Sunday, May 17, 2026

မြန်မာနိုင်ငံထွေအုပ်ဝန်ထမ်းဟောင်းများအသင်း (၁၀) ကြိမ်မြောက်သက်ကြီးပူဇော်

မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း၏ (၁၀) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် အသင်းသားများတွေ့ဆုံပွဲကို ယနေ့ မေ ၁၇ ရက်က ရန်ကုန် တိုင်း၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက်...

ရွှေပြည်သာမြိုနယ်တွင် နှစ်စဉ်ရေကြီးရေလျှံမှု လျှော့ချနိုင်ရေးအတွက် အနုပညာရှင်များနှင့်...

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် မိုးရာသီကာလ၌ နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှု ပြဿနာများကို လျှော့ချနိုင်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် ရည်ရွယ်၍ အနုပညာရှင်များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ ရေမြောင်းသန့်ရှင်းရေး...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ခြေစွမ်းပြနေ၊ ဒုတိယနေ့တွင်လည်း...

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ISTAF Sepaktakraw World Cup 2026 ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းသည် အကောင်းဆုံးပုံစံဖြင့် အစပြုနိုင်ခဲ့ပြီး...

မကွေးတိုင်း ဆီထွက်သီးနှံအထူးဇုန် (၂) တွင်...

မကွေးတိုင်းဒေသကြီးရှိ ဆီထွက်သီးနှံအထူးဇုန် (၂) ဧရိယာအတွင်း ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧကပေါင်း ၃၅၀,၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ...
HomeInternationalBlackpink အဖွဲ့ဝင် Jennie...

Blackpink အဖွဲ့ဝင် Jennie ၏ တစ်ကိုယ်တော် သီချင်းသစ်ထုတ်လုပ်နေဟုဆို

ဆိုးလ်၊စက်တင်ဘာ ၂၆

ကမ္ဘာကျော် မိန်းကလေး K – pop အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Blackpink အဖွဲ့မှအဖွဲ့ဝင်တစ်ဦးဖြစ်သူ Jennie သည် ၎င်း၏တစ်ကိုယ်တော်သီချင်းသစ်ကို ထုတ်လုပ်နေ‌ပြီဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါတေးသီချင်းနှင့်ပတ်သက်၍ ၎င်းက “Jennie ကိုယ်တိုင်သီဆိုထားတဲ့ အထူးခြားဆုံးနဲ့အကောင်းဆုံးဖြစ်မဲ့သီချင်းတစ်ပုဒ်ကိုစီစဉ်နေပါတယ်” ဟုမှတ်ချက်ပြုပြောကြားခဲ့သည်။

Blackpink အဖွဲ့၏ အေဂျင်စီဖြစ်သည့် YG Entertainment ဘက်ကလည်း Jennie နှင့် Jiso တို့သည် ၎င်းတို့ကိုယ်ပိုင် “one – man agency” တည်ထောင်ရန်စီစဉ်နေသည်ဟူသောသတင်းနှင့် Lisa သည်လည်းစာချုပ်သက်တမ်းတိုးခြင်းမလုပ်တော့ဟူသောသတင်းကို ငြင်းပယ်ခဲ့ပြီး Blackpink နှင့် စာချုပ်သက်တမ်းတိုးရန်ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်းပြောကြားခဲ့သည်။

အေဂျင်စီက “Blackpink ရဲ့ စာချုပ်သက်တမ်းတိုးမတိုးဆိုတာက သူတို့ရဲ့အနာဂတ်အနုပညာလှုပ်ရှားမှုအပေါ်မူတည်ပြီး ဘာကိုမှအတည်မပြုနိုင်သေးပါဘူး” ဟုဆိုခဲ့သည်။သို့သော် Rose တစ်ယောက်တည်းသာလျှင် YG နှင့်စာချုပ်သက်တမ်းတိုးတော့မည်ဖြစ်ကြောင်း အခိုင်အမာဆိုထားသည်။

Source : CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံထွေအုပ်ဝန်ထမ်းဟောင်းများအသင်း (၁၀) ကြိမ်မြောက်သက်ကြီးပူဇော်

မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း၏ (၁၀) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် အသင်းသားများတွေ့ဆုံပွဲကို ယနေ့ မေ ၁၇ ရက်က ရန်ကုန် တိုင်း၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက် ၌ကျင်းပခဲ့သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများတက်ရောက်၍ ကန်တော့ခံဝန်ထမ်းဟောင်းကြီးများကို ကန်တော့ပြီး ကန်တော့ပစ္စည်းများပေးအပ်ပြီးနောက် မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်းသို့ အလှူငွေနှင့် စာအုပ်များကိုပေးအပ်လှူဒါန်းခဲ့သည်။ ကန်တော့ခံဝန်ထမ်းဟောင်းကြီးများကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန ဗိုလ်မှူးကြီးဦးတင်လှိုင်(ငြိမ်း)နှင့် ဆရာလယ်တွင်းသားစောချစ် (ဦးတင်လှိုင်) တို့က ဆုပေးမေတ္တာစကားများပြောကြားခဲ့ကြသည်။

ရွှေပြည်သာမြိုနယ်တွင် နှစ်စဉ်ရေကြီးရေလျှံမှု လျှော့ချနိုင်ရေးအတွက် အနုပညာရှင်များနှင့် ပရဟိတအဖွဲ့များ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် မိုးရာသီကာလ၌ နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှု ပြဿနာများကို လျှော့ချနိုင်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် ရည်ရွယ်၍ အနုပညာရှင်များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ ရေမြောင်းသန့်ရှင်းရေး လှုပ်ရှားမှုတစ်ရပ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ပြည်သူများ ရေဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ရွှေမေတ္တာလူမှုကူညီရေးအသင်း၊ Yangon OK အဖွဲ့နှင့် ပရ ဟိတညီနောင်များစုပေါင်း၍ ရေမြောင်းအတွင်းရှိ အမှိုက်များနှင့် ပိတ်ဆို့မှုများကို ဖယ်ရှားခဲ့ကြခြင်း ဖြစ်သည်။ သန့်ရှင်းရေးလုပ်ငန်းသို့ ရွှေပြည်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင် အပါအဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့များကလည်း တက်ကြွစွာ...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ခြေစွမ်းပြနေ၊ ဒုတိယနေ့တွင်လည်း ပြိုင်ဘက်များကို (၂) ပွဲပြ တ်ဖြင့် အနိုင်ရကာ နိုင်ပွဲဆက်

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ISTAF Sepaktakraw World Cup 2026 ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းသည် အကောင်းဆုံးပုံစံဖြင့် အစပြုနိုင်ခဲ့ပြီး ယနေ့ ကျင်းပသည့် ဒုတိယနေ့ပွဲစဉ်များတွင်လည်း နိုင်ပွဲများဆက်တိုက်ဖော်ဆောင်နိုင်ခဲ့သည်။ ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသား (၄) ယောက်တွဲ ပွဲစဉ်များတွင် မြန်မာအသင်းသည် အုပ်စုတွင်း ပြိုင်ဘက်များဖြစ်ကြသော ဘရူနိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့ကို ရင်ဆိုင်ခဲ့ရသည်။ မြန်မာအသင်းသည် ဘရူနိုင်းနှင့် ဗီယက်နမ် နှစ်သင်းစလုံးကို အမှားအယွင်းမရှိဘဲ (၂) ပွဲပြတ်ရလဒ်များဖြင့် အပြတ် အသတ် အနိုင်ယူကာ အုပ်စုတွင်း အခြေအနေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071