိ ပြတင်းပေါက်မှန် နှစ်လက်မခွဲခန့် ပေါက်သွားခဲ့ခြင်း ဖြစါသည်။
သို့သော် ခရီးသည်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ဖြူးမြို့နယ်ရထားရဲတပ်ဖွဲ့၊ ဖြူးမြို့နယ်ရဲစခန်းနှင့် ဖြူးမြို့မ အရှေ့ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးရာ ရထားလမ်း၏အနောက်ဘက်ချုံပုတ်အနီးတွင် တရားခံဖြစ်သူထက်ဦးလွင်(ခ)ငထော်နီ(ဘ)ဦးသိန်းနိုင်၊ အသက်(၁၈) နှစ်၊ သင်္ချိုင်းကုန်းကွက်သစ်၊ ဗထူး(၆)လမ်း၊ အုတ်ဖြတ်ရပ်ကွက် ဖြူးမြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ပြီး ဖြူးမြို့နယ်ရဲစခန်းတွင်ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူနိုင်ရေးအမှုဖွင့်ဆောင်ရွက်လျကရှိကြောင်းလည်း သိရသည်။
ဓာတ်ပုံ – MOI
