Saturday, September 19, 2026

ကမ္ဘာ့ဖလားဝင် နယူးဇီလန် U-17 အသင်းကို...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ဂျပန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၂၈) ကြိမ်မြောက် International Youth Soccer in Niigata ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင်...

သာသနာ့အာဇာနည် ချမ်းမြေ့ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချုပ် ငြိမ်းချုပ်၍...

အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ချမ်းမြေ့ရိပ်သာ နာယကချုပ်၊ မဟာစည်နာယက ပဓာနနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသသည် ယနေ့ နံနက် (၁၁:၄၅) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ...

ရှမ်းပြည်နယ်ထွက် တန်ဖိုးမြှင့် ဟင်းသီးဟင်းရွက်အခြောက်ခံထုတ်ကုန်များ ဂျပန်ဈေးကွက်သို့...

ရှမ်းပြည်နယ်၊ စက်တင်ဘာ ၁၉ ရှမ်းပြည်နယ်မှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကို တန်ဖိုးမြှင့်အခြောက်ခံထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်ကာ ဂျပန်နိုင်ငံဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။ ကလောခရိုင်၊...

UFC ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ဂျိုရှုဝါဗန်နှင့်...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ယူအက်ဖ်စီ (UFC) ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ မြန်မာဖိုက်တာ ဂျိုရှုဝါဗန် (Joshua Van) နှင့် ချန်ပီယံဟောင်း...
HomeInternationalCNN, MS NOW...

CNN, MS NOW နဲ့ Politico သတင်းဌာနတွေ အိမ်ဖြူတော်ကို ဝင်ခွင့်မပြုတော့ဟု ထရမ့်ပြောကြား

CNN, MS NOW နဲ့ Politico သတင်းဌာနတွေကို အိမ်ဖြူတော် ဝင်ခွင့်”ပိတ်လိုက်ပြီ” လို့ သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ မွန်းလွဲပိုင်းမှာ ပြောကြားလိုက်ပါတယ်။ ဒီပိတ်ပင်မှုဟာ “ချက်ချင်း အသက်ဝင်တယ်” လို့ သူက ပြောပေမဲ့၊ သူ့အစိုးရအဖွဲ့အနေနဲ့ ဒါကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတဲ့ အရိပ်အယောင်တော့ မတွေ့ရသေးပါဘူး။

အရှေ့ပိုင်းစံတော်ချိန် မွန်းလွဲ ၃ နာရီလောက်မှာ ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်ကနေ ဒီ “ပိတ်ပင်မှု” ဟာ “သူတို့အနေနဲ့ ‘သတင်းတု’ တွေကို အဆက်မပြတ် ‘တင်ဆက်’ နေတဲ့ ရလဒ်ပဲ ဖြစ်တယ်” လို့ ရေးသားခဲ့ပါတယ်။

“မီဒီယာတွေအနေနဲ့ အမေရိကန်သမ္မတ၊ ထရမ့် အစိုးရအဖွဲ့၊ ဒါမှမဟုတ် အမေရိကန်ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ သတင်းတွေကို တင်ဆက်တဲ့အခါ လုပ်ကြံဖန်တီးထားတာတွေနဲ့ လိမ်ညာမှုတွေကိုချည်းပဲ အဆက်မပြတ် ရေးသားတင်ဆက်ခွင့် မရသင့်ဘူး” လို့လဲ ထရမ့်က ဆက်ရေးထားပါတယ်။ “တခြား သတင်းတု မီဒီယာတွေလည်း နောက်ကနေ လိုက်လာပါလိမ့်မယ်။”လို့လဲ သူကဆိုပါတယ်။

အဲဒီလို ပို့စ်တင်ပြီး တစ်နာရီလောက်အကြာ သမ္မတရုံးခန်း(Oval Office) မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းဌာနသုံးခုကို ပိတ်ပင်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး အိမ်ဖြူတော် သတင်းထောက်တွေက ထရမ့်ကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ “ဘာလို့လဲဆိုတော့ သူတို့က သတင်းတုတွေ ရေးနေကြလို့လေ” လို့ ထရမ့်က ပြန်ဖြေပါတယ်။

“သူတို့ ရေးချင်ရင်လည်း ရေးပေါ့။ ဒါပေမဲ့ ပြည်သူ့အိမ်တော်ထဲကိုတော့ သူတို့ကို ကျွန်တော် ဝင်ခွင့်ပေးစရာ မလိုပါဘူး။”လို့လဲ သမ္မတက ဆက်ပြောပါတယ်။

ထရမ့်ရဲ့ ပို့စ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မေးမြန်းတဲ့အခါမှာတော့၊ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးရုံးက ဒီပြောဆိုချက်တွေကိုပဲ ရည်ညွှန်းဖြေဆိုခဲ့ပါတယ်။

ထရမ့်က တခြားသတင်းဌာနတွေကိုလည်း ပိတ်ပင်မယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။ “သူတို့နောက်ကို ထပ်ပါလာမယ့်သူတွေ ရှိနိုင်တယ်” လို့ သူကပြောပြီး၊ The New York Times နဲ့ The Washington Post သတင်းစာနှစ်စောင်လုံးကို “အသုံးမကျတဲ့သတင်းဌာနတွေ” လို့ သုံးနှုန်းပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် သမ္မတဟာ CNN, MS NOW နဲ့ Politico တို့ကို အိမ်ဖြူတော်ကနေ ပိတ်ပင်ဖို့ ဘယ်လို အရေးယူဆောင်ရွက်မှုတွေ လုပ်ထားတယ်ဆိုတာကို တိတိကျကျ မပြောခဲ့သလို၊ လူမှုကွန်ရက်ပေါ်ကနေ အခုလို ကြေညာရလောက်အောင် ဘယ်သတင်းက တွန်းအားပေးခဲ့တယ် ဆိုတာကိုလည်း ခွဲခြားပြောဆိုခဲ့တာ မရှိပါဘူး။ သောကြာနေ့မှာ အခုလို ကြေညာရတဲ့ အကြောင်းရင်းကို မေးတဲ့အခါမှာလည်း “ဘာအကြောင်းပြချက်မှ မရှိပါဘူး” လို့သာ သူက ဖြေခဲ့ပါတယ်။

ပိတ်ပင်မှုက ဘယ်လိုပုံစံမျိုး ဖြစ်မလဲလို့ မေးတဲ့အခါမှာ‌လဲ ထရမ့်က အသေးစိတ် ဖြေကြားခဲ့တာ သိပ်မရှိပါဘူး။ “ဒါက အရမ်းရိုးရှင်းတဲ့ ပိတ်ပင်မှုပါ။ ကျွန်တော့်ရုံးခန်းထဲမှာ သူတို့ကို မရှိစေချင်ဘူး။ ဒီမှာ မရှိစေချင်ဘူး။ တားလို့ရသလောက် အဆုံးအထိကို တားမြစ်သွားမှာပါ” လို့ သမ္မတက ဆိုပါတယ်။

ပစ်မှတ်ထားခံရတဲ့ သတင်းဌာနတွေအနေနဲ့ “သူတို့ကိုယ်သူတို့ ပြုပြင်ပြီး” ပိုကောင်းတဲ့ သတင်းတင်ဆက်မှုတွေ လုပ်လာမယ်ဆိုရင်တော့ ဒီပိတ်ပင်မှုကို ရုပ်သိမ်းပေးနိုင်တယ်လို့လည်း ထရမ့်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ နီးစပ်သူတစ်ဦးရဲ့ အဆိုအရ ဒီကြေညာချက်ကြောင့် အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် တချို့အပါအဝင် အိမ်ဖြူတော် ဝန်ထမ်းတချို့တောင် အံ့အားသင့်ခဲ့ရပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲ ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို အပူတပြင်း လိုက်လံစုံစမ်းခဲ့ရတယ်လို့ သိရပါတယ်။

CNN သတင်းထောက်တွေကတော့ သောကြာနေ့ ညနေပိုင်းအထိ အိမ်ဖြူတော်က သူတို့ရဲ့ လုပ်ငန်းခွင်မှာ ရှိနေခဲ့ကြဆဲပါ။ ဒါ့အပြင် CNN သတင်းအဖွဲ့တစ်ဖွဲ့ဟာလည်း ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် နဲ့အတူ သောကြာနေ့မှာ ခရီးထွက်နေခဲ့ပါတယ်။

အမေရိကန်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ဦးဆောင်အဖွဲ့အစည်းတွေကတော့ အကယ်၍ ထရမ့်သာ ဒီလိုပိတ်ပင်ဖို့ ကြိုးစားခဲ့ရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှာမဟုတ်ဘဲ တရားရုံးတွေက ပယ်ချလိမ့်မယ်လို့ ဆိုကြပါတယ်။

ထရမ့်ရဲ့ ပစ်မှတ်ထားခံရတဲ့ သတင်းဌာနတွေကလည်း ဒီသဘောထားကိုပဲ ထပ်လောင်းပြောဆိုခဲ့ကြပါတယ်။

“CNN အနေနဲ့ ကျွန်တော်တို့ရဲ့ အိမ်ဖြူတော် သတင်းအဖွဲ့နဲ့ သူတို့ရဲ့ မျှတပြီး တိကျမှန်ကန်တဲ့ သတင်းတင်ဆက်မှုတွေရဲ့ နောက်ကွယ်မှာ အပြည့်အဝ ရပ်တည်ပါတယ်။ အစိုးရရဲ့ ဟန့်တားနှောင့်ယှက်မှု တစ်စုံတစ်ရာမရှိဘဲ သတင်းတင်ဆက်ခွင့်ကို အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်တော်တို့ ရရှိထားပါတယ်” လို့ CNN က ကြေညာချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။ “သမ္မတ ထရမ့် ခြိမ်းခြောက်ထားတဲ့အတိုင်း ဒီပိတ်ပင်မှုကိုသာ ဆက်လုပ်ခဲ့မယ်ဆိုရင် ဒါဟာ အခြေခံကျပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက ကာကွယ်ပေးထားတဲ့ အခွင့်အရေးကို တရားမဝင် ဝင်ရောက်စွက်ဖက်တာပဲ ဖြစ်ပါလိမ့်မယ်။”လို့လဲ CNN က ဆိုပါတယ်။

“POLITICO အနေနဲ့ လက်ရှိ အိမ်ဖြူတော်ရော နောင်လာမယ့် အိမ်ဖြူတော် အစိုးရအဖွဲ့တွေရဲ့ သတင်းတွေကိုပါ မျှမျှတတ ဆက်လက် တင်ဆက်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ပထမပြင်ဆင်ချက် အခွင့်အရေးတွေကို ကန့်သတ်လာမယ့် ဘယ်လိုကြိုးပမ်းမှုကိုမဆို ပြင်းပြင်းထန်ထန် ကာကွယ်သွားပါမယ်”လို့လဲ POLITICO သတင်းဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

MS NOW သတင်းဌာန ကတော့ သမ္မတရဲ့ ပို့စ်နဲ့ပတ်သက်ပြီး ချက်ချင်း မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

သတင်းထောက်အဖွဲ့တွေကို ကိုယ်စားပြုတဲ့ အိမ်ဖြူတော် သတင်းထောက်များအသင်းကလည်း ထရမ့် ကွက်ပြီး ပစ်မှတ်ထားခံရတဲ့ သတင်းဌာနတွေနဲ့အတူ တသားတည်းရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“ဒီလိုမျိုး ပိတ်ပင်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လုံးဝကို ဆန့်ကျင်နေပါတယ်” လို့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ သတင်းထောက်များကော်မတီရဲ့ ဥက္ကဋ္ဌ ဘရုစ် ဒီ ဘရောင်း(Bruce D. Brown) က CNN ကို ကြေညာချက်ပေးပို့ခဲ့ပါတယ်။ “အခြေခံဥပဒေ ပထမပြင်ဆင်ချက်မှာ ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားတာက အိမ်ဖြူတော်အနေနဲ့ သတင်းထောက်တချို့ကို ဖိတ်ကြားထားပြီးရင်၊ တခြားသတင်းထောက်တွေရဲ့ သတင်းတင်ဆက်မှုကို သဘောမကျဘူး ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်ပင်ခွင့် မရှိပါဘူး။ ဒါဟာ အမြင်သဘောထားအပေါ် မူတည်ပြီး ခွဲခြားဆက်ဆံတာဖြစ်လို့၊ တရားရုံးမှာ စောဒကတက်မယ်ဆိုရင် ချက်ချင်းကို ပယ်ချခံရမှာပါ။”လို့လဲ သူကဆိုပါတယ်။

“သတင်းထောက်ကတ်ဆိုတာ အစိုးရအပေါ် သစ္စာရှိလို့ ပေးတဲ့ ဆုလာဘ်တစ်ခု မဟုတ်ပါဘူး” လို့ တစ်သီးပုဂ္ဂလ အခွင့်အရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုင်ရာ ဖောင်ဒေးရှင်းရဲ့ ပြည်သူ့အကျိုးဆောင် ဒါရိုက်တာ အာရွန် တဲရ်(Aaron Terr) က CNN ကို ပြောပါတယ်။ “လွတ်လပ်တဲ့၊ အစိုးရကိုတောင် ဆန့်ကျင်ဝေဖန်ရဲတဲ့ သတင်းမီဒီယာ ရှိနေခြင်းကပဲ ကျွန်တော်တို့ နိုင်ငံရဲ့ အင်အားကြီးမားမှုကို ပြသတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။”လို့လဲ သူက ဆက်ပြောပါသေးတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ဖလားဝင် နယူးဇီလန် U-17 အသင်းကို မြန်မာ U-17 အသင်း နှစ်ဂိုးပြတ်ဖြင့် အနိုင်ရ

ရန်ကုန်၊ စက်တင်ဘာ ၁၉ ဂျပန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၂၈) ကြိမ်မြောက် International Youth Soccer in Niigata ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင် မြန်မာ U-17 အသင်းက FIFA U-17 World Cup ဝင်ခွင့်ရ နယူးဇီလန် U-17 အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ U-17 အသင်းနှင့် နယူးဇီလန် U-17 အသင်းတို့သည် ယနေ့ စက်တင်ဘာ ၁၉ ရက် ဂျပန်စံတော်ချိန် မွန်းလွဲ ၃ နာရီတွင်...

သာသနာ့အာဇာနည် ချမ်းမြေ့ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချုပ် ငြိမ်းချုပ်၍ ပျံလွန်တော်မူ

အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ချမ်းမြေ့ရိပ်သာ နာယကချုပ်၊ မဟာစည်နာယက ပဓာနနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသသည် ယနေ့ နံနက် (၁၁:၄၅) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ ဂရန်းဟံသာ အပြည်ပြည်ဆိုင်ရာ ဆေးရုံကြီး၌ ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ရာ သာသနာတော်အတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ရပါသည်။ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို ယနေ့ မွန်းလွဲ (၃:၃၀) နာရီအချိန်တွင် ဂရန်းဟံသာ ဆေးရုံကြီးမှ မရမ်းကုန်းမြို့နယ်ရှိ ချမ်းမြေ့ရိပ်သာ စံကျောင်းတော်သို့ ပင့်ဆောင်မည်ဖြစ်ပြီး၊ တပည့်သံဃာတော်များနှင့် သာသနာ့ဒါယကာ၊ ဒါယိကာမများက စံကျောင်းတော်၌ ဆရာတော်ကြီးအား နောက်ဆုံးအကြိမ်...

ရှမ်းပြည်နယ်ထွက် တန်ဖိုးမြှင့် ဟင်းသီးဟင်းရွက်အခြောက်ခံထုတ်ကုန်များ ဂျပန်ဈေးကွက်သို့ အဓိကတင်ပို့

ရှမ်းပြည်နယ်၊ စက်တင်ဘာ ၁၉ ရှမ်းပြည်နယ်မှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကို တန်ဖိုးမြှင့်အခြောက်ခံထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်ကာ ဂျပန်နိုင်ငံဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။ ကလောခရိုင်၊ ဟဲဟိုးမြို့နယ်ရှိ မြန်မာဘဲလ် ဟင်းသီးဟင်းရွက်အခြောက်ခံစက်ရုံသည် ဒေသတွင်းထွက်ရှိသည့် ဂေါ်ဖီထုပ်၊ မုန်လာဥရွက်၊ မုန်လာဥနီ၊ မုန်လာဥဖြူနှင့် ဟင်းနုနွယ်ရွက် စသည့်သီးနှံများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်၍ ဂျပန်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။ ဂျပန်ဈေးကွက်သို့ တင်ပို့နိုင်ရန် ကုန်ကြမ်းရရှိသည့် စိုက်ခင်းအဆင့်မှစ၍ အရည်အသွေးစစ်ဆေးခြင်း၊ ရိတ်သိမ်းခြင်း၊ သန့်စင်ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ အခြောက်ခံခြင်းနှင့် ထုပ်ပိုးခြင်းအထိ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် Food Safety...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071